Saturday, August 12, 2017

ဆေးဆိုင်မှာ ပိုက်ဆံကို ဘယ်လိုချွေတာစွာသုံးစွဲမလဲ

နေလောင်ခံခရမ်ကို ဝယ်ဖို့ရွေးချယ်မယ်ဆိုရင် SPF (sun protection factor)50ကို ရွေးမလား?100ကို ရွေးမလား။
ကျွမ်းကျင်သူပညာရှင်များရဲ့အဆိုအရ SPFအရေအတွက်များလေ ဈေးပိုကြီးလေလေတဲ့။ SPF50ထက်ပိုတဲ့ ပစ္စည်းတွေအတွက်နဲ့ ပိုက်ဆံကိုမဖြုန်းလိုက်ကြပါနဲ့။ ဘာလို့လဲဆိုတော့ SPFများခြင်း၊ SPF50ထက်ပိုခြင်းဟာ ဘယ်လောက်မှသိသိသာသာကြီး သိပ်မကွာပါဘူး။ ဒါကြောင်ုSPF50လောက်ကိုပဲ ရွေးလိုက်ပါ။ သင်အကုန်အကျသက်သာပါလိမ့်ပါမယ်။

Generic Brandသုံးပြီး ပိုက်ဆံချွေတာပါ။
အအေးမိဖျားနာဆေး၊အကိုက်အခဲပျောက်ဆေးကို ဝယ်ကြမယ်ဆိုပါစို့။ Brand Nameကို ရွေးမလား? Generic Nameကို ရွေးမလား။
ဆရာဝန်က အကယ်၍ ဓါတုဗေဒ(သို့)ဇီဝဗေဒအကျိုးသက်ရောက်မှုကို ထုတ်ပေးတဲ့ အရာ(Active Ingredient)က Brand Nameအတိုင်း တူညီတယ်ဆိုရင်တော့ Generic Nameကိုသာ ရွေးချယ်လိုက်ပါလို့ ပြောပါတယ်။ သင်ပိုက်ဆံ$10လောက် သက်သာကောင်းသက်သာသွားနိုင်တယ်။ ဗူးခွံပေါ်ကစာကို သေချာဖတ်ပြီး နှိုင်းယှဉ်ကြည့်လို့ တူတယ်ဆိုရင် ဈေးပေါတဲ့Generic Nameကိုသာ ဝယ်လိုက်ပါ။

အမျိုးသမီးအသုံးအဆောင်ပစ္စည်းတွေက အမျိုးသားသုံးပစ္စည်းနဲ့ဆင်တူပေမဲ့ ဈေးပိုပေးရတဲ့ (Pink Tax)ပစ္စည်းတွေကို ရှောင်ပါ။
ကျွမ်းကျင်သူများရဲ့အဆိုအရ အမျိုးသမီးတွေဟာ နေ့စဉ်အသုံးအဆောင်ပစ္စည်းအတွက် အမျိုးသားတွေထက် ပျမ်းမျှ$1400ပိုမိုသုံးစွဲနေရပါတယ်။ ဥပမာ- ချွေးနံ့ပျောက်လိမ်းဆေး၊ ခေါင်းလျှော်ရည်၊ အမွေးကျွတ်လိမ်းဆေးစတဲ့အသုံးအဆောင်ပစ္စည်း ဝယ်တော့မယ်ဆိုရင် Active Ingredientတွေကို သေချာစစ်ပြီး အမျိုးသားသုံးနဲ့အားလုံးနီးပါးတူတယ်ဆိုရင် အမျိုးသမီးတွေက အမျိုးသားသုံးပစ္စည်းကိုပဲ ဝယ်လိုက်ပါ။ဈေးအများကြီးပေါပြီး ငွေကုန်ကြေးကျ သက်သာပါလိမ့်မယ်။

ကဲ- မိတ်ဆွေတို့ ဒီနည်းလေးကိုအသုံးချပြီး ငွေကိုအကျိုးရှိစွာနဲ့ ခြိုးခြံချွေတာလိုက်ရအောင်...........

Reference- https://www.nbcnews.com/better/video/how-to-save-money-on-sunscreen-and-other-items-at-the-drug-store-1019846211598

(ဗီဒီယိုထဲက စကားများကို ဆီလျော်စွာ ဘာသာပြန်ထားပါတယ်။)



No comments: