Showing posts with label သတင်း. Show all posts
Showing posts with label သတင်း. Show all posts
Wednesday, January 23, 2019
Saturday, January 9, 2016
ကိုယ်တိုင်ပြုမိတဲ့အမှားမှရရှိတဲ့ အဖိုးတန်အသိတရား
တစ်ခါက ဆိုင်တစ်ဆိုင်မှ ဖုန်းဝင်လာပါတယ်။ "ဟဲလို- ခင်ဗျားဟာ မင်းမင်းရဲ့အမေပါလား။ ခင်ဗျားသားက ကျွန်တော်တို့ဆိုင်က ပစ္စည်းကို ခိုးထားပါတယ်။ ကျေးဇူးပြု ၍ ခင်ဗျားအခုချက်ချင်းလာခဲ့ပါ"ဟု ဖုန်းထဲကနေ စိတ်ဆိုးဒေါသထွက်သံဖြင့် ပြောလာပါတယ်။ မဒမ်လင်းမှာ ခဏတာတွေဝေသွားပါတယ်။ တစ်ဘက်ဆီမှ မခံမရပ်နိုင်တဲ့အဆုံး "ဟဲလို ခင်ဗျားကြားကောကြားပါရဲ့လား"လို့ ပြန်မေးလိုက်တဲ့အခါမှ သူမလည်း အလျင်အမြန် ဆိုင်လိပ်စာကို ချရေးလိုက်ပြီး လက်ဆွဲအိတ်ကိုယူကာ ခပ်သုတ်သုတ်ထွက်လာခဲ့ပါတော့တယ်။
Wednesday, December 30, 2015
သင့်နှစ်သစ်သန္နိဌာန်ကို ဘယ်လိုပြင်ဆင်ထိန်းသိမ်းမလဲ????
စိတ်အလိုဆန္ဒကို အားမကိုးပါနဲ့။ အလုပ်မဖြစ်ပါဘူး။
စပိန်စကားသင်မှာလား။ နောက်ဆုံးဆေးလိပ်ဖြတ်မှာလား။ စားဖိုမှူးကောင်းတယောက်ဖြစ်လာမလား။ နောက်နှစ်မှာအောင်မြင်ဖို့ သင်ဆုံးဖြတ်ထားတာတွေမှန်သမျှ ဆုံးရှုံးနိုင်ဖွယ်ရာရှိပြီးအဆိုပါလှပ၊ ပြင်းပြတဲ့ရည်မှန်းချက်စိတ်ဆန္ဒနဲ့ လုပ်ဆောင်ဖို့ ရေးဆွဲထားတဲ့စာရင်းများမှာ အခုထက်ထိမပြည့်ဝနိုင်သေးမှန်း သင်လဲကောင်းကောင်းသိနေတော့ စိတ်မကောင်းစရာပါပဲ။ ကဲဘယ်လိုလုပ်ကြမလဲ။
Sunday, December 13, 2015
အသက်၃၀မတိုင်ခင် လူတိုင်းသင်ယူသင့်တဲ့ဘဝသင်ခန်းစာ၁၀မျိုး
Sunday, November 15, 2015
စင်ကာပူအိမ်အကူတို့ရဲ့ ဖြစ်ရပ်မှန်
စင်ကာပူနိုင်ငံရဲ့ အိမ်အကူများဟာ ပထမအလုပ်စဝင်ဝင်ချင်းဖြစ်ပါက တီဘီ၊ အိပ်ခ်ျအိုင်ဗွီ၊ ကာလသားရောဂါနဲ့ ငှက်ဖျားရောဂါ(tuberculosis, HIV, syphilis and malaria)ရှိမရှိ စစ်ဆေးရပါတယ်။ ပြီးရင် ကိုယ်ဝန်ရှိမရှိ၊ ကာလသား၊ တီဘီ (သို့) HIV ကျန်းမာရေးဆေးစစ်ချက်များကို ၆လတခါပုံမှန်ပြု လုပ်ရပါတယ်။ ကိုယ်ဝန်ရှိကြောင်း တွေ့ရှိပါက ချက်ချင်းအလုပ်ထွက်ခိုင်းပြီး နေရပ်တိုင်းပြည်သို့ ပြန်ပို့ပါတယ်။ ဒါကြောင့် အင်ဒိုအိမ်ဖော်အချို့က တားဆေးတွေထိုးထားကြောင်း သိရပါတယ်။
Sunday, April 5, 2015
Kusu Island သို့မဟုတ် လိပ်ကျွန်းသို့ အလည်တခေါက်
ဒီတပတ်ရုံးပိတ်ရက်နဲ့ ကြုံလို့ သူငယ်ချင်းက Kusu Island လိုက်မလားလို့မေးတာနဲ့ မစဉ်းစားပဲ ကောက်ကာငင်ကာ လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊၊ အဲဒါနဲ့ အင်တာနက်ထဲကနေ ရှာပြီး သူ့အကြောင်းကို လေ့လာရှာဖွေကြည့်ပါတယ်၊၊ သူများဘလော့ကနေလည်း သူတို့ရဲ့အတွေ့အကြုံတွေ ရှယ်ထားတာလည်း မှတ်သားခဲ့ပါတယ်၊၊ Food Court တွေက ပွဲရာသီမဟုတ်ရင် ပိတ်ထားပြီး ဘာစားစရာ သောက်စရာမှ မရောင်းပါဘူး၊၊ ဒါကြောင့် စားစရာမုန့်တွေ ရေကအစ သယ်သွားရပါတယ်၊၊
Sunday, January 18, 2015
ကံအကြောင်း ဘဝမလှသော်လည်း ပျော်ပျော်နေတတ်သူ
ကျွန်မနဲ့ အတူအလုပ်လုပ်နေတဲ့ အချိန်ပိုင်း အလုပ်ဖော်စင်ကာပူမိန်းမတစ်ယောက်အကြာင်း သူမပြောပြမှပဲ သူမဘဝဟာ တော်တော်ကြေကွဲစရာကောင်းမှန်း သိရပါတယ်။ ဒါပေမဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့သူမမှာ ဒီလိုသနားဖွယ်အဖြစ်မျိုးရှိမယ်လို့ ဘယ်သူက ထင်မှာလဲ။
Saturday, November 2, 2013
သနားစဖွယ်သူ့ဘဝ
မကြာပါဘူး။ ဆေးခန်းကို တုတ်ကောက်နဲ့ ရောက်ချလာပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရတော့ပါတဲ့။ အင်ဆူလင်ပြန်လာထိုးပါတယ်။ ပိုက်ဆံရှင်းတော့လဲ သူ့ရဲ့အကျီင်္ံအိတ်ကပ်ထဲက ပိုက်ဆံအကုန်လုံးထုတ်ပေးပြီး ကျသလောက်ယူလိုက်ပါတဲ့။ သူသေချာမမြင်ရတော့လို့ပါတဲ့။ ဒါနဲ့ ကျွန်တော်က အန်ကယ်က ၁ယောက်တည်းနေတာလားလို့ မေးကြည့်တော့ မဟုတ်ဘူး။ မိန်းမနဲ့ ကလေးတွေရှိတယ်။ ဂရုမစိုက်ကြဘူး။ ငါ့ကို မြန်မြန်သေစေချင်ကြတာ။ ဒါကြောင့် ငါလဲမြန်မြန်သေချင်နေတာပေါ့တဲ့။ ဆေးခန်းပြပြီးတိုင်း ဆေးခန်းဘေးနားက သူ့သူငယ်ချင်းကုန်မာဆိုင်လေးမှာ အာလာပသလာပပြောပြီး လက်ဘက်ရည်အတူတူသောက်ကြတယ်။ သူ့သူငယ်ချင်းဆိုင်မဖွင့်သေးတဲ့အခါ ဆေးခန်းရှေ့က ခုံတန်းလေးမှာ ထိုင်စောင့်လို့နေလေရဲ့။ ကျွန်တော်လဲ ဦးလေးအထဲဝင်ထိုင်လေ အပြင်မှာပူတယ်လို့ပြောတော့ ရတယ်၊ကိစ္စမရှိဘူးတဲ့။
ဒီလိုနဲ့ တနေ့မှာ ဆေးခန်းကို လမ်းလျှောက်ကူထောက်ဂွေနဲ့ ဖိနပ်မစီးပဲ ရောက်လာပါတယ်။ လက်၂ဖက်လုံးသွေးတွေ စက်စက်ကျလို့နေပါတယ်။ ပိန်ချုံးအိုစာပြီး လမ်းလျှောက်ဖို့တောင် အားမရှိသလိုပါပဲ။ ကုတင်ပေါ်သို့ သူ့ကိုတွဲထူပြီး ဆရာဝန်က ဆေးထည့်ပေးပါတယ်။ ခြေထောက်၂ဖက်လုံးလဲ ယောင်ကိုင်းနေပြီး ခြေမမှာလဲ ပတ်တီးစည်းထားပါတယ်။ ဘာမှမမြင်ရတော့ အကုန်လုံးကို ဝင်တိုက်ပြီး ချော်လဲတာတဲ့။ ခြေဖဝါးလဲ ဖောင်းနေတော့ ဖိနပ်စီးလို့မရဘူးတဲ့။ သူ့ရဲ့အကျီင်္ံတွေလဲ သူကိုယ်တိုင်လျှော်ရတာပါတဲ့။ အိမ်ကလူတွေ ဘယ်သူမှသူ့ကိုအရေးမလုပ်ကြဘူးတဲ့။ ဆရာဝန်က သူ့အနာဆေးထည့်နေတုန်း သူ့ရဲ့ဟန်းဖုန်းမြည်လာပါတယ်။ ဖုန်းဖြေဖို့ရာမမြင်ရလို့ ခလုတ်စမ်းနေရတယ်။ ကျွန်တော်ကူပြီး နှိပ်ပေးရပါတယ်။ ဆေးထည့်ပြီးတော့ သူ့ကိုတွဲထူလိုက်ပို့ရင်း အန်ကယ်ခုနက ဖုန်းကခဏခဏမြည်နေတာ ဘယ်သူဆက်တာလဲလို့ မေးကြည့်တော့။ သူ့အစ်မဆီကတဲ့။ သူ့ကို လူအိုရုံပို့ဖို့ စီစဉ်ပေးမလို့တဲ့။ ကျွန်တော်ဒီစကားကြားရတော့ အတော်စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်တောင်လည်မိပါတယ်။ ဒါပေမဲ့ အကောင်းဘက်ကနေတွေးကြည့်ပြန်တော့ အိမ်မှာနေပြီး မိသားစုငြိုငြင်ခံမဲ့အစား လူအိုရုံက သူ့အတွက်ပိုစိတ်ချရတာပဲလို့ တွေးမိရင်း ဖြေသိမ့်ကြည်နူးမိပါတယ်။ သူ့ကိုတွဲထူလိုက်ပို့ရင်း ကျန်းမာရေးကို ဂရုစိုက်လို့ မှာလိုက်ပါတယ်။ သူက ကျေးဇူးပဲလို့ပြောပါတယ်။ ဒီတခါတော့ နောက်ဆုံးအကြီမ်တွေ့ဆုံခြင်းပဲလို့ ထင်ပါတယ်။
သားသမီးများမှာ မိဘများသက်ရှိထင်ရှားရှိနေစဉ်အတွင်း ကျွေးမွေးပြုစုစောင့်ရှောက်ရမှာပါ။ အခုတော့ သားသမီးရှိရဲ့နဲ့ သူ့ခဗျာ လူအိုရုံမှာ သွားနေရတော့မှာကို တွေးမိရင်း စိတ်မကောင်းဖြစ်ရသလို အိမ်မှာနေရင်း စိတ်ဆင်းရဲရတာထက်စာရင် သူ့ဘဝအတွက် စိတ်အေးရတာပေါ့လို့ ပြန်တွေးရင်း စိတ်ကိုဖြေသိမ့်လိုက်ရပါတော့တယ်။
Wednesday, May 8, 2013
အကောင်းမွန်ဆုံးအဖြေ
အကယ်လို့များ သင်ဟာ လေပြင်းမုန်တိုင်းမိုးသည်းညမိုက်ထဲမှာ တယောက်တည်း ကားမောင်းလာတယ် ဆိုပါစို့။ ရုတ်တရက် ဘတ်စ်ကားမှတ်တိုင်ကို ဖြတ်အသွားမှာ လူ၃ယောက်ဟာ ဘတ်စ်ကားစီးဖို့ စောင့်နေတာကို တွေ့လိုက်ရမယ်။
ပထမလူက သေလုမျောပါးဖြစ်နေတဲ့ အမယ်အိုတယောက်၊ ဒုတိယလူက သင့်အသက်ကို ကယ်တင်ဖူးခဲ့တဲ့ မိတ်ဆွေဟောင်း၊ တတိယတယောက်က သင်စိတ်ကူးထဲက ပြည့်စုံကောင်းမွန်ပြီး စံထားလောက်တဲ့ အဖော်မွန်ကောင်းတယောက်။ ဘယ်တယောက်ကို ကားပေါ်တက်စီးဖို့ သင်ရွေးချယ်မလဲ။ ဘာလို့လဲဆိုတော့ သင့်ရဲ့ကားဟာ ခရီးသည်တယောက်စာ စီးနင်းဖို့ ရနိုင်လို့ပဲ ဖြစ်တယ်။ အောက်က စာဆက်မဖတ်ခင် ဘယ်သူ့ကို ရွေးမလဲဆိုတာ သင်အရင်စဉ်းစားတွေးကြည့်ပါ။
Monday, February 6, 2012
My Lovely Cute Cat who died with poison
Wishing him to be a peaceful & quiet Nirvana for his next existence of life!
