အသားအရေတင်းရင်းပြီး ပါးရေတွန့်ခြင်းမှ ကာကွယ်ရန်၊ မေးစေ့၂ထပ်ဖြစ်ခြင်းနဲ့ လည်ပင်းအရေပြားလျော့တွဲခြင်းမှ ကာကွယ်စေဖို့ အောက်ပါလေ့ကျင့်ခန်း(၇)ချက်ကို မြန်မြန်လေ့ကျင့် လိုက်နာကြည့်လိုက်ကြရအောင်။
၁။ တည့်မတ်စွာ ထိုင်ပါ။ ဦးခေါင်းကို နောက်ဘက်သို့ ရွေ့ပြီး မျက်နှာကျက်ကို မော့ကြည့်လိုက်ပါ။ အဲဒီအချိန်မှာ နှုတ်ခမ်းစေ့ထားပါ။
၂။ ပါးစပ်ကို တခုခုဝါးစားနေတဲ့ပုံစံမျိုး လေ့ကျင့်ပါ။ အခါ၂ဝလုပ်ပါ။
၃။ ခေါင်းကို ညာဘက်ဖြည်းဖြည်းချင်းလှည့်ကာ ပါးစပ် ကြီးကြီးဟပြီး ဝါးနေတဲ့ပုံစံအကြိမ်၂ဝလုပ်ပါ။ ပြီးနောက် ဗယ်ဘက်ကိုလည်း အလားတူပုံစံမျိုး အကြိမ်၂ဝပြုလုပ်ပါ။
၎။ မျက်နှာကျက်ကိုကြည့်ပြီး နဖူးကြောတွန့်ကြည့်ပါ။ မျက်နှာကျက်ကို ကစ်ပေးတဲ့ပုံစံလုပ်ပါ။ ပြီးရင် ပါးစပ်ကိုဆွဲဟကာ ကစ်ပေးတဲ့ပုံစံမျိုး ၁ဝကြိမ်လုပ်ပြီး ခဏပြန်နားပါ။
ဒီအချက်ကို၅ခါလေ့ကျင့်တဲ့အခါ သင့်ရဲ့လည်ပင်းနဲ့ မေးစေ့နားက အကြောတွေဆန့်ကာ အကြောပြေသလို အမှန်တကယ် ခံစားရပါလိမ့်မယ်။
၅။ ကုလားထိုင်မှာ ထိုင်ပါ။ မျက်နှာကျက်ကို မော့ကြည့်လိုက်ပါ။ ခေါင်းနောက်ဘက်သို့ ရွေ့ပြီး ပါးစပ်ဟထားပါ။
၆။ လျှာကို ထုတ်ပြီး သင့်မေးစေ့နဲ့ ထိဖို့ကြိုးစားကြည့်ပါ။ အဆိုပါ လျှာထုတ်နေတဲ့ပုံစံမျိုး ၁ဝကြိမ်တိုင်အောင် လေ့ကျင့်ကြည့်ပါ။
၇။ ပါးစပ်ထဲ လျှာကိုပြန်သွင်းပြီး ပြန်နားပါ။
အချက်၅မှ ၇ထိကို ၁ဝကြိမ်တိုင်အောင် ပြုလုပ်ပါ။
အဆိုပါအချက်၇ချက်ကို ယနေ့မှစပြီး လေ့ကျင့်ကြည့်မယ်ဆိုရင် လည်ပင်းကြောတွန့်ခြင်း၊ မေး၂ထပ်ဖြစ်ခြင်းနဲ့ အသားအရေပျော့တွဲကျခြင်းမှ ကာကွယ်နိုင်မှာ ဖြစ်ပါကြောင်း စာကြည့်တိုက်ရှိ ကျန်းမာရေးဆောင်းပါးမှ ဘာသာပြန်ကာ ဗဟုသုတမျှဝေပေးလိုက်ပါတယ်။
4 comments:
ဟုတ်လို့လားတောင်ထင်မိတယ်
(မယုံလို့မဟုတ်ပါဘူးနော် :)
ဒီနည်းကိုလူစည်တဲ့နေရာမှာ
သုံးလို့တော့မဖြစ်ဘူးး))
ပျော်ရွှင်ပါစေ...
Yes, Correct. If you do this exercise in your office, you can also practise it when you are alone or others will think you are mad! :-{
အဲဒီ လေ့ကျင့်ခန်းက တစ်နေ့ကို ဘယ်နှစ်ခါ လုပ်ရမှာတုန်း ဟင်... လုပ်ရမယ့် ဟာကြီးတွေက ဆိုးတယ်နော်... စဉ်းစားကြည့်လိုက် ရုံနဲ့ကို ရီစရာကြီး ဟီး....
အားရင် အားသလို လုပ်ပေါ့ကွယ်။ လုပ်နိုင်မှု များလေ ကောင်းလေပဲ။ အကြောပြေပါတယ်။
Post a Comment