Sunday, February 5, 2017

လုပ်ငန်းခွင်အတွင်း သင့်ကျန်းမာရေးကောင်းမွန်တိုးတက်စေမဲ့ နည်းလမ်း၅သွယ်

အိမ်မှာထက် အလုပ်မှာ သင်အချိန်ပေးရတာပိုများတဲ့အတွက် သင့်ရဲ့ရုံးခန်းနေရာကလေးကို တတ်နိုင်သမျှ ကျန်းမာရေးနဲ့ကိုက်ညီအောင် ပြင်ဆင်ထားပါ။ အလုပ်ခွင်ကို အားကစားပစ္စည်းကိရိယာမသယ်ဆောင်နိုင်သောကြောင့် သင့်ရဲ့နေ့စဉ်ဘဝလုပ်ငန်းဆောင်တာမှာ အနည်းငယ်ရိုးရှင်းသောပြောင်းလဲမှုကို ပြုလုပ်ပေးခြင်းခြင်းက ထူးခြားမှုကို ဖြစ်စေနိုင်ပါတယ်။ 
၁။ ပိုလှုပ်ရှားပါ။ (Move around more)
လေ့လာဆန်းစစ်မှုအရ အချိန်အကြာကြီးထိုင်ပြီးရင် အနည်းဆုံး၂နာရီကြာ လှုပ်ရှားဖို့လိုအပ်ပါတယ်။ အခုအခါ အလုပ်ခွင်မှာ ဆန်းပြားလှတဲ့ ကွန်ပျူတာပရိုဂရမ်တွေနဲ့ အလုပ်လုပ်ရတဲ့အခါ ဘယ်အချိန်မှာအနားပေးရမယ်၊ ကိုယ်ခန္ဓာဆန့်တန်းလေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာ သင့်ကိုအသိပေးဖို့   မလွယ်ကူပါဘူး။ 
ဒါကြောင့် သင့်အလုပ်တနေ့တာလုံးမှာ ရွေ့လျားလုပ်ဆောင်ခြင်းဟာ အလွန်အရေးပါပါတယ်။ သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာအတွက် ကောင်းမွန်ရုံသာမက ကုန်ထုတ်စွမ်းအားကို မြှင့်တင်တိုးပွားစေပြီး လက်ရှိလုပ်ငန်းအပေါ် ပိုမိုအာရုံစိုက်နိုင်ကြောင်း လေ့လာမှုမှာ တွေ့ရှိရပါတယ်။ 
၂။သဘာဝတရားနဲ့အနည်းငယ်ထိတွေ့မှုရှိပါစေ။ (Have a little touch of nature)
သဘာဝတရားနဲ့ထိတွေ့မှုက တီထွင်ဖန်တီးမှုအားနဲ့ ကျန်းမာစိတ်ရွှင်လန်းမှုကို လှုံ့ဆော်စေပါတယ်။ Sansevieriaခေါ် မြွေပင်နဲ့တူသော အစိမ်းရောင်အရွက်များရှိတဲ့အပင်တွေဟာ သင့်ရုံးခန်းရဲ့ လေထုအရည်အသွေးကို တိုးတက်စေနိုင်ပါတယ်။ 
ရှားစောင်းပင်(Cacti)သို့မဟုတ် ရနံ့ပြင်းတဲ့ပန်းပွင့်များဟာ စိတ်မသက်မသာဖြစ်ကောင်းဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်အာရုံရှုပ်ထွေးမှုအသွင်မပြောင်းအောင်  အပင်တွေကို အတတ်နိုင်ဆုံး အနည်းဆုံးထားပေးပါ။ 

၃။အပြင်မှာ ထွက်စားပါ။ (Eat outside)
အလုပ်လုပ်နေစဉ်အတွင်း အရေးကြီးဆုံးအရာများထဲမှတစ်ခုကို သင်လုပ်နိုင်တာကတော့ သင့်စားပွဲပေါ်မှာ မစားသောက်ဖို့ဘဲဟု ဒေါက်တာဂရာဟမ်ကပြောပါတယ်။ သင့်ကိုယ်ပိုင်ပတ်ဝန်းကျင်ကနေ ထွက်လာပြီး သင်သွားနိုင်မယ့် သီးသန့်နေရာလေးတစ်ခုမှာ  ဖြစ်နိုင်ရင် အခြားလူများနဲ့ နေ့လည်စာစားပါ။ ဒါဆိုရင်  နေ့လည်ခင်းခဏတာနားချိန်ကို သင်အမှန်တကယ်ရရှိနိုင်မှာ ဖြစ်ပါတယ်။ 
သင့်အလုပ်စားပွဲနဲ့ဝေးရာမှာ အမှန်တကယ်ခေတ္တအနားယူလိုက်ခြင်းက နောက်တနေ့နေ့ဝက်စာအတွက် သင့်ဦးနှောက်ဖွံ့ဖြိုးနိုးကြားစေဖို့ ပြန်ထိန်းညှိပေးရာမှာ အထောက်အကူဖြစ်စေပါတယ်။ ဒါ့အပြင် အဓိပ္ပာယ်မဲ့၊ ဆင်ခြင်တုံတရားမဲ့စွာ အင်တာနက်အသုံးပြုရင်း အချိန်ဖြုန်းခြင်းမှလည်း တားဆီးကာကွယ်ပေးပါတယ်။ 


၎။ ကိုယ်နေဟန်ထားကောင်းကောင်းထားပါ။ (Keep a good posture)
ကိုယ်နေဟန်ထားက ကျန်းမာရေးနဲ့ လုပ်ငန်းခွင်စွမ်းဆောင်မှု ၂မျိုးစလုံးမှာ အလွန်အရေးပါကြောင်း ဒေါက်တာဂရာဟမ်ကပြောပါတယ်။ တည့်မတ်စွာထိုင်ပြီးအလုပ်လုပ်ခြင်းက တာဝန်ကိုပြီးမြောက်အောင်မြင်ခြင်းဆိုတဲ့ ခံစားမှုကို ပေးစွမ်းနိုင်သလို လေးတွဲ့စွာမှီပြီး ကိုယ်ကိုကိုင်း၍ ထိုင်နေခြင်းက သင့်ကို ပင်ပန်း၊ ပျင်းရိစေပါတယ်။ 
အလုပ်ခွင်မှာ သင့်လျော်သော ကိုယ်နေဟန်ထားကို ထောက်ပံ့ပေးသော သက်တောင့်သက်သာနဲ့အကျိုးထိရောက်မှုကောင်းတဲ့ ဒီဇိုင်းပုံစံ စားပွဲကုလားထိုင်ကို အသုံးပြုပါ။ သို့မဟုတ် အချက်ပြsensorစက်လေး ဝယ်ပြီး သင့်ရဲ့ရှပ်အင်္ကျီမှာ တွယ်ကပ်ထားပါ။ သင်ပျင်းရိလေးတွဲ့နေတယ်လို့ ခံစားနေရရင် အဲဒီစက်က တုန်ခါပြီးအချက်ပေးပါလိမ့်မယ်။


၅။ အလင်းရောင်ကို ထိန်းညှိပါ။ (Adjust your lighting)
ဖြစ်နိုင်ရင် ပြတင်းပေါက်နားမှာထိုင်ပါ။ သဘာဝအလင်းရောင်က သင့်ရဲ့စိုးရိမ်ကြောင့်ကြမှုပမာဏ(stress levels)နဲ့ ဇီဝကမ္မဖြစ်စဉ်ရှိ၂၄နာရီစက်ဝန်း(circadian rhythm)ကို ထိန်းချုပ်ပေးပါတယ်။ အကယ်၍ ၂မျိုးလုံးဟာ သင့်တော်တဲ့ပမာဏမှာရှိနေလျှင် နေ့ခင်းမှာ သင်ပိုမိုသွက်လက်တက်ကြွတာကို ခံစားရပြီး ညဘက်မှာ သင်ကောင်းကောင်းအိပ်ပျော်လာပါလိမ့်မယ်။ 
အကယ်၍ ပြတင်းပေါက်မရှိဘူးဆိုရင်တော့ သင့်ရဲ့အလင်းရောင်ကို ညှိပေးပါ။ ပြာလဲ့လဲ့အလင်းရောင်က တွေးခေါ်မှုအားကောင်းစေပြီး နွေးထွေးတဲ့မီးရောင်က လူမှုဆက်ဆံရေးအတွက် ကောင်းစေပါတယ်။ မျက်စိအားစိုက်မှုကိုကာကွယ်တားဆီးဖို့ အနီးအနားမှာ အဖွင့်အပိတ်လုပ်နိုင်မဲ့ စားပွဲတင်မီးအိမ်လေးတစ်လုံးကို ထားပေးပါ။
(Reference- 5 ways to improve your health in the workplace- written by Kaith D-MIMS)

No comments: