Friday, February 2, 2018

ဆေးဝါးပညာရှင်၁၂မျိုး


အမျိုးအစားအနေနဲ့ ကျွန်တော်တို့သေချာစွာမသိရှိ၊ မကြားဖူးသေးတဲ့ ဆေးဝါးပညာရှင်၁၂မျိုး ခွဲခြားထားပါတယ်။ နည်းပညာတိုးတက်မြင့်မားတဲ့ နိုင်ငံရပ်ခြားတိုင်းပြည်တွေမှာ Pharmacistsတွေဟာ ဘယ်အခန်းကဏ္ဍမှာ ဘယ်လိုအထူးပြုပါဝင်နေတယ်ဆိုတာကို အဆိုပါဗီဒီယိုက အသေးစိတ်ရှင်းလင်းပြသထားပါတယ်။
 ၁။ Community Pharmacy (လူမှုရပ်ဝန်း ဆေးဆိုင်)
၎င်းကို လက်လီဆေးဆိုင်(Retail Pharmacy)လို့လဲ ခေါ်ဝေါ်သုံးစွဲကြပါတယ်။ အဆိုပါဆေးဆိုင်မှာ အရှေ့မျက်နှာစာဆေးကောင်တာကနေ အလွယ်တကူဝယ်ယူနိုင်တဲ့ဆေး(Over The Counter medicines)၊နေ့စဉ်သုံးအသုံးအဆောင်အချို့ နဲ့ အခြားပစ္စည်းများလဲ ဝယ်ယူရရှိနိုင်ပါတယ်။ ဒါ့အပြင် အနောက်ဘက်မှာ လူနာတွေအတွက်ပေးဖို့ ဆေးဝါးအချို့ကို သိုလှောင်ထားကာ အဲဒီကနေ လူနာတွေကို ဆေးဝါးဖြန့်ဖြူးပေးပါတယ်။

၂။ Hospital Pharmacy (ဆေးရုံဆေးဆိုင်)
ဆေးရုံအဆောက်အအုံအတွင်းမှာ တွေ့ရတဲ့ ဆေးဆိုင်ဖြစ်ပြီး ဆေးရုံရှိလူနာတွေအတွက်  ဆေးဝါးအမျိုးအစား စုံလင်စွာ ထားရှိပါတယ်။ အထူးသဖြင့် Community Pharmacyမှာ အမြဲမမြင်တွေ့နိုင်တဲ့ အကြောအားသွင်းဆေး (IV)များလည်း ထားရှိပါတယ်။
ဆေးရုံဆေးဆိုင်အနေနဲ့ အမျိုးအစား၂မျိုးခွဲခြားထားပါတယ်။ တစ်ခုကတော့ အတွင်းလူနာဆေးဆိုင် (InPatient Pharmacy)နဲ့ အခြားတစ်ခုကတော့ (Outpatient Pharmacy)ဖြစ်ပါတယ်။ InPatient Pharmacyမှ အတွင်းလူနာတွေအတွက် ဆေးဝါးများကို တာဝန်ယူဖြန့်ဖြူးဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် Outpatient Pharmacyကနေ ဆေးရုံဆင်းမယ့် လူနာတွေအတွက်ဆေးဝါးများကိုလည်း လာရောက်ယူဆောင်စေပြီး အိမ်ပြန်ရောက်တဲ့အခါ မည်သို့မည်ပုံသုံးစွဲပုံကို ရှင်းလင်းသင်ကြားပေးပါတယ်။

၃။ Clinical Pharmacy(ရောဂါကာကွယ်တားဆီးရေးနဲ့ ကျန်းမာရေးအသိပညာမြင့်မားရေး၊ ဆေးဝါးများအား ကြောင်းကျိုးလျော်ညီစွာအသုံးပြု ခြင်းကို အထူးပြု တဲ့ကျန်းမာရေးသိပ္ပံဌာန)
ဥပမာ- Warfarin(သွေးကျဲဆေး)သောက်နေတဲ့လူနာတွေအတွက် သူတို့ရဲ့ Anticoagulation Statusကို အမြဲတမ်း စောင့်ကြည့်နေရပါတယ်။ ဒါ့ကြောင့် ၄င်းကို Anticoagulation Clinic လို့ ခေါ်ပြီး ၄င်းဟာ Clinical Pharmacyအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ၄င်းအချက်က Clinical Pharmacyနဲ့ Hospital Pharmacyအကြား ကွဲပြားခြားနားတဲ့အချက် ဖြစ်ပါတယ်။ 

၎။ Ambulatory Care Pharmacy (ပြင်ပလူနာစောင့်ရှောက်မှုဆေးဆိုင်)
အဆိုပါဆေးဆိုင်မှ Pharmacistsများဟာ အမှန်တကယ်မှာ လူနာတွေကို ဆေးပေးရုံသက်သက်မဟုတ်ပဲ ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးသော သမားတော်ကြီးများကဲ့သို့ လူနာတွေကို ရုံးချိန်အတွင်း ကြည့်ရှုပေးသလို သူတို့တွေဟာလူနာတွေရဲ့ နာတာရှည်ရောဂါအခြေအနေဖြစ်တဲ့ ဆီးချို ၊ သွေးတိုးရောဂါကဲ့သို့ ရောဂါအခြေအနေအမျိုးမျိုးကို  အမြဲတမ်း ထိန်းချုပ်ပေးပါတယ်။ အလုပ်ချိန်များကို ပုံမှန်ဆရာဝန်တွေထိုင်တဲ့ တနင်္လာနေ့မှ သောကြာနေ့အထိ  ဖွင့်လှစ်ထားပြီး Community Pharmacyကဲ့သို့ ၂၄နာရီပတ်လုံး ဖွင့်လှစ်မထားးပါ။ 

၅။ Compounding Pharmacy(ဆေးဝါးဖော်စပ်အရောင်းဆိုင်)
၎င်းဆေးဆိုင်မှ ဈေးကွက်ထဲအလွယ်တကူမရရှိနိုင်တဲ့ ဆေးဝါးများကို ပုံစံအသစ်နဲ့ ဖော်စပ်ထုတ်လုပ်ပေးတဲ့ နေရာဖြစ်ပါတယ်။ ဥပမာ- အကယ်၍ သင်ဟာ ချိုချဉ်(Lollopop)(သို့)အရည်ပုံစံ(Solution)နဲ့ ဆေးမျိုးကို ရှာဖွေနေတယ် ဆိုကြပါစို့။ ဒါပေမဲ့ အဲဒီဆေးမှာ ဆေးပြားပုံစံမျိုးပဲ ရှိတယ်ဆိုရင် Compounding Pharmacyကနေ သင်သောက်နိုင်မဲ့ Lollipop (သို့) Solutionပုံစံအဖြစ် အမှန်တကယ် ပြောင်းလဲဖော်စပ်ပေးဖို့ ကူညီဆောင်ရွက်ပေးပါမယ်။

၆။ Consultant Pharmacy (ဆွေးနွေးအကြံပြု ဆေးဆိုင်)
ဆေးဝါးများကို စနစ်တကျထိန်းချုပ်သုံးသပ်တဲ့စနစ်ကို Consultant Pharmacistsတွေကပိုမိုအလေးထားဆောင်ရွက်ပေးပါတယ်။ ဥပမာ- ဆေးအမျိုးပေါင်း၂၀ကျော်၊၃၀ ကျော်မှီဝဲနေရတဲ့လူနာတွေမှာ ဆေးအချင်းချင်း အပြန်အလှန်အကျိုးသက်ရောက်မှု (Drug-Drug Interactions)တွေ ရှိလာနိုင်ပါတယ်။ အဲဒီအခြေအနေမှာသင့်ရဲ့ဆေးဝါးများကို Interactionရှိမရှိနဲ့ အဆိုပါဆေးဝါးများအားလုံးကို လူနာများသုံးစွဲရာမှာ အန္တရာယ်ကင်းရှင်းကြောင်း သေချာစေဖို့ Consultant Pharmacistsတွေရဲ့ ဆန်းစစ်မှု အမှန်တကယ်လိုအပ်ပါတယ်။ ဒါကြောင့် လူနာတွေကို အမှန်တကယ် ဆေးပေးရုံသက်သက်မဟုတ်ဘဲ ဆွေးနွေးအကြံပေးခြင်း (Consultation)ဘက်ကို ပို၍ဦးတည်သွားပါတယ်။ 

၇။ Internet Pharmacy (အင်တာနက်ဆေးဆိုင်)
အခုခေတ်မှာ အွန်လိုင်းကနေ ဆေးဆိုင်အမြောက်အမြားဟာ အင်တာနက်ကို အခြေခံပြီး ဆေးညွှန်းစာပါဆေးဝါးရောင်းချသူများ ပေါ်ထွက်လာပါပြီ။ သို့သော် အင်တာနက်မှ ဆေးဝယ်ခြင်းက လှည့်ဖျားတတ်သဖြင့် အထူးသတိရှိရပါမယ်။ အကြောင်းရင်းတစ်ခုကတော့ အဲဒါကယုံကြည်အားထားလို့ရသလားဆိုတာ၊ မှန်ကန်တဲ့အစိုးရအဖွဲ့(သို့) အဖွဲ့အစည်းတစ်ခုက အသိအမှတ်ပြုသလားဆိုတာ၊ သင်ဟာသူတို့နဲ့ ပတ်သက်ဆက်နွယ်မှုမရှိဘဲ ဆေးကိုဘယ်နေရာကနေရရှိသလဲဆိုတာနဲ့ ဘယ်လိုယုံကြည်ရမလဲဆိုတာကို သင်မသိနိုင်ပါဘူး။ ဒါကြောင့် အင်တာနက်ဆေးဆိုင်အတွက် ဘယ်ဆေးဆိုင်ကတရားဝင်အသိအမှတ်ပြုထားသလဲဆိုတာကို သိရှိထားဖို့  အင်မတန်မှအရေးပါလှပါတယ်။

၈။Veterinary Pharmacy (တိရစ္ဆာန်ဆေးဆိုင်)
အဆိုပါဆေးဆိုင်မှအဓိကဆေးဝါးများမှာ တိရစ္ဆာန်သုံးဆေးပစ္စည်းတွေပဲ ဖြစ်ပါတယ်။ အထူးသဖြင့် သူတို့တွေဟာ လူတွေလိုအမြဲတမ်း ဆေးတောင့်တွေ ဆေးပြားတွေမသောက်နိုင်သောကြောင့် တခါတရံမှာ Veterinary Pharmacyက Compounding Pharmacyနဲ့ ပူးပေါင်းပြီး တီထွင်ဖန်တီးသော နည်းလမ်းများဖြင့်  ဆေးပုံစံအမျိုးမျိုးထားရှိဖို့ လိုအပ်ပါတယ်။

၉။ Nuclear Pharmacy(နူးကလီးယားဆေးဆိုင်)
ရောဂါရှာဖွေစမ်းသပ်ခြင်း (ဥပမာ-CT scanရိုက်ခြင်း)အတွက် ရေဒီယိုသတ္တု ကြွပစ္စည်း (radioactive materials) ပြင်ဆင်ခြင်း နဲ့ တစ်ခြားရောဂါတွေ ကုသခြင်းအတွက်  နူးကလီးယားPharmacyက အာရုံစိုက်လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့်  နူးကလီးယားPharmacyက အင်မတန်အထူးပြုအမျိုးအစားဖြစ်ပါတယ်။

၁၀။ Military Pharmacy (စစ်တပ်ဆေးဆိုင်)
အလုပ်ပတ်ဝန်းကျင်အနေအထားက လုံးဝကွဲပြားခြားနားပါတယ်။ ဘာလို့လဲဆိုတော့ ပညာရှင်များ(Technicians)ဟာ သူတို့ရဲ့တာဝန်များကို လုပ်ဆောင်ရာမှာ ပုံမှန်လူမှုအသိုင်းအဝိုင်းရပ်ဝန်းကနေ လုပ်ဆောင်တာနဲ့ယှဉ်လိုက်ရင် တရားမဝင်ဘူးလို့ ထင်ရပါတယ်။ ဥပမာ- Techniciansနဲ့ Pharmacists အချိုးဟာ သာမန်Community Settingမှာ  Pharmacistတစ်ယောက်က  Technicianတစ်ယောက်နဲ့ပဲ တွဲဖက်လုပ်ဆောင်ရပါတယ်။ သို့သော် Techniciansအများကြီးက Pharmacistတစ်ယောက်ရဲ့ လက်အောက်မှာ လုပ်ဆောင်ရခြင်းဟာ Community Pharmacyစည်းမျဉ်းနဲ့ မကိုက်ညီပေမဲ့  Military Pharmacy Settingမှာတော့ ပြဿ     နာမရှိပါဘူး။ ဒါကြောင့် Pharmacy Techniciansတွေဟာ Community Settingရှိ ပုံမှန်Pharmacy Techniciansရဲ့ စည်းမျဉ်းကို လိုက်နာဖို့မလိုပါဘူး။

၁၁။ Pharmacy Informatics (Pharmacy ပညာပေး)
အဲဒါကတော့ ဆေးဝါးကျင့်စဉ်သိပ္ပံ(Pharmacy Practice Science)နဲ့ အသုံးချသတင်းသိပ္ပံ(Applied Information Science)တို့ ပေါင်းစပ်ထားပြီး ၄င်းပညာရပ်က တဖြည်းဖြည်းကျယ်ပြန့်လာပြီး ပညာရှင်များစွာလိုအပ်နေပါတယ်။ ဒါကြောင့် လူတွေနဲ့ထိတွေ့ဆက်ဆံမှုကို မနှစ်သက်တဲ့သူတွေနဲ့ ITနည်းပညာကို စိတ်ဝင်စားတဲ့သူတွေအတွက် အင်မတန်မှလိုက်စားသင့်တဲ့ ကောင်းမွန်တဲ့ပညာရပ်တစ်ခုဖြစ်ပါတယ်။ 

၁၂။ Speciality Pharmacy (အထူးပြု Pharmacy)
၎င်းမှာ လွန်ခဲ့တဲ့၃နှစ်ကျော်ဝန်းကျင်လောက်ကမှ ပေါ်ပေါက်လာတဲ့ Pharmacyအမျိုးအစားအသစ် တစ်ခုဖြစ်ပါတယ်။ အလွန်ဈေးကြီးတဲ့ ဆေးအသစ်တွေကို ထားရှိပါတယ်။ တခါတရံဒေါ်လာသောင်းဂဏန်းတန်ဖိုးရှိ ဆေးတွေလဲ ရှိပါတယ်။ ဒါကြောင့် Speciality Pharmacyက အဆိုပါဆေးဝါးများထားရှိနိုင်ရန် ရံပုံငွေအလုံအလောက်ရှိဖို့ သိုလှောင်ထားရသလို ကြီးကြပ်ကွပ်ကဲပြီး လူနာတွေကို ဂရုတစိုက်စောင့်ကြည့်ခြင်းနဲ့ နေရာများကို Clinically Manage စနစ်တကျစီမံခန့်ခွဲရပါတယ်။ ပထမဦးဆုံးအနေနဲ့ Lab Monitoringလုပ်ဖို့ ပံ့ပိုးပေးရပါမယ်။ ဒါ့အပြင်လူနာတွေ ဆေးကို ဘယ်လို ဂရုတစိုက်သောက်ရမလဲဆိုတာကို ဆွေးနွေးမှု(Counselling)လုပ်ရပါမယ်။  ဘာလို့လဲဆိုတော့ ဒေါ်လာသောင်းဂဏန်းတန်ဖိုးရှိ ဆေးတွေကို တတ်နိုင်သမျှကူညီပေးနိုင်ဖို့ လူနာတွေနဲ့ ကုန်ကျစရိတ်ထိန်းချုပ်ရေးမဟာဗျူ ဟာ(cost containment strategies)မှာလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ဖို့လိုပါတယ်။

ကဲ သူငယ်ချင်းတို့လဲ Pharmacy အမျိုးအစား၁၂မျိုးကို သေချာခွဲခြားသိပြီမို့ မိမိအားသန်ရာလိုင်းကိုအထူးပြု ရွေးချယ်ပြီး အများပြည်သူ့ကျန်းမာရေးအတွက် အကျိုးသယ်ပိုးမဲ့ Pharmacistsလောင်းလျာလေးများ အမြောက်အမြားပေါ်ထွက်နိုင်ပါစေလို့ ဆန္ဒပြု ရင်း................






No comments: