လန်ဒန်ကင်းကောလိပ်က သုတေသနပညာရှင်များရဲ့လတ်တလောလေ့လာတွေ့ရှိချက်များအရ မှဲ့ရှိတဲ့လူများဟာ သူတို့နဲ့သက်တူရွယ်တူတွေနဲ့ ယှဉ်ရင် အသက်၇နှစ်လောက် ငယ်တယ်ထင်ရပြီး မအိုလွယ်တတ်ကြပါဘူး။ ဥပမာပြရရင် မာရီယာမွန်ရိုး နဲ့ စင်ဒီကရော့ဖို့ဒ်တို့လို မှဲ့ပိုင်ရှင်များဟာ အလှဆုံးစာရင်းဝင်များ ဖြစ်ကြပါတယ်။
သိပ္ပံပညာရှင်များတွေ့ရှိထားတာက မှဲ့ပေါများခြင်းဟာ အရိုးခိုင်ခြင်း၊ ကြွက်သားများ တောင့်တင်းခြင်း၊ နှလုံးနဲ့မျက်စိကောင်းမွန်ကြံ့ခိုင်ခြင်း၊ ပါးရေတွန့်မှု နည်းပါးခြင်းနဲ့ အရိုးပွမှုနှုန်း ၅၀%နီးပါး လျော့နည်းခြင်းတို့နဲ့ အပြန်အလှန်ဆက်စပ်နေကြောင်း၊ ဒါ့အပြင် မှဲ့ရှိသူများဟာ Telomeres (chromosomeခရိုမိုဇုန်းတိုင်းရဲ့ အဆုံးမှာ ပလပ်စတစ်အဖုံးလေးအသွင်ဖြင့် ခရိုမိုဇုန်းမပျက်စီးအောင်နဲ့ မပြောင်းလဲအောင်စောင့်ရှောက်ပေးတဲ့ DNAမျိုးပွားတဲ့ ဝန်းကျင်) သူများတွေထက် ပိုရှည်ကြတယ်လို့ ဆိုပါတယ်။
အသက်ကြီးလာတာနဲ့အမျှ Telomeresတွေဟာ သဘာဝအလျောက် ကျုံ့သွားကြပါတယ်။ Telomeresတိုရင် အသက်အိုမင်းရင့်ရော်မှုနဲ့ ဆက်စပ်တဲ့အခြေအနေအားလုံးကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ဥပမာ ပါးရေတွန့်ခြင်း၊ ဆံပင်ပါးခြင်း၊ အဆစ်ရောင်ရောဂါ၊ ကိုယ်အလေးချိန်တိုးခြင်းနဲ့ လျော့ခြင်း၊ သွေးတိုးခြင်း၊ ဆီးချို၊ အမြင်အကြားအာရုံချို့တဲ့ခြင်းစတဲ့ လက္ခဏာများပါဝင်ပါတယ်။
ဒါပေမယ့် အထက်ဖော်ပြပါလက္ခဏာများရှိသော်လည်း Telomeresရဲ့အတိုင်းအတာကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဟာ မှဲ့ပိုင်ဆိုင်တာထက် ပိုပြီးလိုအပ်ပါတယ်။ တခြားအချက်တွေဖြစ်တဲ့ အစားချို့တဲ့ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အဝလွန်ခြင်းနဲ့ စိတ်ဖိစီးမှုများဟာ သဘာဝဆဲလ်ပြိုကွဲခြင်းထက် Telomeresကို တိုစေဖို့ ပိုမိုမြန်ဆန်စေပါတယ်။ ဒီအချိန်အတောအတွင်း လေ့ကျင့်ခန်းပြုလုပ်ခြင်းဟာ Telomeresရှည်စေဖို့ ဆက်စပ်နေပါတယ်။
ကဲ မှဲ့မရှိတဲ့သူများ အားမငယ်ပါနဲ့။ Telomeresရှည်အောင် လေ့ကျင့်ခန်းနေ့စဉ်ပြုလုပ်ကြစို့လား။
4 comments:
ဗဟုသုတ ရတယ်... အင်း.. ကန်ဒီ့ မှဲ့က သေးသေးလေးရယ်.. အဲတော့ လေ့ကျင့်ခန်း လုပ်သင့်တယ် ဆိုတဲ့ သဘော.. :P
ယနေ့မှစ၍..
မှဲ့များသူဖြစ်အောင်ကြိုးစားရမည်း))
တို့အရွယ်လေးတွေ..နုပျိုနေစေဖို့
မှည့်တွေများအောင်..လုပ်ကြပါစို့းP
ဆောင်ပုဒ်အသစ်ပေါ့လကွယ် ဟိဟိ
မျှဝေပေးတဲ့.တယ်ရင်းယောင်းမလေးလဲး)
စိတ်သွားတိုင်းကိုယ်ပါ..
လိုရာဆန္ဒပြည့်ဝလို့..
ချောချောလှလှလေးနဲ့
အမြန်တွေ့ပါစေရှင်..း)
(ဆိုင်သော်ရှိ..မဆိုင်သော်ရှိပေါ့နော် ဟဲဟဲ)
ချစ်ခင်စွာနဲ့
သာမိစံ
Thank you for your new motto about moles.May fulfil of your wish & meet a handsome guy! :o
Post a Comment