ကျွန်တော်တို့ဟာ ရုံးမှာ တနေကုန် ပုံသေတသမတ်တည်း ထိုင်ပြီး အလုပ်လုပ်ချင်လုပ်ရမယ်၊ ဒါမှမဟုတ် တနေရာမှ တနေရာသို့ စက်ဘီး (သို့)ဆိုင်ကယ်တွေကို စီးပြီး သွားနေရမယ်ဆိုရင် ညအခါအိပ်ရာဝင်ချိန်၌ ခါးအနည်းငယ်နာခြင်းကို ခံစားရပါလိမ့်မယ်။
အဲဒါကို လုံးဝ လျစ်လျူမရှုပါနဲ့။ အဲဒါကနေ နောက်ထပ်ပြောင်းလဲပြင်းထန်ပြီး မသန်စွမ်း၊ မလှုပ်ရှားနိုင်ဘဲ ဖြစ်တတ်ပါတယ်။
မကြောက်ပါနဲ့။ မနက်တိုင်း အောက်ပုံပါ လေ့ကျင့်ခန်းများကိုသာ ၁၀မိနစ်ခန့်သာ လုပ်ကြည့်လိုက်ပါ။ ခါးနာခြင်းကို သိသိသာသာ သက်သာစေပါလိမ့်မယ်။
ကျန်းမာစေဖို့ စလိုက်ကြစို့နော်။
Simple Exercise 1 |
Simple Exercise 2 |
Simple Exercise 3 |
Simple Exercise 4 |
Simple Exercise 5 |
Simple Exercise 6 |
Simple Exercise 7 |
Simple Exercise 8 |
Simple Exercise 9 |
Simple Exercise 10 |
အဆိုပါလေ့ကျင့်ခန်းများကို ပြုလုပ်ခြင်းအားဖြင့် ကျန်းမာသန်စွမ်းပြီး ခါးနာခြင်းမှ ကင်းဝေးမှာ ဖြစ်ပါတယ်။
4 comments:
အံမယ်.ဟုတ်သားဟ
အရုပ်ကလေးတွေနဲ့ဆိုတော့ပိုပြီးတော့တောင်
ချစ်ဖို့ကောင်းသွားသေးတယ်း))
ကိုယ့်အခန်းထဲကိုယ်လုပ်မှဖြစ်မယ်
သူများဒွေမြင်တွားရင် ရှက်စရာကြီးကွယ် :P
မီရှဲတော့ အမြဲလိုလိုလုပ်ဖြစ်တယ်။ အိပ်ရာပေါ်မှာ။ ကျီးပေါင်းရှိလို့ ဆရာဝန်ကလည်း ဒီလေ့ကျင့်ခန်းမျိုးလုပ်ခိုင်းတယ်။ ဒါကြောင့် ဗိုက်ချပ်ချပ်ရပ်ရပ်နဲ့ မော်ဒယ်ကိုယ်လုံးဖြစ်နေတာ။ ကြွားပြန်ပြီ။ တကယ်တော့ ဘယ်လိုစားစား မဝတာ။ LOL
သူငယ်ချင်းလေးတစ်ယောက် အသက်ငယ်ငယ်ပါပဲ
အမြဲခါးနာနေတာ..သူ့ကိုပို့ပေးလိုက်ရလို့
အခုစိတ်ချမ်းသာနေတယ်
မျှဝေပေးလို့ကျေးဇူးပါရှင်..
တစ်ကယ်တော့ကျန်းမာရေးဆိုတာလူသားတွေအတွက်
အရေးအကြီးဆုံးပါပဲ....
ကျေးဇူးပါ မမဂျက်ရေ။ အခုလို ကျန်းမာရေးဗဟုသုတကိုမျှဝေပေးလို့ ဝမ်းသာပါတယ်။ လူတိုင်းလည်း လိုက်နာသင့်တယ်လေ။
Post a Comment