ကိုမြင့်ဇော်ထူးနဲ့ မအိအိမွန်တို့ဟာ စင်ကာပူနိုင်ငံရဲ့ စားသောက်ဆိုင်တဆိုင်မှာ မင်္ဂလာအခမ်းအနားပွဲ ပြုလုပ်ခဲ့ပါတယ်။ ညားခါစကြင်စဦးဇနီးမောင်နှံတွေလို သူတို့မှာ ဟန်းနီးမွန်းမသွားခဲ့ရပါဘူး။ အတူနေဖို့ဝေးစွ၊ ကလေးယူဖို့အစီအစဉ်တောင် စိတ်မကူးရပါဘူး။
ဘာလို့လဲဆိုတော့ မအိ(အသက်၂၅နှစ်)ဟာ အိမ်ဖော်အဖြစ် ၂နှစ်စာချူပ်နဲ့ အလုပ်လုပ်နေသောကြောင့် စာချူပ်သက်တမ်းကာလအတွင်း ကလေးယူဖို့ အလုပ်ရှင်က ခွင့်မပြုပါဘူး။
သူမရဲ့ ခင်ပွန်းသည်ဟာ အသက်၃၄နှစ်အရွယ်ရှိပြီး တိုက်ခန်းတခန်းမှာ ငှားရမ်းနေထိုင်ကာ နည်းပညာကောလိပ်တခုမှာ လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်နဲ့ အချိန်ပိုင်းဒီပလိုမာသင်တန်း စတင်တက်ရောက်သင်ယူနေဆဲဖြစ်ပါတယ်။ ၂ယောက်စလုံးဟာ work permitနဲ့ နေထိုင်နေကြပါတယ်။
သူတို့၂ဦးဟာ မင်္ဂလာဆောင်ပြီးတာနဲ့ ခွဲနေကြရပါတယ်။ သူတို့ဘဝဟာ သနားစရာပါလားနော်။ ထူးဆန်းလွန်းလို့ စင်ကာပူသတင်းစာ Strait Timesမှာတောင် ဖော်ပြခြင်းခံရပါတယ်။
No comments:
Post a Comment