အိပ်စက်ခြင်းမှာ နည်းလမ်းကျဖို့ လိုပါတယ်။ ကျွန်ုပ်တို့ခန္ဓာကိုယ်ကို အလွန်အမင်းအိပ်စက်ခြင်း၊ အစားများများစားခြင်းဖြင့် ဒုက္ခမပေးသင့်ပါ။
အိပ်စက်ပုံ နည်းလမ်း
ညာဘက်ကို စောင်းအိပ်ခြင်းဟာ အကောင်းဆုံး အိပ်စက်ပုံနည်းလမ်းဖြစ်တယ်။ ဒါမှ အစာအိမ်ထဲရှိ အစာတွေက သက်တောင့်သက်တာနဲ့ အစာအိမ်ကနေ အခြားအစာချေအင်္ဂါံဆီသို့ အလွယ်တကူဖြတ်သန်းသွားလာနိုင်ပါတယ်။
ဗယ်ဘက်ကိုခေတ္တမျှ စောင်းအိပ်ခြင်းဟာ အစာအိမ်က အသည်းမှာ မှီခိုနားနေပြီး အသည်းအင်ဇိုင်းထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ သို့သော်လည်းပဲ ဗယ်ဘက်ကို ကြာရှည်စွာ စောင်းအိပ်မည်ဆိုပါက နှလုံးကို ထိခိုက်စေနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နှလုံးက အခြားအင်္ဂါံတွေဆီကို သူ့ပုံမှန်လုပ်ရတဲ့အလုပ်ထက် သွေးများစွာ သယ်ဆောင်ရပါတယ်။
အစာအိမ်ဘက်စောင်းအိပ်ခြင်းက အဆိုးဆုံးအိပ်စက်ခြင်း ဖြစ်ပါတယ်။ ဘာသိပ္ပံနည်းကျ အကြောင်းရင်းမှ မရှိပါဘူး။ ဒါပေမဲ့ ဆေးပညာရှင်ကြီးများရဲ့ အဆိုအရ အစာအိမ်ဘက် စောင်းအိပ်ခြင်းက အစာအိမ်ကို အားနည်းစေပြီး အစာအိမ်နာ ဝေဒနာခံစားရပါမယ်။
ကဲ- ဒီကနေ့ပဲ ကြိုးစားပြီး နည်းမှန်မှန်နဲ့ အိပ်ကြည့်ကြရအောင်။
2 comments:
အင်းးးးးးးးး
ဘယ်လိုပြောရပါ့။
တစ်ခါတစ်ခါကျရင်တော့ဘယ်ဖက်လှည့်အိပ်ဖြစ်တယ်
တစ်ခါတစ်ခါကျတော့ညာဖက်ရောက်သွားပြန်ရော:P
များသောအားဖြင့်တော့..ပက်လက်အိပ်ဖြစ်ပါတယ်။
အဲဒါကကော..ကောင်းလားဟင်?
ခင်မင်စွာ..
thameesan
ပက်လက်အိပ်တော့ ဘာမှပြောစရာမရှိတော့ဘူး။ ကောင်းမှာပါ။ ဘာမှထိခိုက်စရာမရှိဘူးလေ။ Balance ဖြစ်နေတော့။ ဟီး။
Post a Comment