Friday, September 1, 2017

ချွေးနံ့ပျောက်ဆေးနဲ့ ရင်သားကင်ဆာဆက်စပ်မှု

အခုလတ်တလောအတွင်း ချွေးနံ့ပျောက်ဆေး(deodorant)နဲ့ပတ်သက်ပြီး စိုးရိမ်သတိပေးမှုတွေ ကြားကောင်းကြားနေရပါမယ်။ လူတွေက သူတိုရဲ့သူငယ်ချင်းတွေကို အီးမေးလ်နဲ့ လူမှုကွန်ယက်ကနေတဆင့် ဒီမရှိမဖြစ်သုံးစွဲနေရတဲ့ချိုင်းချွေးနံ့ပျောက်ဆေးတွေဟာ ရင်သားကင်ဆာဖြစ်စေနိုင်တယ်ဆိုတာကို သတိပေးခဲ့ကြပါတယ်။ အမှန်တကယ်တော့ တစ်ချို့လူတွေက ဒီခြောက်လှန့်မှုကြီးမတိုင်မီက  ချွေးနံ့ပျောက်ဆေးသုံးခြင်းကို ရပ်ဆိုင်းခဲ့ကြပါတယ်။ အမေရိကန်ရုပ်ရှင်မင်းသမီးCameron Diazက deodorantမသုံးတာ နှစ်နဲ့ချီနေပါပြီ။ သင်ရဲ့ချွေးနံ့ပျောက်လိမ်းဆေးမစွန့်လွှတ်ခင် သင်လည်းပဲ ၄င်းရဲ့နောက်ကွယ်မှာ ရင်သားကင်ဆာနဲ့ဆက်စပ်တဲ့စိုးရိမ်မှုအကြောင်း အပြည့်အစုံကို နားလည်သိရှိသင့်ပါတယ်။ 
ပထမဦးဆုံး လူတော်တော်များများဟာ ဆေးဆိုင်မှချွေးနံ့ပျောက်ဆေးမှာ parabensပါဝင်မှုကြောင့် စိုးရိမ်မကင်းဖြစ်နေကြပါတယ်။ လတ်တလောမှာ သိပ္ပံပညာရှင်များက Applied Toxicologyဂျာနယ်မှာ ထုတ်ဝေထားတဲ့ လေ့လာမှုတစ်ရပ်ကို တင်ပြထားပါတယ်။ သုတေသီများက ကင်ဆာဝေဒနာရှင်အမျိုးသမီးအယောက်၄၀ထံမှ ရင်သားအသားစတစ်ရှူးနမူနာ၎မျိုးကို ရယူခဲ့ရာ စိတ်ဝင်စားဖွယ်ရလဒ်ကို တွေ့ရှိခဲ့ရပါတယ်။ 

အသားစကို ခွဲခြမ်းစိတ်ဖြာစစ်ဆေးပြီးနောက် တစ်ရှူးနမူနာ(tissue samples)ရဲ့ ၉၉ရာခိုင်နှုန်းလောက်များများမှာ parabensပါဝင်နေတာကို တွေ့ရှိရပါတယ်။ နောက်တခါ သိပ္ပံပညာရှင်တွေက samplesရဲ့ ၆၀%မှာ အနည်းဆုံး parabens၅မျိုးလောက်ပါဝင်ကြောင်း စုံစမ်းတွေ့ရှိရပါတယ်။ ဒါ့အပြင် တစ်ချို့လူနာတွေမှာ ချိုင်းကြားနေရာဝန်းကျင်မှာ ရင်သားကင်ဆာဝေဒနာခံစားကြရပြီး တစ်ချို့ကတော့ အဆိုပါဝေဒနာမျိုးတော့ မရှိကြပါဘူး။

သိပ္ပံပညာရှင်ရော သုံးစွဲသူနှစ်ဦးလုံးမှာ အဆိုပါရလဒ်များနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေ ဘာကြောင့်ရှိနေသလဲဆိုတာကို တွေ့မြင်နိုင်ပါတယ်။ တစ်ချိန်ထဲမှာ အဆိုပါလေ့လာမှုဟာ parabensက ရင်သားကင်ဆာဖြစ်စေတဲ့အကြောင်း ရှင်းလင်းစွာဆက်စပ်မနေပါ။

အမျိုးသမီးများဟာ ခန္ဓာကိုယ်နေရာမျိုးစုံကနေ ကင်ဆာဖြစ်ဖူးသောကြောင့် parabenပါဝင်သော ချွေးနံ့ပျောက်ဆေးမှ ကင်ဆာရရှိနိုင်တယ်ဆိုတဲ့ သက်သေဆိုတာလဲ မရှိသေးပါဘူး။ သို့သော်လည်း သိပ္ပံပညာရှင်များနဲ့ ကျန်းမာရေးပညာရှင်များက အဖြေများကို တရားဝင်အခိုင်အမာအတည်ပြုနိုင်အောင် သုတေသနပိုမိုလုပ်ဆောင်လာကြပါတယ်။ 

Parabensဆိုတာဘာလဲ?
parabensဆိုတာ တကိုယ်ရည်စောင့်ရှောက်မှုအသုံးအဆောင်ပစ္စည်းအတော်များများ(Personal care products)နဲ့ အစားအသောက်ထဲမှာတောင် မရှိမဖြစ်အသုံးပြုတဲ့ ဒြပ်ပစ္စည်းများ(synthetic ingredients)ဖြစ်ကြပါတယ်။ ကုမ္ပဏီများက ၄င်းကိုဦးစားပေးသုံးလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ parabensတွေက ဈေးပေါပြီး မှိုတွေနဲ့ဘက်တီးရီးယားရောဂါပိုးမွှားပေါက်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ မပုပ်သိုးမပျက်စီးလွယ်တဲ့အရာ (preservative)အနေနဲ့ လုပ်ဆောင်ပေးနိုင်သောကြောင့် ဖြစ်ပါတယ်။ 

parabensများကို အရေပြားကနေတဆင့် စုပ်ယူနိုင်သောကြောင့် လူတွေရဲ့သွေးကြောထဲသို့ အလွယ်တကူ ရောက်ရှိသွားနိုင်ပါတယ်။ အဲဒီပါဝင်နေကျဒြပ်ပစ္စည်းနဲ့ အဓိကစိုးရိမ်ရတဲ့အကြောင်းအရာကတော့ parabensတွေဟာ အားနည်းသော မဟော်မုန်း(Estrogen)နဲ့ဆင်တူတဲ့ အရည်အသွေးပြသပါတယ်။ Estrogenပမာဏမညီမျှခြင်းဟာ ကင်ဆာဖြစ်တည်မှုမှာ အရေးပါတဲ့အခန်းကဏ္ဍမှာ ပါဝင်ပြီး parabensကိုယ်တိုင်က နောက်ထပ်ကင်ဆာကြီးထွားမှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ 

လေ့လာမှုတစ်ရပ်အနေနဲ့ သိပ္ပံပညာရှင်များဟာ ဓါတ်ခွဲခန်းမှာ ရင်သားကင်ဆာဆဲလ်များကို အမှန်တကယ်ကြီးထွားပေါက်ဖွားခဲ့ပါတယ်။ ပြီးနောက် သူတို့ဟာ ကင်ဆာဓါတ်ပြုမှုကို လေ့လာဖို့ အခြားသောဓါတုပစ္စည်းများနဲ့ parabensပေါင်းစပ်ခဲ့ပါတယ်။ အဲဒီမှာ ကင်ဆာကparabensနဲ့ အခြားသောဓါတုပစ္စည်းရဲ့ ပေါင်းစပ်တဲ့ အကျိုးရလဒ်နဲ့အတူ အမှန်တကယ်ကြီးထွားရှင်သန်လာခဲ့ကြောင်း တွေရှိရပါတယ်။ parabensက သင့်တော်တဲ့အခြေအနေမှာ ကင်ဆာကြီးထွားမှုကို ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း သုတေသနလေ့လာမှုက သက်သေပြသော်လည်းပဲ အခုထက်ထိ ကင်ဆာဖြစ်စေနိုင်သောအရာ(Carcinogen)အဖြစ်နဲ့ တိုက်ရိုက်ဆက်စပ်မှု မရှိသေးပေ။

ခုခံတုံ့ပြန်မှုအနေနဲ့ ကျန်းမာရေးကျွမ်းကျင်ပညာရှင်တော်တော်များများက အစားအသောက်နဲ့အလှအပဆိုင်ရာပစ္စည်းတွေမှာပါဝင်တဲ့ parabensပမာဏမှာ ကင်ဆာကိုတိုက်ရိုက်ဖြစ်စေဖို့ အလွန်နည်းပါးကြောင်း ဆန့်ကျင်ပြောဆိုကြပါတယ်။ ဒါ့အပြင် parabenပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးက ရင်သားကင်ဆာဖြစ်စေဖို့ အန္တရာယ်တိုးပွားစေနိုင်တယ်ဆိုတာကို သုတေသနမှာလည်း မဖော်ပြထားသေးပါ။ 

အကယ်၍ ဆေးဆိုင်ကdeodorantကို သုံးစွဲတာနဲ့ပတ်သက်ပြီး အခြားစိုးရိမ်စရာ သင့်မှာမရှိဘူးဆိုရင် သင်သုံးနေကျတံဆိပ်ကို စိုးရိမ်ပြီး လွှင့်ပစ်စရာမလိုပါဘူး။ လူတွေက parabenပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးတွေကို ဆယ်စုနှစ်ပေါင်းများစွာ သုံးစွဲနေကြပြီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆိုးဆိုးရွားရွားထိခိုက်တာတော့ မသိရှိရသးပါဘူး။ 

အခြားတစ်ဘက်မှာ ကာကွယ်မှုတစ်ရပ်အနေနဲ့ parabensပါဝင်တဲ့ပစ္စည်းတွေ ဝယ်ယူခြင်းကို သတိရှိစွာ ရှောင်ကြဉ်ကြဖို့ သင်သေချာစွာရွေးချယ်ပါ။ Pennsylvaniaနိုင်ငံ Marisa Weiss, MDလို့ အမည်ရတဲ့ the Lankenau Medical Centreမှ ဆရာဝန်မတစ်ယောက်က လုံခြုံ စိတ်ချဘေးကင်းစွာနေထိုင်ကျင့်ကြံရင် ဘာမှထိခိုက်စရာအကြောင်းမရှိကြောင်း သူမကိုယ်တိုင်လဲ သူမရဲ့ပစ္စည်းတွေကို တတ်နိုင်သမျှ သဘာဝဖြစ်ကိုသာ သုံးစွဲပြီး parabenပါဝင်တဲ့ပစ္စည်းတွေကို ရှောင်ကြဉ်ကြောင်း သုံးသပ်ပြပါတယ်။ 

မကြာသေးမီက parabenကို အသေးစိတ်ဆန်းစစ်မှုတွေ လုပ်ဆောင်နေသော်လည်းပဲ ချွေးနံ့ပျောက်ဆေးနဲ့ရင်သားကင်ဆာမှာ နည်းပါးတဲ့parabenပမာဏနဲ့ တိုက်ရိုက်ဆက်သွယ်နေတယ်ဆိုတာကို လေ့လာမှုမှာ မတွေ့ရှိရသေးပါ။ အမှန်တကယ်မှာတော့ ချွေးနံ့ပျောက်လိမ်းဆေးများမှာ ပါဝင်တဲ့ပစ္စည်း(Ingredient)တစ်ခုအနေနဲ့ parabensသုံးစွဲမှုကို ရပ်တန့်လိုက်ပြီဖြစ်တာကြောင့် ဘာပဲဖြစ်ဖြစ် စိုးရိမ်စရာအကြောင်းလျော့ကျသွားပါတယ်။ အကယ်၍ သင့်မှာ မရေရာမသေချာမှုတွေ ရှိနေသေးတယ်ဆိုရင်တော့ ဘေးကင်းစိတ်ချစေဖို့ သဘာဝဖြစ်ချွေးနံ့ပျောက်ဆေးကိုသာ ပိုမိုရွေးချယ်သုံးစွဲကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

Reference- The Link Between Deodorant & Breast Cancer written by Dr.Manny Alvarez from Fox News Channel published on 7 Aug 2017)

No comments: