Sunday, September 6, 2015

ဆေးဝါးများကို ဘေးကင်းစွာသုံးစွဲနည်း

ဆေးညွှန်းပါအတိုင်း လိုက်နာသုံးစွဲပါက ဆေးရဲ့အကျိုးအာနိသင်ကို အပြည့်အဝရရှိပြီး ဘေးထွက်ဆိုးကျိုးလျော့နည်းကာ ဆေးရုံတက်ဖို့ ၁၀%အခွင့်အလမ်းနည်းပါးမှာ ဖြစ်ပါတယ်။
ဆေးတခုကိုသောက်တော့မယ်ဆိုရင် အောက်ပါအချက်များကို သေချာစွာနားလည်ဖို့ လိုပါတယ်။
-ဒီဆေးက ဘာရောဂါအတွက်သောက်ရတာလဲ။
-သောက်သုံးရမဲ့ ပမာဏ၊ တနေ့ကိုဘယ်နှကြိမ်လဲ။
-ဆေးကိုဘယ်လိုသောက်ရမလဲ။ 
-ဘယ်ဆေး(သို့)အစားအစာနဲ့ ဓါတ်ပြု ခြင်းမဖြစ်အောင် ရှောင်ကြဉ်ရမလဲ။
-ဆေးတွေကို ဘေးကင်းလုံခြုံအောင် ဘယ်လိုထားရှိရမလဲ။ 
-ဆေးတဖုံစာသောက်ဖို့ မေ့သွားရင် ဘယ်လိုလုပ်ရမလဲ။
-သင့်မှာဆေးရဲ့ဘေးထွက်ဆိုးကျိုးရှိခဲ့၊ ခံစားခဲ့ဘူးရင်ကော ဘာလုပ်ဖို့လိုသလဲ။ 

သင့်ရဲ့ဆေးပေါ်မူတည်ပြီး ဆရာဝန်နဲ့ ဆေးဝါးကျွမ်းကျင်သူတွေက သင့်သောက်မဲ့ဆေးတွဲတွေရဲ့ ဘူးတွေ၊ ပုလင်းတွေပေါ်မှာ စသစ်ကာကပ်ပြီး အထူးသတိရှိစေဖို့ ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။ ဥပမာ- အစာနဲ့တွဲစားပါ၊ အစာမရှိမှ စားပါ၊ ရေများများသောက်ပါ၊ ဂရိတ်ဖရု(သို့) နို့ထွက်ပစ္စည်းများကို ရှောင်ပါ၊ ငိုက်မြည်းမူးဝေစေတဲ့အတွက် လှုပ်ရှားမှုပြုရမဲ့အလုပ်များ(ကားမောင်းခြင်းနဲ့ စက်ယန္တရားကြီးနဲ့လုပ်ရမဲ့ ကိစ္စများကို) ရှောင်ရှားရပါမယ်။ 

အကယ်၍ သင်ဟာလက်ရှိ ဖြည့်စွက်စာ(Supplements) ဆေး၊ ကိုယ်တိုင်ဝယ်သောက်ထားတဲ့ဆေး(over-the-counter drugs) သို့ ဘယဆေး( herbal remedies)များ တခုခုမှီဝဲသုံးစွဲနေရတယ်ဆိုပါက  ဆရာဝန်နဲ့ ဆေးဝါးကျွမ်းကျင်သူတွေကို မဖြစ်မနေပြောပြရပါမယ်။ ဘာလို့လဲဆိုတော့ အခုပေးလိုက်တဲ့ဆေးနဲ့ ၄င်းတို့ဟာ ဓါတ်ပြုစေပြီး အကျိုးမပြုစေပါ။ ဆေးအာနိသင် အပြည့်အဝမရှိစေနိုင်ပါ။ 

ကုသမှုတဲ့ပတ်သက်ပြီး မေးစရာများရှိလျှင် သင့်ရဲ့ဆေးဝါးကျွမ်းကျင်(Pharmacist)တွေထံသို့ ဆေးတခုချင်းစီရဲ့ လေ့လာဆန်းစစ်မှုအကျိုးရလာဒ်ကို တင်ပြမေးမြန်းရပါမယ်။ ထိုအခါ ဆေးဝါးကျွမ်းကျင်သူတွေက ဆေးအမျိုးမျိုးတွေရဲ့အကြောင်းကို နားလည်အောင် ဆွေးနွေးတိုင်ပင်ကူညီဖြေရှင်းပေးပြီး ဆေးတခုနဲ့တခုဓါတ်ပြုနိုင်မဲ့ အလားအလာများကို ခွဲခြားရှင်းပြပေးပါတယ်။ ဆန်းစစ်လေ့လာမှုအပြီးမှာ သင့်ရဲ့ ဆေးမှတ်တမ်းအပြည့်အစုံစာရင်းကို ရရှိမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာတော့ ဆေးဝါးကျွမ်းကျင်တွေအတွက် ဒီလိုတာဝန်တွေ မရှိသေးပါဘူး။ များမကြာမီမှာ ဒီလိုတွေဖြစ်လာပါစေလို့ မျှော်လင့်ရင်း မြန်မာပြည်သူတွေ ဆေးဝါးများကို Pharmacistတွေရဲ့ အကြံဥာဏ်နဲ့ စံနစ်တကျ သုံးစွဲပြီး လူတိုင်းသက်တမ်းစေ့သက်ရှည်ကျန်းမာစွာနေထိုင်နိုင်စေဖို့ ဆန္ဒပြုလိုက်ပါတယ်။ 

Reference- http://www.readersdigest.ca (Tips For Safe Medication Use)



2 comments:

cool emerald said...

amoxi တို့လို antibiotic ကို နို့ ပါတဲ့ လက်ဖက်ရည်၊ ကော်ဖီတို့နဲ့ တွဲ သောက်ရင် အာနိသင်မရှိတော့ဘူး လို့ကြားဖူးတာ... အဲဒါ ဟုတ်လား ဗျ။

San Yin Mon said...

ဟုတ်ပါတယ်။ ဘာလို့လဲဆိုတော့ Antiobioticsတွေကအစာအိမ်အူလမ်းကြောင်းမှစုပ်ယူပြီး သွေးထဲသို့စီးဆင်းကာ ရောဂါဖြစ်နေတဲ့နေရာဆီသို့ ပို့ဆောင်ပေးပါတယ်။ နွားနို့မှာပါတဲ့ ကယ်လစီယမ်ဟာ Antibioticနဲ့ပေါင်းပြီး အူစုပ်ယူမှုကို ဟန့်တားနှောက်ယှက်ပေးပါတယ်။ ဒါကြောင့် အာနိသင်မရှိတော့ပါဘူး။ နို့ထွက်ပစ္စည်းဖြစ်တဲ့ ဒိန်ချဉ်၊ချိစ်၊ရေခဲမုန့်တို့နဲ့လည်း တွဲမသောက်ပါနဲ့။ ဆေးပတ်လည်အောင်လည်း သောက်ဖို့လိုပါတယ်။ Thank you for your comment, Cool Emerald!