Saturday, May 19, 2012

အသားအရေတင်းရင်းဖို့ လေ့ကျင့်ခန်း၇ရပ်

အသားအရေတင်းရင်းပြီး ပါးရေတွန့်ခြင်းမှ ကာကွယ်ရန်၊ မေးစေ့၂ထပ်ဖြစ်ခြင်းနဲ့ လည်ပင်းအရေပြားလျော့တွဲခြင်းမှ ကာကွယ်စေဖို့ အောက်ပါလေ့ကျင့်ခန်း(၇)ချက်ကို မြန်မြန်လေ့ကျင့် လိုက်နာကြည့်လိုက်ကြရအောင်။

Saturday, April 21, 2012

နှလုံးခုန်နှုန်း ရုတ်တရက်ရပ်တန့်ခြင်း ဆိုသည်မှာ

ရေအေးအေးသောက်လေ့ရှိတတ်တဲ့သူတွေအဖို့တော့ ဒီပို့စ်လေးဟာ အသုံးတည့်လိမ့်မယ်လို့ ယူဆပါတယ်။ အစာစားနေစဉ် ရေအေးအေးသောက်ခြင်းဟာ အင်မတန်မှ နှလုံးအတွက် အန္တရာယ်များပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးဟာ သင်စားလိုက်တဲ့ အဆီများပါတဲ့အစားအစာများကို အစိုင်အခဲဖြစ်စေပြီး အစာချေဖျက်မှုကို နှေးကွေးစေလိမ့်မယ်။ အဆိုပါအစိုင်အခဲလေးတွေဟာ အက်ဆစ်နဲ့ ဓါတ်ပြုပြီး ပြိုကွဲသွားကာ အူကနေပြီး သာမန်အစာတွေထက် ပိုမိုလျင်မြန်စွာ စုပ်ယူသွားပါတယ်။  ထို့နောက် အူနံရံမှာ ဖုံးလွှမ်းသွားပါလိမ့်မယ်။ တမဟုတ်ချင်းဆိုသလို အဆီအသွင် ပြောင်းလဲကာ ကင်ဆာအသွင်သို့ ဦးတည်လာတတ်ပါတယ်။ ဒါ့ကြောင့် စွတ်ပြုတ်ပူပူ (သို့) ရေနွေးပူပူလေးကို အစာစားပြီးတိုင်း သောက်ပေးနိုင်ပါက အကောင်းဆုံးပါပဲ။

Saturday, March 3, 2012

ဗောက်များကင်းစင်စေဖို့ အကောင်းဆုံးနည်းလမ်းခုနစ်သွယ်

ဗောက်ပြဿနာမှာ အမျိုးသားများနဲ့ အမျိုးသမီးထုအကြား အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အရွယ်များမှာ ဟော်မုန်းနဲ့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများကြောင့် ပိုမိုတွေ့ရတတ်ပါတယ်။ ဗောက်ပြဿနာမှာ ကြာရှည်ပါက အလွန်အမင်းဆံပင်တွေ ကျွတ်လာပါမယ်။ သိပ်ပြီးတော့ မစိုးရိမ်ပါနဲ့။ အောက်ပါညွှန်ကြားချက်၇ခုကို စမ်းသပ်ကျင့်သုံးလိုက်နာကြည့်ပါ။ မခံမရပ်နိုင်အောင်ဖြစ်ပေါ်နေတဲ့ ဗောက်များကို ထာဝရကင်းစင်စေဖို့ အကောင်းဆုံး နည်းလမ်းများဖြစ်ပါတယ်။

Monday, February 6, 2012

My Lovely Cute Cat who died with poison


video

I was always staring this grey cute fat cat, Bo Bo when I was passing his house. He's very clever & never stayed away from his owner's house. The owner kept him outside on the day time & inside during the night time. Now I haven't seen him so long & asked his owner about him.Unfortunately, he died for having been taken by poison. I felt very sad on hearing this miscerable news.
Wishing him to be a peaceful & quiet Nirvana for his next existence of life!
This video is uploaded by myself for his rememberance.

Saturday, January 21, 2012

Return to My Home Town, Mandalay, Myanmar

I took annual leave to go back to my home town, Mandalay, Myanmar on the first week of 2012. My parents had made schedule to treat well with local food for me.

Saturday, December 24, 2011

ကျန်းမာရေးအတွက် အသင့်တော်ဆုံး အိပ်ရာဝင်ချိန်နဲ့ အိပ်ရာထချိန်

ည၉နာရီမှ၁၁နာရီကြားအချိန်ဟာ ကိုယ်ခံစွမ်းအားစနစ်(Anitbody System)မှ မလိုလားအပ်တဲ့ အဆိပ်အတောက်ဓာတုပစ္စည်းများကို လျှော့ချပေးတဲ့အတွက် အဲဒီအချိန်အတောအတွင်း သက်သက်သာသာအနားယူပါ (သို့) သီချင်းနားထောင်ပေးပါ။ တကယ်လို့ အဲဒီအချိန်မှာ အိမ်ရှင်မတယောက်က ပန်းကန်တွေဆေးနေမယ် (သို့) သူ့ကလေးတွေရဲ့ အိမ်စာတွေကို စောင့်ကြပ်ပေးနေရတယ်ဆိုရင်တော့ ကျန်းမာရေးအတွက် မကောင်းတဲ့အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။

ည၁၁နာရီနဲ့၁နာရီကြားအချိန်ဟာ အသည်းမှာ အဆိပ်အတောက် ဖယ်ရှားခြင်း(Detoxification)ကို ပြုလုပ်နေတဲ့အတွက် နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပါတယ်။ 

ည၁နာရီနဲ့၃နာရီကြားအချိန်ဟာ သည်းခြေမှာလည်း အဆိပ်အတောက်ဖယ်ရှားခြင်းကို လုပ်ဆောင်နေတဲ့အတွက် နှစ်ခြိုက်စွာအိပ်စက်ဖို့ ကောင်းသောအချိန် ဖြစ်ပါတယ်။

မနက်စောစော၃နာရီနဲ့၅နာရီကြားအချိန်ဟာ အဆုတ်မှာ အဆိပ်အတောက် ဖယ်ရှားခြင်းကို ပြုလုပ်နေချိန်ဖြစ်ပါတယ်။ ဒါကြောင့် တခါတရံ  ချောင်းဆိုးဝေဒနာခံစားနေရသူအဖို့ အဲဒီအချိန်မှာ အလွန်အမင်းချောင်းဆိုးမယ်။ ဘာလို့လဲဆိုတော့ အဆိပ်ဖယ်ရှားခြင်းဖြစ်စဉ်ဟာ အသက်ရှူလမ်းကြောင်းကို ရောက်ရှိသွားတဲ့အတွက်ကြောင့် ဖြစ်တယ်။ အဆိုပါဖြစ်စဉ်ကို မဟန့်တားမစွက်ဖက်မိစေဖို့ အဲဒီအချိန်မှာ ချောင်းဆိုးပျောက်ဆေးများ သောက်ရန်မလိုပါ။

မနက်၅နာရီနဲ့၇နာရီကြားအချိန်ဟာ အူမကြီးမှာ အဆိပ်အတောက်ဖယ်ရှားနေချိန် ဖြစ်တဲ့အတွက် သင့်ရဲ့ဝမ်းကိုရှင်းထားရပါမယ်။ 

မနက်၇နာရီနဲ့၉နာရီကြားအချိန်ဟာ အူသိမ်ပိုင်းမှာ အာဟာရကို စုပ်ယူနေချိန်ဖြစ်တဲ့အတွက် အဲဒီအချိန်မှာ မနက်စာစားပေးရပါမယ်။ နာမကျန်းသူများအဖို့ မနက်စာကို  မနက်၆နာရီခွဲမတိုင်ခင် ခပ်စောစောလေး စားပေးရပါမယ်။  ကျန်းမာသန်စွမ်းလိုချင်ရင်တော့ မနက်၇နာရီခွဲမတိုင်ခင် မနက်စာစားခြင်းဟာ အကျိုးထူးဖြစ်စေပါတယ်။ မနက်စာကို အမြဲလွတ်နေသူများအဖို့ သူတို့ရဲ့အလေ့အထလေးတွေ ပြောင်းပေးရပါမယ်။ ဘာမှမစားတာထက် မနက်စာကို ၉နာရီနဲ့ ၁၀နာရီကြား  နောက်ကျပြီးမှ စားလို့လည်း ရပါသေးတယ်။

အအိပ်နောက်ကျခြင်းနဲ့ အိပ်ရာထနောက်ကျခြင်းဟာ မလိုလားတဲ့ဓာတုပစ္စည်းများ ဖယ်ရှားတဲ့ဖြစ်စဉ်ကို ဟန့်တားနှောက်ယှက်ပေးရာ ရောက်ပါတယ်။ ဒါ့အပြင် မွန်းတည့်သန်းခေါင်ယံအချိန်မှ မနက်၎နာရီကြားအချိန်မှာ ရိုးတွင်းခြင်ဆီကနေ သွေးတွေထုတ်လွှတ်နေချိန်ဖြစ်တဲ့အတွက်  ကောင်းကောင်း အိပ်စက်ပေးပါ။ အိပ်ရာဝင် နောက်မကျပါစေနဲ့။ မိမိကျန်းမာရေးကို အစဉ်ဂရုစိုက်ပေးပါ။