Saturday, January 8, 2011

၂၀၁၁အစကျန်းမာစွာကျင့်ကြံခြင်းနည်းလမ်း

ပထမဦးဆုံး WHOရဲ့ သတ်မှတ်ချက်အရ ခန္ဓာကိုယ်သိပ်သည်းဆညွှန်းကိန်း (BMI)ဟာ ၃၀နဲ့အထက်မှာရှိရင် နှလုံးရောဂါ ဖြစ်နိုင်ချေအများဆုံးအခြေအနေမှာ ရှိနေပါတယ်။ ဒါကြောင့် ဝတဲ့သူများ ၂၀၁၁ကစပြီး သင့်ခန္ဓာကိုယ်အလေးချိန်စုစုပေါင်းရဲ့ ၅(သို့မဟုတ်)၁၀ရာခိုင်နှုန်းလောက် လျှော့နိုင်အောင် ကြိုးစားကြည့်ပါ။ သွေးထဲသကြားနဲ့ ကိုလက်စထရောအတွက် အကျိုးများစေပါတယ်။

ဒုတိယအချက်က အိမ်မှာ မကြာမကြာချက်စားပါ။ ဒါမှ သင်စားမဲ့အချိုးအစားကို ချင့်ချိန်ပြီး ကိုယ်အလေးချိန်ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်အများစုဟာ အရသာကောင်းမွန်အောင် ဆီနဲ့အချိုမှုန့် များများထည့်ပြီး ပွဲကြီးကြီးနဲ့ရောင်းချလေ့ရှိပါတယ်။ အဲဒါကို စားဖန်များရင် ကယ်လိုရီများစွာဟာ အဆီအဖြစ်ပြောင်းသွားပြီး အဝလွန်ရောဂါနဲ့ ဆီးချိုရောဂါဖြစ်စေနိုင်ပါတယ်။ ဆားများစွာပါတဲ့အတွက် သွေးတိုးနဲ့နှလုံးရောဂါ ဖြစ်နိုင်ချေများပါတယ်။ ဒါပေမဲ့ လှုပ်ရှားရုန်းကန်နေရတဲ့ လူနေမှုဘဝ၌ အပြင်မှာစားသောက်ခြင်းဟာ ဘယ်သူမှရှောင်လွဲလို့မရပါဘူး။ ဒါကြောင့် ကျန်းမာစေတဲ့အစားအစာကို ရွေးချယ်စားတတ်ဖို့တော့ လိုပါတယ်။

တတိယအချက်က ပုံမှန်ကျန်းမာရေးစစ်ဆေးမှု ပြုရပါမယ်။ ဒါမှလည်း ရောဂါလက္ခဏာမပြခင် ရောဂါအခြေအနေကို စောစီးစွာသိရှိပြီး ထိန်းချုပ်ကာကွယ်နိုင်ပါမယ်။ အမျိုးသမီးများအနေနဲ့ သားအိမ်ခေါင်းဝ အသားစယူခြင်း (Pap Smear)နဲ့ ရင်သားကင်ဆာ ကာကွယ်နိုင်အောင် ရင်သားဓါတ်မှန်ရိုက်ခြင်း (Mammogram Screenings) တို့ကိုလည်း ပုံမှန်စစ်ဆေးဖို့ တိုက်တွန်းချင်ပါတယ်။

နောက်ဆုံးအနေနဲ့ အကြံပြုချင်တာကတော့ မကောင်းတဲ့အမူအကျင့်ဖြစ်တဲ့ လောင်းကစားခြင်း၊ ဆေးလိပ်သောက်ခြင်းနဲ့ ပူပန်သောကများခြင်းများကို ဖျောက်ဖျက်ပြီး ပုံမှန်အားကစားတခုခုကို လေ့လာလိုက်စားလိုက်ပါ။ နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ သောကကင်းဝေးပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆန္ဒပြုလျက်..............


2 comments:

December Mgmg said...

ဒီပိုစ်လေးကို အရမ်းကြိုက်တယ်.....သူငယ်ချင်း။ မြန်မာစာ အရေးအသားနဲ့
အဖြတ်အတောက်ကအစ ဂရုတစိုက်ရေးပေးနိုင်ရင် ဖတ်သူတွေရဲ့ ရင်ထဲမှာ
တစ်ခုခုကျန်နေမှာပါ....စာသားကကောင်းပြီးသားလေ အရေအသားအဖြတ်အတောက်ကို ဂရုစိုက်လိုက်ရင် ပြည့်စုံမယ်လို့ ထင်ပါတယ်....သူငယ်ချင်း ဒီထက်မက ဆက်ရေးနိုင်ပါစေ...ခုလို ဗဟုသုတဖြစ်တွေကို ပြည်လည်ဝေငှပေးတဲ့ သူငယ်ချင်းရဲ့ စေတနာကိုလည်း လေးစားပါတယ်.....ကျေးဇူးပါ...သူငယ်ချင်း ။ ။

Unknown said...

Hey!Nyimalay,
A good Article!!