သင်သွေးပေါင်ချိန်ကို မှန်ကန်စွာတိုင်းတတ်ပါသလား။ သွေးတိုးရောဂါလားဆိုတာကို ရောဂါအမည်တပ်ဖို့နဲ့ ကုသဖို့ တိကျတဲ့သွေးပေါင်ချိန်တိုင်းတတ်ဖို့ မရှိမဖြစ်လိုအပ်ပါတယ်။ ဒါကြောင့် ပိုမိုတိကျတဲ့သွေးပေါင်ချိန်ဖတ်ယူနိုင်ဖို့အတွက် တိကျတဲ့အတတ်ပညာနဲ့လုပ်ထုံးလုပ်နည်းအစုံကို ကောင်းမွန်စွာပြုစုထားပါတယ်။
သို့သော် ဆေးပညာလောကသားများဟာ အဆိုပါလမ်းညွှန်ချက်များကို အပြည့်အဝလိုက်နာခြင်းမရှိကြောင်း သုတေသနလေ့လာချက်မှာ တွေ့ရပါတယ်။ လူနာတယောက်အနေနဲ့ သင်လည်း သင့်တင့်လျောက်ပတ်တဲ့စည်းမျဉ်းစည်းကမ်းကို လိုက်နာ၊မနာကို ဆုံးဖြတ်တတ်ဖို့ အရေးကြီးပါတယ်။
♡ ဘယ်အချိန်မှာ တိုင်းမလဲ။
♡ ဘယ်အချိန်မှာ တိုင်းမလဲ။
တနေ့နဲ့တနေ့ သွေးပေါင်ချိန်အနည်းငယ်အတက်အကျဖြစ်နေတာကို ဖြစ်ရိုးဖြစ်စဉ်တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါနေ့ခင်းဘက်အတက်အကျဖြစ်နေတာကို ကြိမ်ဖန်များစွာတိုင်းတာခြင်းဖြင့် မှန်ကန်အောင်လုပ်ပေးရပါမယ်။ ဒါပေမယ့် အထူးအချိန်အပိုင်းအခြားအချို့မှာ တိုင်းတာနိုင်ဖို့ နည်းလမ်းရှိပါတယ်။
ယေဘူယျအားဖြင့် သွေးပေါင်ချိန်ကို
- မနက်ပိုင်းသွေးကျဆေးမသောက်ခင်၊
- ကိုယ်ကာယလှုပ်ရားမှုပြုလုပ်ပြီး၊ ဆေးလိပ်သောက်ပြီး၊ကာဖင်းသောက်သုံးပြီး ၁နာရီထက်မနည်းတဲ့အချိန်မှာ
- စမ်းသပ်ခန်းထဲရှိ အခန်းအပူချိန်ကိုညှိဖို့ ၁၀မိနစ်ကြာအောင်ထားပြီးနောက်ပိုင်းမှာ တိုင်းကြည့်သင့်ပါတယ်။
♡ သင့်တော်တဲ့လက်ပတ်ဆိုဒ်အရွယ်အစားကိုရွေးချယ်ပါ။
သွေးပေါင်ချိန်အဖြေရဲ့တိကျမှုကို လွှမ်းမိုးစေမယ့် အရေးကြီးဆုံးအချက်များထဲမှ တခုကတော့ အသုံးပြုမဲ့သွေးပေါင်ချိန်လက်ဝအရွယ်အစားပဲ ဖြစ်ပါတယ်။ တိကျတဲ့လက်ဝဆိုဒ်(cuff sizing)အတွက် အလွန်တိကျတဲ့ လမ်းညွှန်တစုံရှိပါတယ်။ဒါပေမယ့် လူနာတွေအတွက် ကြည့်ရုံသက်သက်နဲ့ပြောပြဖို့ တော်တော်ခဲယဉ်းနိုင်ပါတယ်။ အကယ်၍ သူတို့ရဲ့ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်သူက မှန်ကန်တဲ့cuff ဆိုဒ်ကို သုံးရင်ပေါ့။
အကယ်၍ သင်ဟာ ပျမ်းမျှအရပ်အမြင့်(သို့)ကိုယ်အလေးချိန်နဲ့ သိသိသာသာအထက်(သို့မဟုတ်)အောက်မှာ ရှိရင် ဆရာဝန်(သို့)သူနာပြုက အခန်းထဲမှာရှိနေပြီးသားcuff ကို သုံးဖြစ်ချင်မှသုံးပါလိမ့်မယ်။ ပုံသေလက်ဝဆိုဒ်("default" cuff)ကို ပုံမှန်ဆိုဒ်အရွယ်လူတွေအတွက် သုံးဖို့ အမြဲလိုလိုစမ်းသပ်ခန်းမှာထားလေ့ရှိပြီး အကယ်၍ သင်က ပုံမှန်အရွယ်အစားထက် ပိုကြီးမယ်(သို့)သေးမယ်ဆိုရင်တော့ တိကျတဲ့အဖြေကို ထုတ်ပေးလိမ့်မည် မဟုတ်ပါ။တရားဝင်လမ်းညွှန်မှုများက အောက်ပါလက်ဝဆိုဒ်(cuff sizes)ကို သတ်မှတ်ထားပါတယ်။
လက်မောင်းပတ်လည် 22 မှ 26စင်တီမီတာထိဆိုရင် လူကြီးအသေးဆိုဒ်(small adult cuff size)12 x 22 cm
လက်မောင်းပတ်လည်27 မှ34စင်တီမီတာထိဆိုရင် လူကြီးဆိုဒ်(adult cuff size)16 x 30 cm
လက်မောင်းပတ်လည်35မှ 44စင်တီမီတာထိဆိုရင် လူကြီးအကြီးဆိုဒ်(large adult cuff size)16 x 36 cm
လက်မောင်းပတ်လည်45 မှ 52စင်တီမီတာထိဆိုရင် လူကြီးပေါင်ဆိုဒ်(adult thigh cuff size)16 x 42 cm
♡ သင့်လျော်တဲ့ ကိုယ်ဟန်အနေအထား
တိကျတဲ့သွေးပေါင်ချိန်အဖြေကိုရဖို့ ကိုယ်အနေအထားက အရေးကြီးပါတယ်။
ယေဘူယျအားဖြင့် သွေးပေါင်ချိန်ကို သင်သက်တောင့်သက်တာထိုင်နေစဉ်မှာ တိုင်းတာသင့်ပါတယ်။ လက်မောင်းကို သက်တောင့်သက်တာပြေလျော့ထားရပါမယ်၊ လက်ရှည်ပင့်မ၊ဖယ်ရှားပေးရပါမယ်၊ လက်မောင်းအနေအထားက နှလုံးနဲ့တတန်းတည်းထားရပါမယ်။ သွေးပေါင်ချိန်လက်ပတ်ကို ပတ်တဲ့လက်မောင်းအပိုင်းသာ နှလုံးနဲ့တတန်းတည်းဖြစ်ဖို့လိုပါတယ်။ လက်မောင်းနှစ်ဘက်လုံးကို မဆိုလိုပါ။
တခါတရံ သင့်ဆရာဝန်ဟာ သင့်ရဲ့သွေးပေါင်ကို သင်လဲလျောင်းနေစဉ်(သို့)ရပ်နေစဉ်မှာ တိုင်းတာတတ်ကြပါတယ်။ ဒီအနေအထားက အချို့အခြေအနေကိစ္စရပ်တွေမှာ သင့်တော်ပေမဲ့ ပုံမှာပြထားတဲ့အတိုင်း ထိုင်နေတဲ့အနေအထားမှာလည်းပဲ တိုင်းတာတတ်ကြပါတယ်။
♡ ကြိမ်ဖန်များစွာတိုင်းတာတဲ့အဖြေ(Multiple Readings)ကို ယူသင့်ပါတယ်။
တကြိမ်တည်းတိုင်းတဲ့သွေးပေါင်ချိန်နဲ့ တိကျတဲ့အဖြေကို မရနိုင်ပါ။ ဘယ်နှကြိမ်တိုင်းတာဖို့လိုမလဲဆိုတဲ့ အသေးစိတ်အချက်က အချက်အလက်များစွာပေါ်မူတည်ပြီး ပြောင်းလဲနိုင်တာကြောင့် ကြိမ်ဖန်များစွာတိုင်းတာဖို့အတွက် မဖြစ်မနေလိုအပ်တာတော့ မဟုတ်ပါဘူး။
တိကျတဲ့အဖြေတခုသေချာစေဖို့ သင့်ဆရာဝန်က သင့်သွေးပေါင်ချိန်ကို အချိန်ကြာကြာနဲ့ စစ်ဆေးသင့်ပြီး ရုံးချိန်လာလှည့်နေစဉ်(office visit)ဆက်ကြား ဘယ်လောက်ထိပြောင်းလဲသွားသလဲဆိုတာကို စောင့်ကြည့်နေရပါမယ်။ ဒါထက်ပိုတိကျချင်ရင်တော့ ဆရာဝန်က သူတခါလူနာကိုလာလှည့်နေစဉ်မှာ သင့်သွေးပေါင်ချိန်ကို တကြိမ်ထက်ပိုပြီး အမှန်တကယ်တိုင်းတာသင့်ပါတယ်။
ဘာလို့လဲဆိုတော့ အပူချိန်နဲ့စိတ်ဖိစီးမှုစတဲ့အရာတွေက သွေးပေါင်ချိန်ကိုပြောင်းလဲစေတာကြောင့် တကြိမ်ရုံးချိန်လာလှည့်စဉ်(single office visit)မှာ တကြိမ်ထက်ပိုပြီးတိုင်းထားခြင်းက ဒီလိုအတက်အကျပြောင်းလဲမှုအတွက် တိကျမှန်ကန်မှုကိုပေးစွမ်းနိုင်ပါတယ်။ဥပမာ- သင့်သွေးပေါင်က ရုံးချိန်လာလှည့်စဉ်အစမှာ ရုံးဆင်းချိန်ထက် မကြာခဏပိုမြင့်နေတတ်တယ်ဆိုကြပါစို့။ ရုံးချိန်အစနဲ့အဆင်းနှစ်ခုစလုံးမှာတိုင်းတဲ့တခုကို ယူခြင်းက ပိုတိကျတဲ့ပျမ်းမျှအဖြေတခုကို ပေးပါတယ်။
သင့်ဆရာဝန်က သင့်သွေးပေါင်ကို လက်မောင်းတစ်ဘက်တည်းမဟုတ်ဘဲ နှစ်ဘက်လုံးမှာနဲ့ သင့်ရက်ချိန်း( appointment)အစနဲ့ အဆုံးမှာ စစ်ဆေးတိုင်းတာသင့်ပါတယ်။
♡မှန်ကန်တဲ့နည်းစနစ်ကို မျှော်မှန်းပါ(Expect Correct Technique)

သင့်သွေးပေါင်ချိန်တိုင်းနေစဉ် သင့်ဆရာဝန်(သို့)သူနာပြုကိုပြည့်စုံတဲ့အတတ်ပညာထက်လျော့နည်းတဲ့အရာကိုသုံးဖို့ သင့်အနေနဲ့မျှော်လင့်ဖို့ အကြောင်းအရာမရှိပါဘူး။ အကယ်၍ သင့်ဆရာဝန်က အမှားတခုခုလုပ်မယ်(သို့) မှန်ကန်လျော်ညီတဲ့နည်းစနစ်ကိုမလိုက်နာတာကို မြင်ရရင် ဘာကြောင့်လဲဆိုတာကို သင်မေးမြန်းသင့်ပါတယ်။ တခါတရံ အတတ်ပညာပိုင်းမှာအပြောင်းအလဲတွေ ရှိဖို့လိုအပ်တာကြောင့် ဆရာဝန်က အဲဒါကိုရှင်းလင်းစွာသေချာရှင်းပြတတ်နိုင်ရပါမယ်။ ဒါမှမဟုတ် သူက လက်ခံနိုင်တဲ့လုပ်ရိုးလုပ်စဉ်ကို မလိုက်နာတဲ့အတွက် တောင်းပန်သင့်ပြီး နောက်တခါထပ်ပြန်တိုင်းကြည့်သင့်ပါတယ်။
သင့်ကလည်း သင့်ဆရာဝန်ကို ရက်ချိန်းရက်မတိုင်ခင် သင်ဘာဆေးတွေသောက်ထားသလဲ၊လေ့ကျင့်ခန်းလုပ်ထားတယ်၊ လွန်ခဲ့တဲ့နာရီပိုင်းအတွင်း စားထားတာမှန်သမျှကို သူမမေးတာတောင်မှ ပြောပြသင့်ပါတယ်။
(စကားချပ်- တချို့သောအကြောင်းအရာတွေက ဘာသာပြန်သက်သက်သာဖြစ်ပါသဖြင့် မြန်မာပြည်နဲ့ကိုက်ညီမှုရှိချင်မှရှိနိုင်ပါမယ်။
(Reference- Proper Technique for Blood Pressure Management. www.verywellhealth.com written by Craig Weber,MD)
(Reference- Proper Technique for Blood Pressure Management. www.verywellhealth.com written by Craig Weber,MD)
No comments:
Post a Comment