ရေအေးအေးသောက်လေ့ရှိတတ်တဲ့သူတွေအဖို့တော့ ဒီပို့စ်လေးဟာ အသုံးတည့်လိမ့်မယ်လို့ ယူဆပါတယ်။ အစာစားနေစဉ် ရေအေးအေးသောက်ခြင်းဟာ အင်မတန်မှ နှလုံးအတွက် အန္တရာယ်များပါတယ်။ ဘာလို့လဲဆိုတော့ ရေအေးဟာ သင်စားလိုက်တဲ့ အဆီများပါတဲ့အစားအစာများကို အစိုင်အခဲဖြစ်စေပြီး အစာချေဖျက်မှုကို နှေးကွေးစေလိမ့်မယ်။ အဆိုပါအစိုင်အခဲလေးတွေဟာ အက်ဆစ်နဲ့ ဓါတ်ပြုပြီး ပြိုကွဲသွားကာ အူကနေပြီး သာမန်အစာတွေထက် ပိုမိုလျင်မြန်စွာ စုပ်ယူသွားပါတယ်။ ထို့နောက် အူနံရံမှာ ဖုံးလွှမ်းသွားပါလိမ့်မယ်။ တမဟုတ်ချင်းဆိုသလို အဆီအသွင် ပြောင်းလဲကာ ကင်ဆာအသွင်သို့ ဦးတည်လာတတ်ပါတယ်။ ဒါ့ကြောင့် စွတ်ပြုတ်ပူပူ (သို့) ရေနွေးပူပူလေးကို အစာစားပြီးတိုင်း သောက်ပေးနိုင်ပါက အကောင်းဆုံးပါပဲ။
တရုတ်နဲ့ဂျပန်လူမျိုးများဟာအစာစားပြီးတိုင်း ရေအေးအေးမသောက်ကြဘဲ ရေနွေးကြမ်းသောက်လေ့ရှိတတ်ကြတယ်။ ကျွန်တော်တို့လည်းပဲ အစာစားရင်း ရေနွေးကြမ်းသောက်တတ်တဲ့ သူတို့ရဲ့အလေ့အထကို စတင်ကြိုးစားကြည့်ကြပါစို့လား။
တရုတ်နဲ့ဂျပန်လူမျိုးများဟာအစာစားပြီးတိုင်း ရေအေးအေးမသောက်ကြဘဲ ရေနွေးကြမ်းသောက်လေ့ရှိတတ်ကြတယ်။ ကျွန်တော်တို့လည်းပဲ အစာစားရင်း ရေနွေးကြမ်းသောက်တတ်တဲ့ သူတို့ရဲ့အလေ့အထကို စတင်ကြိုးစားကြည့်ကြပါစို့လား။
အာလူးကြော်နဲ့ ဘာဂါများဟာ နှလုံးကျန်းမာရေးရဲ့ အကြီးမားဆုံးရန်သူကြီးပါပဲ။ ပြီးရင် အချိုရည်ကုတ် (coke)က သူတို့တွေထက် ပိုမိုအစွမ်းထက်တဲ့ နတ်ဆိုးကြီးပါပဲ။ သင့်နှလုံးကျန်းမာရေးအတွက် သူတို့လေးတွေကို ရှောင်ပါ။ (ဒါပေမဲ့ KFC, MC Donald & Burger King ဆိုင်တွေတော့ နေ့စဉ်နဲ့အမျှ လူတွေပြည့်နှက်နေလျှက်.....ဟဲဟဲ.....မီရှဲအကြိုက်ဆုံးအစားအစာတွေထဲက တခုအပါအဝင်ပါပဲ။) Las Vegasက အမေရိကန် ဟမ်ဘာဂါစားသောက်ဆိုင်နာမည်က Heart Attack Grillတဲ့။ ဆေးရုံအထူးပြုစားသောက်ဆိုင်ဖြစ်ပြီး ဆိုင်ရှင်က ဒေါက်တာ Jon Basso၊ ဝန်ထမ်းတွေက သူနာပြုအဝတ်အစားတွေနဲ့ စားသုံးသူများကိုလည်း ခွဲစိတ်ခန်းသုံးဂါဝန်ရှည်ကြီးတွေကို ဝတ်ဆင်စေပါတယ်။ မိမိမှာချင်တဲ့အစားအသောက်တွေရဲ့အော်ဒါများကို စားသုံးသူတွေရဲ့ လက်ကောက်ဝတ်မှာ ပတ်ထားပေးပြီး ဆရာဝန်က နားကြပ်နဲ့ စမ်းသပ်စစ်ဆေးမှု ပြုလုပ်ပေးပါတယ်။ ပေါင်၃၅၀ (၁၆၀ကီလို)ကျော်သူများကို အလကားကျွေးပါတယ်။ မမျှော်လင့်ဘဲ ၂ဝ၁၂ ဖေဖော်ဝါရီလ ၁၁ရက်နေ့က အသက်၎ဝကျော်အရွယ် စားသုံးသူတယောက်ဟာ triple bypass burgerကိုစားရင်းနဲ့ ရင်ဘတ်အောင့်၊ ဇောချွေးပြန် စကားထစ်လာပြီး HeartAttack ရကာ ဆေးရုံတင်လိုက်ရပါတယ်။ အောက်ပါဗီဒီယိုလေးကို ကြည့်ပါ။
HeartAttack ဖြစ်ပွားရတဲ့ အကြောင်းအရင်းမှာ နှလုံးကြွက်သားများက သွေးနဲ့အောက်ဆီဂျင် အလုံအလောက်မရရှိတဲ့အတွက်ကြောင့် ဖြစ်နိုင်သလို၊ နှလုံးသွေးလွှတ်ကြောသို့ဦးတည်သွားတဲ့ သွေးပြန်ကြော
