Sunday, September 6, 2015

မိုဘိုင်းဖုန်းတွေက ကျန်းမာရေးကိုထိခိုက်စေပါသလား

လွန်ခဲ့သောနှစ်ပေါင်းများစွာတွေ့ရှိချက်များအရ မိုဘိုင်းဖုန်းသုံးစွဲခြင်းက အိပ်မပျော်တဲ့ရောဂါ၊ ကားမောင်းရင်းသုံးရင် အာရုံထွေဖြားခြင်း၊ သုတ်ပိုးကောင်ရေလျော့နည်းစေခြင်းစတဲ့ အချက်များကို ဖြစ်စေတယ်လို့ ပြစ်တင်စွပ်စွဲနေကြပါတယ်။ လတ်တလောသိပ္ပံပညာရှင်များတွေ့ရှိချက်အရ နည်းပညာများဟာ ကင်ဆာအကြိတ်များကို အလွယ်တကူဖြစ်စေတယ်ဆိုတာပါပဲ။

ဖုန်းခေါ်ဆိုရာဖြစ်စေ၊ သူငယ်ချင်းမိတ်ဆွေတွေထံ စာရိုက်မက်ဆေ့ပို့၍ ဖြစ်စေ၊ အင်တာနက်သုံး၍ ဖြစ်စေ၊အနီးအနားမှာရှိတဲ့ ဖုန်းတာဝါတိုင်မှ ဖုန်းလိုင်းကောင်းမကောင်း စစ်ဆေးရင်တောင်မှ ဖုန်းထဲမှ လျှပ်စစ်သံလိုက်ရောင်ခြည်ကဲ့သို့ ရေဒီယိုလှိုင်းများ(radio-frequency waves)ထုတ်လွှတ်လျက်ရှိပါတယ်။ အဆိုပါလှိုင်းများဟာ ကျွန်တော်တို့ခန္ဓာကိုယ်တည်ဆောက်တဲ့ အက်တမ်များကို(atoms)ဖြိုခွဲ(ionize)ရာတွင် လိုအပ်တဲ့စွမ်းအင်(energy)ကို  အလုံအလောက်မသယ်ဆောင်နိုင်ပါ။ အမှန်စင်စစ် အဆိုပါရေဒီယိုလှိုင်းများဟာ 

အခြားလျှပ်စစ်သံလိုက်ရောင်ခြည်ကဲ့သို့ မြင်နိုင်တဲ့အလင်းထက်တောင်မှ စွမ်းအင်အင်မတန်နည်းပါးလှပါတယ်။ သို့သော် ကျွန်တော်တို့ရဲ့ လေလှိုင်းမဲ့စက်ပစ္စည်း(Wireless Gadgets)ဖြစ်တဲ့ဖုန်းတွေက ကင်ဆာဖြစ်စေတယ်ဆိုတဲ့စိတ်ကူးထင်မြင်ချက်က သိပ္ပံနည်းကျသက်သေပြချက်မရှိတဲ့ လေ့လာချက်လို့ ထင်ရပါတယ်။ 

၂၀၁၁မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)ရဲ့ International Agency for Research on Cancer (IARC)က ကန့်သတ်ချက်သက်သေအထောက်အထားကို အခြေခံတဲ့ လူသားများကို ကင်ဆာဖြစ်စေသော ရေဒီယိုလှိုင်း(radio-frequency radiation)နဲ့ ဖုန်းအလွန်အမင်းသုံးစွဲသူများဟာ gliomaလို့ခေါ်တဲ့ ဦးနှောက်ကင်ဆာတမျိုးနဲ့ ဆက်စပ်နေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး အငြင်းပွား၊ ဒွိဟများလျက်ရှိပါတယ်။ ဘယ်လောက်များများသုံးမှ ကင်ဆာဖြစ်နိုင်ချေ များမယ်ဆိုတာကိုတော့ တော်တော်များများလေ့လာစူးစမ်းမှုပြုရဦးမှာ ဖြစ်ပါတယ်။

အခုလို ဖြေးဖြေးချင်းသိပ္ပံနည်းကျစမ်းသပ်လေ့လာနေတုန်းမှာ သင်မစောင့်နိုင်ဘူးဆိုရင်တော့ လောလောဆယ် ဘေးအကင်းဆုံးကတော့ နားကြပ်တပ်(Headphone) သို့ စပီကာဖွင့်(speakerphone)ပြောပါ။ ခေါင်းနားကပ်ပြောတာထက် ဘေးကင်းစေပါတယ်။ အထဲမှာ အင်တင်နာများစွာရှိတဲ့အတွက် အကွာအဝေးနည်းနည်းချာပြီး ဖုန်းပြောပေးခြင်းဖြင့် အထိအတွေ့အနည်းငယ်လျော့နည်းစေပါတယ်။ ဘာပဲဖြစ်ဖြစ် အဆိုပါနည်းပညာကြောင့် အချိန်ကုန်ခံပြီး လူချင်းတွေ့ပြောစရာ၊ မျက်နှာချင်းဆိုင်ဆွေးနွေးစရာ မလိုတော့ပဲ လျင်မြန်အဆင်ပြေစေတာတော့ အမှန်ပါပဲ။ 






No comments: