Saturday, November 27, 2010

ငါးနဲ့ပတ်သက်တဲ့ သိကောင်းစရာ

နေ့စဉ်ချက်ပြုတ်တဲ့အစာအစားထဲမှာ ငါးထည့်စားသင့်ပါတယ်။ ဘာလို့လဲဆိုတော့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ဟာ ငါးများမှာ ပမာဏများများပါဝင်လို့ပါပဲ။ အရေးကြီးတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်ကတော့ EPA(Eicosapentaenoic acid)နဲ့ DHA (Docosahexaenoic acid)တို့ပဲဖြစ်ပါတယ်။ ၄င်းအက်ဆစ်၂မျိုးလုံးကို အစားအစာမှပဲ ရရှိနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ အခြားဖက်တီးအက်ဆစ်မှ ခန္ဓာကိုယ်ထဲ တည်ဆောက်ယူလို့မရပါဘူး။ အိုမီဂါ-၃ကို အဆီများတဲ့ငါးမှပဲ အကောင်းဆုံးရနိုင်ပါတယ်။

ဂျပန်လူမျိုးများဟာ ငါးအများဆုံးစားကြပါတယ်။ ဒါပေမယ့် ဒုတိယကမ္ဘာစစ်ကတည်းက ဂျပန်အစားအသောက်ထဲတွင် အနောက်တိုင်းအငွေ့အသက်ရောနှောလာလို့ အခုအခါ ဂျပန်မှာ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုနှုန်းဟာ အမေရိကန်နိုင်ငံမှာဖြစ်ပွားမှုနှုန်းရဲ့ တဝက်အောက်ပဲ ရှိပါတယ်။ အိုမီဂါ-၃အမြောက်အမြားပါတဲ့ဆီ (ဥပမာ-ငါးများများစားခြင်း၊ အိုမီဂါ-၃ပါတဲ့ဖြည့်စွက်ဆီ)ကို စားသုံးခြင်းဟာလည်း နှလုံးသွေးကြောကျဉ်းခြင်းနဲ့ နှလုံးသွေးကြောပိတ်ခြင်းမှ ကာကွယ်ပေးပါတယ်။ ဒါ့အပြင် အသားအများဆုံးစားတဲ့ နော်ဝေးလူမျိုးများကတော့ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုနှုန်းဟာ ဂျပန်လူမျိုးတွေထက် ပိုပါတယ်။

ဆာလောင်တဲ့အခါ ခန္ဓာကိုယ်မှ စွမ်းအင်ထုတ်သုံးရာတွင် ဖက်တီးအက်ဆစ်များဟာ တက်ကြွတဲ့ မောလီကျူးများအဖြစ် မျိုးရိုးဗီဇအဆင့်မှာ ပရိုတိန်းဖွဲ့စည်းတည်ဆောက်မှုကို ထိန်းချုပ်ဆောင်ရွက်ပေးပါတယ်။ ဆဲလ်ပမာဏအနည်းအများကိုလည်း အချက်ပြပေးပါတယ်။ ထို့အတူ အိုမီဂါ-၃မှပြုလုပ်တဲ့ (Resolvins & Protectins) အရာ၂ခုဟာလည်း အရောင်ကျစေတဲ့ဂုဏ်သတ္တိရှိကြောင်း တွေ့ရှိရပါတယ်။

ဆေးပညာလေ့လာချက်ကြီးအရ EPAတခုတည်း (သို့မဟုတ်) EPAနဲ့DHA၂ခုပေါင်းကို အများအပြားစားသုံးရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားမှုကို လျော့ကျစေကြောင်း သိရှိရပါတယ်။ ကျန်းမာတဲ့လူတယောက်ဟာ ငါးအမျိုးမျိုး (အထူးသဖြင့် ဖက်တီးအက်ဆစ်ပါဝင်တဲ့ငါး)ကို တပတ်လျှင် အနည်းဆုံး၂ကြိမ်ခန့် စားသုံးသင့်ကြောင်း အမေရိကန်နှလုံးအဖွဲ့အစည်းမှ အကြံပြုထားပါတယ်။ EPA နဲ့DHA ဖက်တီးအက်ဆစ်ပါဝင်မှုများတဲ့ငါးများကတော့ ဆယ်လ်မွန်ငါး၊ ငါးကွမ်းရှပ်၊ ပင်လယ်ငါးသေးသေးလေးတွေနဲ့ တူနာငါးတွေပဲဖြစ်တယ်။

ဒါ့အပြင် နေ့စဉ် EPAနဲ့DHA ၄၀၀မှ၅၀၀မီလီဂရမ်အထိ ဖြည့်စွက်စားပေးရပါမယ်။ နှလုံးသွေးကြောကျဉ်းရောဂါအခံရှိတဲ့သူများအဖို့ နေ့စဉ် EPAနဲ့DHA ၁၀၀၀မီလီဂရမ်အထိ ဖြည့်စွက်ပေးရပါမယ်။ တချို့လူနာများမှာ နေ့စဉ် EPAနဲ့DHA ၂ ဂရမ်မှ ၄ ဂရမ်လောက်အထိ လိုအပ်ပါတယ်။ ဒါပေမယ့် အဲလောက်ပမာဏများလွန်းသွားရင် တချို့လူများဟာ သွေးယိုစီးမှုဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် ၄င်းပမာဏကို ဆရာဝန်ညွှန်ကြားမှပဲ သုံးဖို့လိုပါတယ်။ အကောင်းဆုံးကတော့ သင်အခုကတည်းက ငါးများများစစားလိုက်ပါတော့လို့။



1 comment:

December Mgmg said...

ကျန်းမာရေး ဗဟုသုတတွေအတွက်ကို ကျေးဇူးတင်ပါတယ် သူငယ်ချင်း
များများထပ်ရေးပါလို့ တောင်းဆိုပါတယ်