This video is uploaded by myself for his rememberance. Saturday, November 12, 2011
Sunday, October 16, 2011
Sunday, September 11, 2011
မျက်နှာပေါ်ရှိ မှဲ့အနက်အဓိပ္ပာယ်
ပထမဦးစွာ သင့်မျက်နှာပေါ်ရှိမှဲ့ကို အရင် ဆန်းစစ်ပါ။ ပြီးရင် သင့်မျက်နှာပေါ်ရှိ မှဲ့နေရာကို ပုံပါအတိုင်း အနီးစပ်ဆုံးနံပါတ်ကိုကြည့်ပြီး အမျိုးအစားပိုင်းခြားသတ်မှတ်ပါ။ ထင်ရှားပြတ်သားပြီး တခုတည်းရှိသောမှဲ့ကိုသာ အဓိပ္ပာယ်ကောက်ယူရပါမယ်။ မျက်နှာပေါ်မှ အစက်အပြောက်များ၊ ဝက်ခြံ (သို့) မှဲ့သေးသေးကလေးများကို ထည့်မတွက်ရပါဘူး။ ကဲ- မှဲ့နေရာက သက်ဆိုင်ရာအနေအထားမှာရှိတာသေချာရင် ဘယ်နံပါတ်ထဲ ပါဝင်နေမလဲဆိုတာ ဆန်းစစ်ကြည့်ရအောင်။
Saturday, September 3, 2011
ကိုယ်တွေ့ ရင်နင့်ဖွယ်
ဒီနေ့ဆေးခန်းကို အဖိုးအိုတယောက် ရောက်လာပါတယ်။ တုတ်ကောက်ကလေးနဲ့ မှန်တံခါးဝနားမှာ ရပ်နေတာ ကျွန်တော်တို့ မသိလိုက်ပါဘူး။ ဆေးခန်းကနေ လူနာတယောက်အထွက်မှာ အဲဒီအဖိုးအိုရဲ့ လက်ဒဏ်ရာကိုတွေ့တာနဲ့ အမြန်လာတွဲဖို့ ပြောပါတယ်။ ဒါနဲ့ ကျွန်တော်လည်း တွဲကူဖို့ ထွက်အလာ အဖိုးအိုရဲ့လက်တခေါက်ကွေးမှာ ပြတ်ရှဒဏ်ရာ ဘယ်လောက်ကြီးသလဲဆိုရင် အရိုးပါမြင်ရပါတယ်။ သူ့ရဲ့ဒဏ်ရာကိုလည်း တစ်ရှူးစက္ကူနဲ့ သားရေကွင်း ပတ်ထားပါတယ်။
သူ့ကို ခဏနား ထိုင်ခိုင်းပြီး ဘယ်လိုဖြစ်တာလဲလို့ တရုတ်လိုမေးပါတယ်။ အဖိုးအိုဟာ ကျွန်တော် နားမလည်တဲ့ ဟော်ကင်(စင်ကာပူစကား)နဲ့ ဖြေပါတယ်။ ဒါနဲ့ဒီဆေးခန်းလာဖူးသလားလို့ မေးပြီး သူ့ရဲ့မှတ်ပုံတင်ကတ် ပြခိုင်းပါတယ်။ သူ့ခဗျာလက်ကဒဏ်ရာနဲ့ အိတ်ထောင်ထဲကနေ မနည်းဆွဲထုတ်နေတော့ ကျွန်တော်လည်း မနေသာတာနဲ့ ကူထုတ်ပေးပါတယ်။ အဲဒီကတ်ပြားလေးမှာလည်း ဟောင်းနွမ်းပြီး သွေးစွန်းပေနေပါတယ်။ ဒါနဲ့ Register လုပ်ပြီးကြည့်လိုက်တော့ အသက်၉၉နှစ်ရှိမှန်း သိရတော့တယ်။ နားလည်း မကောင်းရှာတော့ဘူး။ ဘာမှမေးမရတဲ့အဆုံး တယောက်ထဲအကူမပါတဲ့အတွက် အရင်ဆေးခန်းမှာလာပြတုန်းက ပေးထားတဲ့ဖုန်းနံပါတ်နဲ့ သူ့အိမ်ကိုအကြောင်းကြားလိုက်ပါတယ်။ သူတို့လည်း ဟော်ကင်စကားပဲ ပြောတာနဲ့ ဆရာဝန်ကို နားထောင်ခိုင်းလိုက်ပါတယ်။ သူတို့ကလည်း ဖုန်းမှားနေတယ်၊ အဖိုးအိုကိုလည်း မသိကြောင်းပြောပါတယ်။
ဒါနဲ့ဆရာဝန်က ဆေးထည့်ပေးပြီး ပတ်တီးစည်းပေးလိုက်ပါတယ်။ ပိုက်ဆံရှင်းခိုင်းတာကို နားမလည်တဲ့အတွက် ကျွန်တော်ရဲ့လုပ်ဖော်ကိုင်ဖက်က ကျွန်တော်ကို ပိုက်ဆံထောင်ပြခိုင်းပါတယ်။ ဒါမှပဲ နားလည်ပြီး ပိုက်ဆံထုတ်ပေးပါတယ်။ ပိုက်ဆံတော့ပါရှာသားပဲ။ အမှန်ကျွန်တော်သာ ဆရာဝန်ဆိုရင် ပိုက်ဆံမယူဘဲ အလကားတောင် ကုပေးလိုက်မှာ။
ဘယ်ကိုပြန်မှာလဲ ဆိုတာမေးမရတာနဲ့ ဆေးခန်းကလူနာမလေးရှားအစ်မလေးက သူ့ရဲ့မှတ်ပုံတင်ထဲက လိပ်စာနဲ့ သူ့ကိုအိမ်ပြန်ပို့ပေးမယ်လို့ ပြောပါတယ်။ ဒါနဲ့ဆေးခန်းရှေ့က ဖြတ်သွားတဲ့ စင်ကာပူလူမျိုး သူတို့ဘာသာစကားတတ်တဲ့အန်တီအချို့ကို တွေ့တာနဲ့ လှမ်းအကူအညီတောင်းပြီး အိမ်ပြန်ပို့ခိုင်းလိုက်ပါတော့တယ်။ အိမ်လိပ်စာက ဆေးခန်းနဲ့နီးလို့ တော်ပါသေးတယ်။
နောက်ပြီး ဘယ်လိုဆက်ဖြစ်မလဲဆိုတာ ကိုယ့်အလုပ်ဆက်လုပ်ရတာနဲ့မသိတော့ပါဘူး။ စိတ်ထဲမှာ တကယ်နေလို့ မကောင်းဘူး။ အဲဒါနဲ့ဘာကိုစဉ်းစားမိလဲဆိုတော့ အသက်ရာကျော်မရှည်လဲနေပါစေ၊ ဒီလိုအစောင့်အရှောက်မဲ့ ဝဋ်ဒုက္ခမျိုးနဲ့တော့ မကြုံပါရပါစေနဲ့လို့ စိတ်ထဲကြိတ်ကာဆုတောင်းပြီး ရင်ထုမနာဖြစ်ကာ ကိုယ့်အလုပ်ကို ဆက်လုပ်နေရပါတော့တယ်။
Wednesday, August 24, 2011
အတူမနေရမှန်းသိရက်နဲ့ မင်္ဂလာဆောင်ခဲ့တဲ့ ဇနီးမောင်နှံ
ကိုမြင့်ဇော်ထူးနဲ့ မအိအိမွန်တို့ဟာ စင်ကာပူနိုင်ငံရဲ့ စားသောက်ဆိုင်တဆိုင်မှာ မင်္ဂလာအခမ်းအနားပွဲ ပြုလုပ်ခဲ့ပါတယ်။ ညားခါစကြင်စဦးဇနီးမောင်နှံတွေလို သူတို့မှာ ဟန်းနီးမွန်းမသွားခဲ့ရပါဘူး။ အတူနေဖို့ဝေးစွ၊ ကလေးယူဖို့အစီအစဉ်တောင် စိတ်မကူးရပါဘူး။
ဘာလို့လဲဆိုတော့ မအိ(အသက်၂၅နှစ်)ဟာ အိမ်ဖော်အဖြစ် ၂နှစ်စာချူပ်နဲ့ အလုပ်လုပ်နေသောကြောင့် စာချူပ်သက်တမ်းကာလအတွင်း ကလေးယူဖို့ အလုပ်ရှင်က ခွင့်မပြုပါဘူး။
သူမရဲ့ ခင်ပွန်းသည်ဟာ အသက်၃၄နှစ်အရွယ်ရှိပြီး တိုက်ခန်းတခန်းမှာ ငှားရမ်းနေထိုင်ကာ နည်းပညာကောလိပ်တခုမှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ အချိန်ပိုင်းဒီပလိုမာသင်တန်း စတင်တက်ရောက်သင်ယူနေဆဲဖြစ်ပါတယ်။ ၂ယောက်စလုံးဟာ work permitနဲ့ နေထိုင်နေကြပါတယ်။
သူတို့၂ဦးဟာ မင်္ဂလာဆောင်ပြီးတာနဲ့ ခွဲနေကြရပါတယ်။ သူတို့ဘဝဟာ သနားစရာပါလားနော်။ ထူးဆန်းလွန်းလို့ စင်ကာပူသတင်းစာ Strait Timesမှာတောင် ဖော်ပြခြင်းခံရပါတယ်။
Saturday, August 6, 2011
ဖခင်တယောက်ရဲ့ မကွယ်လွန်မီ မှာတမ်းစာ
အသက်၄၅နှစ်အရွယ်ရှိ ကျောင်းဆရာဖြစ်သူပေါလ်ဟာ အရေပြားကင်ဆာရောဂါနဲ့ သူမကြာမီလူ့လောကမှ စွန့်ခွာရတော့မှန်း သိပြီးနောက် လူလားမမြောက်သေးတဲ့ ၅နှစ်နဲ့၁နှစ်ခွဲအရွယ်ကလေးငယ်များ နောင်တချိန် အရွယ်ရောက်လာတဲ့အခါဖတ်ဖို့ စနစ်တကျရေးသားပြုစုထားပါတယ်။ စာဖတ်သူတို့လည်း မှတ်သားလိုက်နာ ကျင့်ကြံကြပါစို့လား။
Saturday, June 11, 2011
မွေးကင်းစကလေးငယ်ကို စွန့်ပစ်တဲ့အိမ်ဖော်
စင်ကာပူနိုင်ငံ ယူနွတ်မြို့ အပေါ်ဆုံးထပ်ရှိ ဥယျာဉ်အတွင်း၌ အင်ဒိုနီးရှားအိမ်ဖော်က သူမရဲ့မွေးကင်းစကလေးငယ်ကို စွန့်ပစ်မှု၊ စင်ကာပူ၌ ရက်ပေါင်း၂၇၃ရက်ကြာ ရက်လွန်နေထိုင်ခဲ့မှုတိုကြောင့် ထောင်ဒဏ်၁၀ပတ်နဲ့ ဒဏ်ကြေးငွေ စင်ကာပူဒေါ်လာ၂၀၀၀ ပေးဆောင်ရပါတယ်။
အသက်၂၇နှစ်အရွယ် အင်ဒရီရာနီဟာ ဧပြီလ၁၈ရက်နေ့က စင်ကာပူနိုင်ငံ ယူနွတ်ခရီးစန့်ရှိ အထပ်ပေါင်းများစွာရှိသော ကားပါကင်၌ သူမရဲ့ကလေးငယ်ကို စွန့်ပစ်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်မိခဲ့ပါတယ်။ ကလေးငယ်ရဲ့ပါးစပ်မှာ ရွံ့၊သစ်ရွက်ခြောက်များနဲ့ ပြည့်နှက်နေပြီး အချင်းတန်းလန်းတွဲလျက်ရှိပါတယ်။ စွန့်ပစ်တဲ့နေ့မှာ ပင်စင်စားဂန်ထမ်းတယောက်ဟာ ကလေးငယ်ကို အသက်ရှင်လျက်တွေ့ရပါတယ်။
တရားရုံး၌ ကြားနာစစ်ဆေးချက်အရ သူမဟာ မနှစ်ကမတ်လ၌ အိမ်စေအလုပ်သမားအဖြစ် စင်ကာပူသို့ ရောက်ရှိလာကြောင်း သိရပါတယ်။ ဇူလိုင်လမှာ သူမရဲ့အလုပ်ရှင်အိမ်မှ ထွက်ပြေးလာပြီး ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဂမ်းကြောင်း ပြုလျက်ရှိပါတယ်။ အောက်တိုဘာလမှာ အဖေမည်သူမည်ဝါမှန်းမသိဘဲ ကိုယ်ဂန်ရှိကြောင်း သိရှိရပါတယ်။
ဧပြီလ၁၈ရက်နံနက်၂နာရီခန့်မှာ ကလေးငယ်ကို မီးဖွားပြီး ၁၀စင်တီမီတာအကျယ် တွင်းတူးကာ ကလေးငယ်ကို မြေမြှုပ်နှံခဲ့ပါတယ်။ ဧပြီလ၂၄ရက်နေ့မှာ ယူနွတ်အမ်အာတီဘူတာရုံအနီး၌ သူမကို ဖမ်းဆီးရမိခဲ့ပါတယ်။
စိတ်ကျန်းမာရေးသင်တန်းကျောင်းရဲ့ လေ့လာသုံးသပ်ချက်များအရ ကလေးငယ်ကို စွန့်ပစ်တဲ့အချိန်က သူမမှာ စိတ်ကစဉ်ကလျားဂေဒနာကို ခံစားနေရကြောင်း တွေ့ရှိရပါတယ်။ လတ်တလော၌ ကလေးငယ်ကို မိဘမဲ့ကလေးများ ထိန်းသိမ်းရေးဌာန၌ ပြုစုစောင့်ရှောက်ထားပါတယ်။
Thursday, June 9, 2011
လောကမှာ မဖြစ်နိုင်တာမရှိဘူး။
အင်ဒိုနီးရှားအဆိုတော် ဒီဝီပါစစ်ဟာ သူမရဲ့ အပျိုမြှေးကို အပျိုစင်ကဲ့သို့ဖြစ်အောင် ခွဲစိတ်ပြုပြင်ခဲ့ပါတယ်။ အသက်၂၅နှစ်အရွယ်သာရှိတဲ့ အဆိုတော်သူမဟာ ဘုရားဖူးပြီးအပြန်မှာ ခွဲစိတ်ကုသမှု ခံယူခဲ့ပါတယ်။ ၂ကြိမ်တိုင်ကွာရှင်းခဲ့ဖူးတဲ့သူမဟာ "ကျွန်မဟာ တခုလပ်ပေမဲ့ အပျိုစင်စစ်စစ်ပါပဲ"လို့ ဂံ့ကြွားစွာပြောပါတယ်။
သူမဟာ သူမရဲ့ အနာဂတ်ခင်ပွန်းသည် စိတ်မပျက်စေရအောင် ခွဲစိတ်မှုကို အီဂျစ်မှာ ပြုလုပ်ခဲ့ပါတယ်။ သူမရဲ့ချစ်သူ မင်းသားNicky Tirtaနဲ့ ကွဲပြဲပြီးနောက် အခုလက်ရှိထိ အပျိုစင်တယောက်ပါပဲ။ ယခင်ခင်ပွန်းဟောင်းများဖြစ်တဲ့ အဆိုတော် Saiful Jamilနဲ့ မင်းသားAldiansyah Taherတို့နဲ့ ကွာရှင်းခဲ့ပါတယ်။
Saturday, May 7, 2011
Subscribe to:
Posts (Atom)





