Sunday, May 27, 2018

ရှားစောင်းလက်ပတ်(သို့) ဆန်မှုန့်ရေခဲတုန်းနဲ့ ချွေးပေါက်ကြီးကို တစ်ပတ်အတွင်း ဖယ်ရှားနည်း

အိမ်တွင်းဖြစ်အသားအရေထိန်းသိမ်းတဲ့ကုထုံးက သင့်အသားအရေကို လှပသွားအောင် ပြု ပြင်ပေးနိုင်ပါတယ်။ ချွေးပေါက်ကြီးတွေကို ပိတ်စေပါတယ်။ အမည်းစက်တွေဖယ်ရှားပေးခြင်း၊ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးခြင်း၊ လျော့တွဲနေတဲ့အရေပြားကို တင်းရင်းစေခြင်းနဲ့ ခြောက်သွေ့တဲ့အသားအရေနဲ့ မွဲခြောက်ထိုင်းမှိုင်းတဲ့ အသားအရေကို ပြု ပြင်ထိန်းသိမ်းပေးပါတယ်။ရှားစောင်းလက်ပတ်ရေခဲတုံးကို ပွတ်လိမ်းနှိပ်နယ်ပေးပါက ချွေးပေါက်ကျယ်ကြီးတွေကို ကျဉ်းစေပြီး ဆန်မှုန့်ရေခဲတုံးကတော့ မျက်နှာကိုဝင်းမွတ်တောက်ပစေပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်ကို ဗီဒီယိုဖိုင်မှာ ရှာဖွေကြည့်လိုက်ပါ။
လတ်ဆတ်တဲ့ရှားစောင်းလက်ပတ်တစ်ခုကို အခွံခွာပြီး အသားကိုထုတ်ယူလိုက်ပါ။ နှင်းဆီရည်(Rose water)ကို စူပါမားကတ်ကနေဝယ်ယူရရှိနိုင်ပါတယ်။ ဖန်ခွက်တစ်ဝက်စာနှင်းဆီရည်ထဲ အခွံခွာပြီးသားရှားစောင်းလက်ပတ်ကို လောင်းထည့်ပြီး သမစွာမွှေပါ။ ပြီးရင် ရေခဲတုံးပုံစံခွက်ထဲသေချာစွာဖြည့်ပြီး ရေခဲတုံးဖြစ်အောင် ၁နာရီ(သို့)၂နာရီလောက်အအေးခံပါ။ ရေခဲသွားတာနဲ့ ပုံစံခွက်ထဲကဖယ်ထုတ်ကာ အဆင်သင့်သုံးနိုင်ပါတယ်။ အဲဒီနောက် ရေခဲတုံးတတုံးကိုယူပြီး စက်ဝိုင်းပုံစံနဲ့ ၂မိနစ်မှ ၃မိနစ်ထိ မျက်နှာပေါ်အသာအယာပွတ်လိမ်းပေးပါ။တနေ့တတုံး နေ့စဉ်အသုံးပြုနိုင်ပါတယ်။. အကယ်၍ ခြောက်သွေ့လွန်းတဲ့အသားအရေ(သို့) ဓါတ်မတည့်တဲ့အသားအရေမျိုး(Sensitive Skin)ဆိုရင်တော့ ဝါဂွမ်းပါးပါးလေးနဲ့ပတ်ပြီး နှီပ်နယ်ပေးပါက သွေးလည်ပတ်အားကောင်းစေပြီး သဘာဝအတိုင်းမျက်နှာတောက်ပစေကာ ချွေးပေါက်ကြီးတွေကို ကျုံ့ဝင်သွားစေပါတယ်။ ဒါ့အပြင် ရှားစောင်းလက်ပတ်က ဝက်ခြံလျော့နည်းစေကာ အသားအရေမညီညာမှုနဲ့ အမာရွတ်တွေကို ဖယ်ရှားကင်းစင်စေပါတယ်။၎င်းမှာ ပိုးသတ်ပေးတဲ့(Antibacterial)၊အရောင်ကျစေတဲ့ဂုဏ်သတ္တိ (Anti-inflammatory Agent)ရှိတဲ့အတွက် ဝက်ခြံလျော့နည်းစေကာ ဆဲလ်အသစ်ပေါက်ဖွားဖို့ လှုံ့ဆော်ပေးပါတယ်။ အမာရွတ်မဖြစ်အောင် တားဆီးပေးပါတယ်။ နေလောင်ခံကုထုံးမှာလည်း ကျယ်ပြန့်စွာသုံးကြပါတယ်။

ဆန်မှုန့်လက်ဖက်ရည်ဇွန်း၁ဇွန်းကို ရေ၁ဖန်ခွက်ထဲလောင်းထည့်ပြီး သမစွာရောမွှေပါ။ အဲဒီနောက် ရေခဲတုံးပုံစံခွက်ထဲသေချာစွာဖြည့်ပြီး ရေခဲတုံးဖြစ်အောင် ၃နာရီကနေ၄နာရီလောက်ကြာအောင်အအေးခံပါ။ ရေခဲသွားတာနဲ့ ပုံစံခွက်ထဲကဖယ်ထုတ်ကာ အဆင်သင့်သုံးနိုင်ပါတယ်။ အဲဒီနောက် ရေခဲတုံးတတုံးကိုယူပြီး စက်ဝိုင်းပုံစံနဲ့ မျက်နှာပေါ်ညင်သာစွာပွတ်လိမ်းပြီးနောက် ရေနဲ့ဆေးကြောလိုက်ပါ။ မျက်နှာသစ်ပြီးနောက် လေသလပ်ခံပြီး (Moisturizer) (သို့) ရှားစောင်းလက်ပတ်ဂျဲလ်လိမ်းပေးပါ။ အဆိုပါရေခဲတုံးပွတ်လိမ်းပေးခြင်းက သွေးလည်ပတ်အားကောင်းစေပြီး သဘာဝအတိုင်းမျက်နှာတောက်ပစေကာ ချွေးပေါက်ကြီးတွေကို ကျုံ့ဝင်သွားစေပါတယ်။ ဆန်မှုန့်ကို တိုက်ချွတ်မှု(Scrub)အတွက် အကောင်းဆုံးပါဝင်မှုအရာအဖြစ် အသုံးပြု ကြပါတယ်။၎င်းက ဆဲလ်သေအဖတ်လေးတွေကို လွယ်ကူစွာဖယ်ရှားပေးပါတယ်။ ဆန်မှုန့်က အဆီအားလုံးကို စုပ်ယူပြီး အသားအရေကို သန့်ရှင်းချောမွေ့ကာ ဆန်စေ့မှာပါတဲ့အမိုင်နိုအက်ဆစ်နဲ့ ဗီတာမင်ကို (Clearing Agent)အဖြစ် ပြန်လည်ဖြည့်တင်းပေးပါတယ်။ အိုမင်းခြင်းကို ဦးတည်နေတဲ့ အသားအရေမညီညာမှု၊ အရေးအကြောင်းနဲ့ ဝက်ခြံများကို အံ့မခန်းကုသနိုင်ပါတယ်။ သင့်ကို ငယ်ရွယ်နုပျိုလန်းဆန်းအောင် ဆွဲဆန့်နိုင်မှု(Elasticity)နဲ့ တင်းရင်းမှု(Firmness)ကို ထိန်းပေးထားနိုင်တယ်။ အကယ်၍ သင့်အသားအရေက ခြောက်သွေ့တယ်ဆိုရင် နွားနို့၊ပျားရည်တို့နဲ့ ဆန်မှုန့်ကိုရောပြီး ရေခဲတုံးဖြစ်အောင်ခဲပေးနိုင်ပါတယ်။ ဒ့ါအပြင်နေလောင်အသားအရေကို ဖယ်ရှားပေးပြီး ပုံမှန်အသားအရေပြန်ဖြစ်အောင် ထိန်းသိမ်းကာ တောက်ပလင်းလက်စေပါတယ်။ နေရောင်ထိတွေ့မှုကြောင့်ဖြစ်တဲ့ အမည်းစက်တွေကို လျော့ပါးစေပြီး ပျက်စီးတဲ့အရေပြားဆဲလ်တွေကို ပြု ပြင်ထိန်းသိမ်းပေးကာ နုပျိုချောမွေ့လှပစေပါတယ်။ ဆန်မှုန့်ကို စန္ဒကူးမှုန့်နဲ့ သံပုရာရည်နဲ့ရောကာ ရေခဲတုံးဖြစ်အောင်လုပ်ပြီး လိမ်းကြည့်တဲ့အခါ အသားအရေတောက်ပအောင် အကောင်းဆုံးဖန်တီးပေးပါတယ်။ အိုမင်းရင့်ရော်မှုကို ထိန်းသိမ်းပေးခြင်းနဲ့ သန့်စင်တဲ့ဂုဏ်သတ္တိက အသားအရောင်ကို မွမ်းမံသန့်စင်ပေးပြီး အညစ်အကြေးများနဲ့ အဆီများကို ဖယ်ရှားပေးကာ သင့်ကို ကျန်းမာသန့်စင်တဲ့အသားအရေပိုင်ဆိုင်အောင်စွမ်းဆောင်ပေးနိုင်ပါတယ်။ (မှတ်ချက်-တပတ်၁ခါပဲလုပ်ပါ။တခါလုပ်တိုင်း ရေခဲတုံးတတုံးပဲသုံးပါ။) အကယ်၍ ခြောက်သွေ့လွန်းတဲ့အသားအရေ(သို့) ဓါတ်မတည့်တဲ့အသားအရေမျိုး(Sensitive Skin)ဆိုရင်တော့ သင့်မျက်နှာကို ရေခဲတုံးအစား အခြားနည်းလမ်းသုံးပါ။

ကဲ- အားလုံးပဲ လှပချောမွေ့တဲ့အသားအရေကို ပိုင်ဆိုင်နိုင်ကြပါစေ။ လက်တွေ့ပျောက်ကင်းရင်တော့ Commentမှာ ပြန်လည်မျှဝေဖို့ မမေ့နဲ့နော်။ :)))))))))

No comments: