ပက်လက်အိပ်ရင်ကော မကောင်းဘူးလားလို့ မေးတဲ့သူရှိတဲ့အတွက် စာကြည့်တိုက်သွားရင်း မထင်မှတ်ဘဲ တွေ့မိလို့ ဓါတ်ပုံရိုက်ကာ ဘာသာပြန်ပြီး တိကျတဲ့အဖြေပြန်ပေးလိုက်ပြီနော်။
မှောက်လျက် (သို့) ပက်လက်အနေအထားနဲ့ ခြေထောက်ကိုဆန့်ပြီး အိပ်မယ်ဆိုရင်
ခါးအတွက် မကောင်းပါဘူး။ သဘာဝအလျောက် ခုံးနေတဲ့ကျောရိုးကို
ကောင်းစွာထိန်းသိမ်းစောင့်ရှောက်ပါ။ ပက်လက်အနေအထားအိပ်စက်ခြင်းဟာ
ကျောရိုးအောက်ပိုင်းကို ဖိမိသလိုဖြစ်သွားတဲ့အတွက် ပုံစံမကျပါ။
ခါးကျန်းမာရေးအတွက် အထက်ပါပုံများကတော့ အကောင်းဆုံး အိပ်စက်ပုံအနေအထားများ ဖြစ်ပါတယ်။
(A) ဘေးတိုက်အနေအထားနဲ့ အိပ်မယ်ဆိုရင် သင့်ရဲ့ ဒူးကောက်ကွေးကြားကို ခေါင်းအုံးညှပ်ထားပါ။
(B)ပက်လက်အနေအထားပဲ အိပ်တတ်သူ များအဖို့ ခေါင်းအုံးအကြီးတလုံးကို သင့်ရဲ့ ဒူးခေါင်းအကွေးအောက်မှာ ထားအိပ်ခြင်းဖြင့် ခါးအပေါ် သက်ရောက်မှု ဖိအား လျော့နည်းစေပါတယ်။
(C) မှောက်လျက်အိပ်မယ်ဆိုရင် သင့်ရဲ့ ဝမ်းဗိုက်အောက်ကို ခေါင်းအုံးအသေးလေး ခုပေးခြင်းဖြင့် ခါးကိုင်းညွတ်ကျခြင်းကို ကာကွယ်ပေးပါတယ်။ ဒါပေမယ့် အချိန်အတန်ကြာ မှောက်လျက်အိပ်ပါက သင့်ရဲ့ခါးရိုးအထက်ပိုင်းကို ထိခိုက်သက်ရောက်မှုများပြီး ကွေးကောက်စေပါတယ်။
မှတ်ချက်- ဘေးတိုက်အနေအထားအိပ်မယ်ဆိုရင် သင့်ရဲ့ခါးနဲ့ မွေ့ရာကြားမှာ တာဝါလေးခေါက်ထည့်ပြီး ကြိုးစားအိပ်ကြည့်ပါ။ ပက်လက်အနေအထားနဲ့ဆိုရင် တာဝါအလိပ်ကလေးကို ခါးအောက်မှာ ထားအိပ်ကြည့်ပါ။
3 comments:
ဟော...
မေးထားတာလေးတွေဖြေပေးထားတော့
အတိုင်းမသိ..၀မ်းသာရပါတယ်ရှင်။
ခေါင်းအုံးကြီးအောက်မှာခုအိပ်ကမှာဆိုတော့
အကျင့်ဖြစ်အောင်တော်တော်ကျင့်ယူရအုံးမယ်ထင်တယ်း(
အဲလိုအိပ်လို့ထင်ပါရဲ့..တစ်ခါတစ်ခါကျရင်
ခါးတွေအရမ်းနာနေတတ်တယ်..
ဗဟုသုတလေးတွေအတွက်..
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
mishell လည်းပျော်ရွှင်ပါစေနော်။
ဒါနဲ့စကားမစပ်..
သမီးစံစာမေးပွဲပြီးလို့..စာပြန်ရေးရင်
တဂ်စရာလေးရှိတယ်..ရေးပေးမယ်မှုတ်လားဟင်..
ဒီအဖြေကိုလည်းမျှော်နေပါတယ်ရှင်။
ခင်မင်လျှက်..
သမီးစံ
ှCertainly,I'm looking forward to seeing your new blog soon! Thanks for your best comment & wish.
ဟုတ်ကဲ့..တဂ်ပို့စ်လေးရေးပြီး
mishell ကိုတဂ်လိုက်ပြီနော်။း)
မအားလဲ..အားအောင်လုပ်ပြီးရေးပေးပါ :P
မြန်မာစာဂဏ်ထူးမှန်းပေးလို့ကျေးကျေးပါနော်..ဟီးးးး
အစ၊အဆုံးပြီးအောင်ဖတ်ပေးသွားတဲ့အတွက်လဲ..
ကျေးဇူးကမ္ဘာပါရှင်..။ :P
ပျော်ရွှင်ချမ်းမြေ့ပါစေ။
ချစ်ခင်စွာ....
Post a Comment