Wednesday, November 24, 2010

ရေအလေးချိန်

အစာမစားမီ ရေသောက်ခြင်းဟာ အမှန်တကယ် ကိုယ်အလေးချိန်ကျဖို့ အထောက်အကူဖြစ်သလား။

နိုဝင်ဘာလဟာ အစားကြီးတဲ့အားလပ်ရက်ရာသီအစလို့ မှတ်သားရပါမယ်။ ဒါပေမယ့် ရိုးရှင်းတဲ့အချက်က အစာမစားမီ ရေတဖန်ခွက်သောက်ခြင်းဟာ အစာစားခြင်းကို ထိန်းထားနိုင်တယ်။ အစာထိန်းနေတဲ့သူများအဖို့ အဆိုပါအလေ့အထကို ကျင့်သုံးဖို့ အာဟာရပညာရှင်များက တိုက်တွန်းတာ နှစ်ပေါင်းများစွာကြာခဲ့ပါပြီ။ အကြောင်းမှာ ရှင်းရှင်းလေးပါပဲ။ ရေဟာ ဗိုက်ပြည့်စေပြီး ဆာလောင်မှုလျော့ကျစေပါတယ်။

မကြာသေးမီကမှ အဆိုပါသီအိုရီကို ထောက်ခံတဲ့လေ့လာမှုတွေကို တွေ့ရပါတယ်။ လတ်တလော ဖေဖော်ဝါရီလထုတ် အဝလွန်ခြင်းဂျာနယ်မှ ကျပန်းစမ်းသပ်စစ်ဆေးချက်အရ ဗာဂျီးနီးယားနည်းပညာမှ သိပ္ပံပညာရှင်များက အသက်၅၅နှစ်နှင့်အထက်ရှိ အဝလွန်အုပ်စုတစုကို ကယ်လိုရီနည်းတဲ့ အစားအသောက်ကို ၃လလောက်စားသုံးစေပါတယ်။ တဝက်လောက်ကို အစာမစားမီ ရေ၂ခွက်သောက်စေပါတယ်။ လေ့လာမှုအပြီးမှာ ရေသောက်တဲ့အုပ်စုဟာ ပျမ်းမျှ၇ကီလိုလောက် လျော့ကျသွားပြီး အခြားအုပ်စုမှာ ပျမ်းမျှ၅ကီလိုပဲလျော့ကျပါတယ်။ ၂၀၀၈ခုနှစ်လေ့လာချက်အရ မနက်စာမစားမီ ရေသောက်သူများဟာ ကယ်လိုရီစားသုံးမှုပမာဏ ၁၃%လျော့ကျကြောင်း တွေ့ရှိချက်နဲ့ အလားတူပါပဲ။

၂၀၀၇ခုနှစ်တတိယအကြိမ်လေ့လာချက်မှ ထူးခြားမှုတွေ့ရှိရပါတယ်။ အဲဒါကတော့ အစာမစားခင်နာရီဝက်အလို ရေသောက်ခြင်းဟာ လူကြီးများမှာ ကယ်လိုရီနဲ့ဆာလောင်မှုလျော့ကျစေပေမဲ့ ၃၅နှစ်အောက်လူငယ်များအဖို့ အကျိုးသက်ရောက်မှုမရှိကြောင်း သိရပါတယ်။

ဒါဟာ သိပ်တော့မရှင်းပေမဲ့ သုတေသီများက လူကြီးတွေဟာ ဝိတ်တက်လွယ်တယ်။ ဝလွယ်တယ်ဆိုတဲ့အချက်ကို ထောက်ပြထားပါတယ်။ ဒါကြောင့် အစာမစားမီ ရေသောက်ခြင်းဟာ လူကြီးများအဖို့ အကျိုးထူးစေပါတယ်။

1 comment:

December Mgmg said...

ကျေးဇူးပါ သူငယ်ချင်း သူငယ်ချင်းရဲ့ စာကြောင့် ရေတန်ဖိုးကို နားလည်လာတယ်