များမှာ သွေးခဲပိတ်ဆို့မှုကြောင့်လည်း ဖြစ်နိုင်ပါတယ်။ သွေးခဲပိတ်ဆို့မှုကြီးမားပါက နှလုံးဆီသို့ သွေးစီးဆင်းမှု
ရပ်တန့်သွားနိုင်ပြီး အသက်အန္တရာယ်စိုးရိမ်ရပါတယ်။
အထူးသတိပြုမှတ်သားရမဲ့ Heart Attack လက္ခဏာများကတော့ ချောင်းဆိုးခြင်း၊ ရင်ဘတ်ထိုးထိုးအောင့်ခြင်း၊ မူးဝေခြင်း၊ အသက်ရှူမဝခြင်း၊ မျက်နှာမီးခိုးရောင်သမ်းခြင်း၊ မိမိဘဝအဆုံးသတ်ရမှာကို စိုးရိမ်ထိတ်လန့်ပူပန်နေခြင်း၊ ရင်ပူရင်ခေါင်းအောင့်ခြင်း၊ နှလုံးခုန်နှုန်းမူမမှန်ခြင်း၊ အစာမကျေအော်ဂလီဆန်ခြင်း၊ ခန္ဓာကိုယ် အေးစက်ပြီး ချွေးထွက်များခြင်းနဲ့ အော့အန်ခြင်းတို့ပဲ ဖြစ်ပါတယ်။ Heart Attackတိုင်းဟာ ရင်ဘတ်အောင့်တာကနေ ဖြစ်ပေါ်တယ်လို့ တရားသေမှတ်ယူလို့ မရပါဘူး။ အဆိုပါနာကျင်မှုများမှာ လည်ပင်း၊ မေးရိုး၊နားရွက်၊ လက်မောင်း၊ လက်ကောက်ဝတ်အထိ ပျံ့နှံ့နိုင်ပြီး အချို့သောသူများမှာ ပခုံးရိုး၊ ခါးနဲ့ဝမ်းဗိုက်ကနေပြီး နာကျင်ခံစားမှုမျိုးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ မေးရိုးတလျှောက် အလွန်အမင်းနာကျင်လာပါက အထူးဂရုစိုက် သတိရှိရပါတော့မယ်။ အထူးသဖြင့် ဆီးချိုသမားများမှာဖြစ်တတ်တဲ့ Heart Attackမျိုးက အဆိုပါလက္ခဏာမျိုးမပြဘဲ အသံတိတ်နဲ့ဝင်လာတတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ကျန်းမာရေးအသိရှိပါက အသက်ရှင်သန်နေထိုင်နိုင်ဖို့အခွင့်အလမ်းများများ ရရှိမှာဖြစ်ပါတယ်။

နှလုံးအထူးကုသမားတော်တယောက်က ပြောတယ်။ အဆိုပါသတင်းကို ဖတ်မိတဲ့သူတိုင်း လူ၁ဝယောက်ကို ဖြန့်ဝေပေးပါက အနည်းဆုံး အသက်တချောင်းကို ကယ်တင်နိုင်ပါလိမ့်မယ်။ ၄င်းကိုဖတ်ပြီး သူငယ်ချင်းတွေကို လက်ဆင့်ကမ်းပေးကြပါ။ သူ့တို့တွေရဲ့ အသက်ကိုကယ်တင်ရာ ရောက်ပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး သင့်မိတ်ဆွေသူငယ်ချင်းတွေအားလုံးကို မိတ်ဆွေစစ်မိတ်ဆွေမှန် ပီသစွာနဲ့ ဒီဆောင်းပါးလေးကို ဂရုတစိုက်လေး မျှဝေပို့ပေးကြရအောင်။
စကားချပ်- ဒီအကြောင်းအရာကို တခြားဘလော်ဂါများလည်း ဘာသာပြန်ဆိုထားသည်ကို တွေ့ရပါတယ်။ ကျွန်တော့်ဗဟုသုတလေးတွေ စုစည်းပြီးတော့ အနည်းငယ်ဖြည့်စွက်ထားပါတယ်။
3 comments:
အင်မတန်ဂရုစိုက်သင့်တဲ့ကျန်းမာရေးအသိပေးလေးပါဘဲ
ဝေမျှပေးတဲ့အတွက်.ကျေးကျေးပါယောင်းယောင်းရေး)
အမေကနှလုံးသမားဆိုတော့အမေ့အတွက်
မှတ်သွားပါတယ်။
နှစ်သစ်မှာပျော်ရွှင်ပါစေနော်..း)
ချစ်ခင်လျှက်
спосибо сестра အင်မတန်ကောင်းတဲ. ပို.စ်လေးပါဘဲ ။
Hi, Very Interesting post you have here... It would be my pleasure if you visit my website too. Here's the link http://motors.com.mm/?utm_campaign=mot_mm_lb_blog_riche&utm_source=mot_lb_blog&;
Post a Comment