Wednesday, May 2, 2018

ကြယ်ပဲရဲ့စွမ်းပကား

ပရိုတိန်းနဲ့ အိုမီဂါ၃ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ကြီးမားပြီး စားသုံးနိုင်သောအစေ့မျိုးထုတ်ပေးတဲ့ အပင်ကတော့ Plukenetia volubilisမျိုးရင်းဖြစ်တဲ့ ကြယ်ပဲခေါ်Sacha Inchiပဲ ဖြစ်ပါတယ်။ ပီရူးနိုင်ငံစိုက်Sacha inchiကို Sacha peanut၊ Jungle peanut(သို့မဟုတ်) Inca peanutလို့ အမျိုးမျိုး ခေါ်ဝေါ်ကြပါတယ်။ အာဟာရဓါတ်များတဲ့အဆိုပါအစေ့ကို မကြာခဏ လှော်စားကြသလို၊ ပရိုတိန်းအမှုန့်(Protein powder)နဲ့ ကောက်နှံcerealsအသွင်(သို့) ဟင်းချက်ဆီ(cooking oil)နဲ့ ဖြည့်စွက်စာ(Supplement) အသွင်ဖြင့် ဈေးကွက်ထဲမှာ အလွယ်တကူရှာဖွေတွေ့ရှိနိုင်ပါတယ်။
လူတွေဘာကြောင့် ကြယ်ပဲသုံးစွဲရသလဲဆိုတော့ အစေ့အဆံအရသာမျိုးရှိပြီး သရေစာ(snack)အဖြစ် စားနိုင်သလို ဟင်းမျိုးစုံမှာ ထည့်သုံးနိုင်ပါတယ်။ ပရိုတိန်းနဲ့ အိုမီဂါ၃ဖက်တီးအက်ဆစ်ပမာဏများစွာကြွယ်ဝတဲ့အတွက် သက်သက်လွတ်စားသူများ မကြာခဏမှီဝဲစားသုံးကြပါတယ်။

"Superfood"လို့ဈေးကွက်ထဲမှာ တင်စားခေါ်ကြတဲ့ ကြယ်ပဲမှာ ကျန်းမာရေးအကျိုးကျေးဇူးများစွာရှိပါတယ်။ ဝမ်းဗိုက်က အဆီများလျော့ကျစေမှုကို ကူညီပေးပြီး ကိုယ်အလေးချိန်လျှော့ချ(weight loss)မှုကို တိုးမြှင့်ပေးပါတယ်။ ဒါ့အပြင် စိတ်ကျခြင်း (depression)ကို တွန်းလှန်တိုက်ထုတ်ကာ ကိုလက်စထရောပမာဏ လျော့ကျစေပါတယ်။ နှလုံးရောဂါကို တားဆီးပေးပြီး ဆီးချိုရောဂါထိန်းချုပ်မှုကို အထောက်အကူဖြစ်စေပါတယ်။

အရေပြားနဲ့ ဆံကေသာပေါ်လိမ်းဖို့ မျက်နှာလိမ်းဆီ၊ မျက်နှာလိမ်းခရမ် (သို့) ဦးရေလိမ်းဆီအဖြစ် ကြယ်ပဲဆီကို သုံးစွဲကြပါတယ်။ ဒါ့အပြင် ကြယ်ပဲဆီကို သောက်ပေးခြင်းဖြင့် ဝမ်းပျက်၊ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးခြင်းနဲ့ အူလမ်းကြောင်းဝေဒနာ၊ မျက်စိအာရုံနဲ့မှတ်ဥာဏ်ဖွံ့ဖြိုးမှု တိုးပွားစေပါတယ်။ ကြယ်ပဲရွက်ကို ရေနွေးကြမ်းလို ခတ်သောက်ပေးခြင်းဖြင့် ဝိတ်ကျကြောင်း လက်တွေ့သောက်သုံးသူမှတစ်ဆင့် ကြားသိရပါတယ်။ အစာမျိုရခက်တဲ့ဝေဒနာရှင်တစ်ယောက်က ကြယ်ပဲဆီကို ပထမဆုံးအကြိမ် စတင်စမ်းသောက်ကြည့်ရာမှ အစာများကို လျှောလျှောရှူ ရှူ မျိုချနိုင်ကြောင်း ဝမ်းသာအားရဖြစ်ကာ ကြယ်ပဲဆီကို နေ့စဉ်မှီဝဲစားသုံးပါတော့ကြောင်း လာဝယ်တိုင်းပြောဖြစ်ပါတယ်။

အခုအခါမှာ ကြယ်ပဲအစွမ်းကို လူသိများလာပြီး ကျယ်ကျယ်ပြန့်ပြန့် နေရာအနှံ့အပြားမှာလည်း ဝယ်ယူရရှိနိုင်ပါပြီ။ယေဘူယျအားဖြင့် ကြယ်ပဲဟာ လူတော်တော်များများနဲ့တည့်ပြီး အစားအစာတစ်ခုအဖြစ် အနည်းအကျဉ်းပမာဏ စားသုံးပေးပါက ဘေးကင်းပြီး ပုံမှန်(သို့) ဖြည့်စွက်စာအဖြစ် ရေရှည်သုံးစွဲပေးပါက အကျိုးအာနိသင်သက်ရောက်မှုလဲ ရှိစေပါတယ်။

သို့သော် ဓါတ်မတည့်ခြင်းတော့ ရှိကောင်းရှိနိုင်ပါမယ်။ ဥပမာ- မူးဝေခြင်းနဲ့ ကောင်းမွန်တဲ့ကိုလက်စထရော(HDL cholesterol)ကို ပိုမိုများစေပါတယ်။ အကယ်၍ ခန္ဓာကိုယ်ရဲ့ Serotoninပမာဏ တိုးမြှင့်နေပါက စိတ်မကျဆေး (antidepressants)ကဲ့သို့ ဖြည့်စွက်စာ(သို့) ဆေးဝါးများနဲ့ အပြန်အလှန်ဓါတ်ပြုနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျဝေဒနာရှင်များအနေနဲ့ (antidepressants)ဆေးသောက်ထားရင် ကြယ်ပဲနဲ့အတူ မသုံးစွဲဖို့ လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ဒါ့အပြင် serotoninကို တိုးပွားစေပြီး ပြင်းထန်တဲ့ အခြေအနေမှသာ Serotonin Syndromeဖြစ်နိုင်ချေရှိပါတယ်။ ဒါပေမယ့် အလွန်ရှားပါးပါတယ်။

မည်သည့်ရောဂါအခြေအနေအတွက်မဆို ကုသမှုတစ်ရပ်အဖြစ် ကြယ်ပဲကို များမကြာမီမှာ ညွှန်းကျတော့မှာဖြစ်ပါတယ်။ ဒါ့ကြောင့် ဟန်ချက်ညီတဲ့အစားအစာ(Balanced diet)ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ကြယ်ပဲဆီ(သို့) အစေ့ကို စားသုံးပေးခြင်းဖြင့် ကျန်းမာရေးအလုံးစုံကို ထိရောက်ကာကွယ်မှုပေးနိုင်ပါတယ်။



No comments: