Saturday, January 14, 2017

သူနာပြုများ အတင်းအဖျင်းပြောတတ်တဲ့လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ?

အတင်းအဖျင်းပြောခြင်းဟာ မည်သည့်လုပ်ငန်းခွင်မှာမဆို ဖြစ်ပေါ်လေ့ရှိပါတယ်။ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းတွေအနေနဲ့ ချွင်းချက်တစ်ခုမဟုတ်ပါဘူး။ ဝန်ထမ်းများ သဘောသဘာဝအတိုင်း အချိန်တိုအနားပေးတဲ့အချိန်(short break)နဲ့ အဆိုင်းပြောင်းတဲ့အချိန်(shift changes)အတွင်းမှာ အချိန်ယူပြီး စုပေါင်းဝိုင်းဖွဲ့ကာ ပြောလေ့ရှိပါတယ်။ သူနာပြုများဟာ အထူးသဖြင့် အလုပ်ခွင်မှာ အတင်းပြောတတ်တဲ့အကျင့်ဖြစ်လေ့ရှိသော ဝန်ထမ်းအုပ်စုတစ်ခုဖြစ်ပါတယ်။ ဒီလိုပြောလို့ သူနာပြုတွေ စိတ်မဆိုးသွားနဲ့ဦးနော်။ ဘယ်အလုပ်မှာမဆို ဒါတွေရှိတတ်ပါတယ်။ Tongue out and winking
လူတွေဘာကြောင့် အတင်းပြောရတာကို နှစ်သက်ကြပါသလဲ (Why exactly do people like to gossip?)
သုတေသနလေ့လာချက်အရ အတင်းအဖျင်းပြောခြင်းဟာ လူမှုဆက်ဆံရေးလုပ်ဆောင်မှုတစ်ရပ်အဖြစ် ရှုမြင်ပြီး စိတ်လှုပ်ရှားစရာနဲ့ဖျော်ဖြေရေးလှုပ်ရှားမှုတစ်ခုလို့ မှတ်ယူကြပါတယ်။ ကံမကောင်းစွာဘဲ ဒီကိစ္စကို မကြာခဏပေါ့ပေါ့ပဲထားကာ အဆိုပါလမ်းကြောင်းရဲ့ အန္တရာယ်သက်ရောက်မှုအကျိုးကို  လူအများစုသတိမမူတဲ့စံတစ်ခုအဖြစ် သတ်မှတ်ထားကြပါတယ်။ အတင်းအဖျင်းပြောတဲ့ထဲမှာ ပါဝင်ပတ်သက်ခြင်းဟာ မနှစ်မျို့စက်ဆုပ်ဖွယ်ကောင်းရုံသာမက ပညာရှင်မဆန်လှပါ။ အဆိုးဆုံးကတော့ အတင်းပြောခြင်းက ဝန်ထမ်းများအကြား မိတ်ပျက်စေဖို့ ဖန်လာတတ်ပြီး တစ်စုံတစ်ယောက်ရဲ့ အသက်မွေးဝမ်းကျောင်းကိုပါ ထိခိုက်ဆုံးရှုံးစေနိုင်ပါတယ်။

Tongue out and winkingအတင်းအဖျင်းပြောတတ်တဲ့လုပ်ဖော်ကိုင်ဖက်များနဲ့ပေါင်းသင်းဆက်ဆံခြင်း
အခြားလူတွေရဲ့စိတ်နေစိတ်ထားကို ပြောင်းလဲရတာ လွယ်ကူလှတာမဟုတ်။ တစ်စုံတစ်ယောက်ကိုအတင်းပြောတာရပ်တန့်ဖို့အကြုံပြု ရတာဟာ စိတ်ဝင်စားစရာအကောင်းဆုံးစိတ်ကူးဖြစ်ချင်မှဖြစ်မယ်(သို့) တစ်ယောက်ယောက်ကို အလုပ်လုပ်ဖို့ အာမခံပေးလိုက်တယ်ဆိုပါစို့။ သို့သော် ကျွန်တော်တို့ရဲ့ထိန်းချုပ်မှုထက်ကျော်လွန်လာစရာမရှိဘူးလို့ မဆိုနိုင်ပါဘူး။ အောက်ပါအချက်၅ချက်က အတင်းပြောသောလုပ်ဖော်ကိုင်ဖက်များနဲ့အတူ ကိုင်တွယ်ဖြေရှင်းကူညီနိုင်ဖို့ သင်လုပ်ဆောင်နိုင်ပါတယ်။ 

၁။ သင်နဲ့မသက်ဆိုင်တဲ့အခြားလူတွေအကြောင်းပြောတဲ့စကားဝိုင်းထဲမှာ ပါဝင်ဆွေးနွေးခြင်းကိုရှောင်ပါ။(Avoid participating in conversations about other people that do not concern you)
အတင်းပြောတဲ့စက်ကွင်းရဲ့ တစ်စိတ်တစ်ပိုင်းထဲမှ ရှောင်ကွင်းဖို့ သင့်အတွက်အလွယ်ကူဆုံးအရာများထဲကတစ်ခုကတော့ ရိုးရှင်းစွာရှောင်ထွက်သွားလိုက်ပါ။ ဘာပဲဖြစ်ဖြစ် သင်နဲ့မဆိုင်တဲ့အခြားလူတွေအကြောင်း ပြောတဲ့စကားဝိုင်းထဲမှာ မပါဝင်တာက အကောင်းဆုံးပါပဲ။ အတင်းဆိုတာ တစ်ယောက်နဲ့တစ်ယောက်မျက်နှာချင်းဆိုင်ပြောနိုင်သလို လူမှုကွန်ယက်(social media)ပေါ်မှာလည်းပြောဆိုနိုင်ကြောင်း သတိချပ်ပါ။ သတင်းတွေကို social mediaကနေတစ်ဆင့် ချက်ချင်းလျင်မြန်စွာ ပျံနှံ့အောင်လုပ်နိုင်ပါတယ်။ အဲဒါက တစ်ခြားသူကို နာကျင်မှုနဲ့အရှက်ရစေပြီး စော်ကားတဲ့အတိုင်းအတာအထိ ရောက်သွားနိုင်ပါတယ်။ ဘာအကြောင်းအရာပဲပြောပြော မှန်ကန်စွာပြုမူရမှာက အဲဒီစကားဝိုင်းထဲမှာ မပါဝင်အောင် ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။ 

၂။ အကျဉ်းအကျပ်ထဲမမျှော်လင့်ဘဲပါဝင်ပတ်သက်မိလျှင် အကြောင်းအရာကို ပြောင်းပစ်လိုက်ပါ။ 
(If caught in the situation, change the subject)
တစ်ခါတစ်ရံ တစ်ခြားသူတွေအတင်းအဖျင်းပြောဖို့ အစပျိုးမယ့်နေရာထဲမှာ ကျွန်တော်တို့မသိမသာရောက်ရှိသွားတတ်ကြပြီး အဲဒါကိုရှောင်ကွင်းဖို့ အမြဲတမ်းမဖြစ်နိုင်ပါဘူး။ အဲဒီအခြေအနေမျိုးမှာ အရေးကြီးဆုံးအရာက အဲဒီပုဂ္ဂိုလ်ကိုနောက်ထပ်စကားလက်ဆုံကျဖို့  အားမပေးဖို့ဘဲဖြစ်ပါတယ်။အဲဒီအကြောင်းအရာနဲ့ပတ်သက်ပြီးမေးခွန်းများစွာမေးမှသာ ဆွေးနွေးမှုကြာရှည်ခြင်းက သင်စိတ်ဝင်စားကြောင်း ပြသမှာဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ အတင်းဆိုတာ အခြေအနေ၊အဖြစ်အပျက်တစ်ခုမှ တစ်ခြားတစ်ခုဆီကို ဦးတည်သွားနိုင်သောကြောင့် အကြောင်းအရာကိုပြောင်းလဲခြင်းအားဖြင့် စကားလက်ဆုံလွဲဖို့ ကြိုးစားပါ။

၃။ ကောလဟာလများမဖြန့်ရ။(Do not spread rumours)
အကယ်၍ တစ်စုံတစ်ရာ(သို့)တစ်စုံတစ်ယောက်နဲ့ပတ်သက်ပြီး သင်မတော်တဆကောလဟာလများ ကြားမိခဲ့ရင်တောင်မှ အခြားသူတွေကို မပြောမိပါစေနဲ့။ အခြေအမြစ်မရှိတဲ့သတင်းစကားများကို ဖြန့်ဝေခြင်းဟာ အစပိုင်းမှာ သိပ်သိသာထင်ရှားတယ်လို့မထင်ရတဲ့ အပျက်သဘောအကျိုးဆက်များ (negative consequences) ရှိနိုင်ပါတယ်။ အထူးသဖြင့် နည်းပညာအကူအညီနဲ့ ကောလဟာလဟာ တောမီးသဖွယ် ပျံ့ပွားလွယ်ပါတယ်။ ဒါကြောင့် သတင်းအချက်အလက်များ သင်အတည်မပြုနိုင်သောအခါ အတင်းအဖျင်းပြောခြင်းကို ရှောင်ရှားသင့်ပါတယ်။ ဒါ့အပြင် အချက်အလက်တွေမှန်ပေမယ့် အလွန်အသေးအမွှားကိစ္စရပ်ဖြစ်ပြီး သင်နဲ့မသက်ဆိုင်ဘူးဆိုရင်တော့ လျစ်လျူ ရှုလိုက်တာအကောင်းဆုံးပါပဲ။

၎။ အပြုသဘောဆောင်တဲ့ မိတ်ဆွေအုပ်စုအဖွဲ့ကို တည်ဆောက်ပါ။(Build a positive circle of friends)
မတော်တဆကွယ်ရာမှာ မရည်ရွယ်ဘဲ သူများကိုထိခိုက်စေမဲ့အကြောင်းနဲ့ အတင်းပြောခြင်းမှ ကိုယ့်ကိုယ်ကိုကာကွယ်တားဆီးဖို့အချိန်ကျရောက်လာတဲ့အခါမှာ ကိစ္စရပ်များစွာကို အပြုသဘော၊အကောင်းမြင်စကားပြောဆိုမှုကို မွေ့လျော်တတ်သူတွေနဲ့ သင်ပေါင်းသင်းဝန်းရံပါ။ သူနာပြုများအဖို့ နာရီပေါင်းများစွာကြာရှည်စွာလုပ်ပြီးနောက် စိတ်ဖိစီးမှုသက်သာရာရဖို့ လူမှုဆက်ဆံရေး(socialising)က အထောက်အကူပေးနိုင်တာကို နားလည်ပေးနိုင်ပါတယ်။ သို့သော်လည်း  အပျက်သဘောအတင်းပြောခြင်း(negative gossip)က စိတ်ခံစားဆိုင်ရာပင်ပန်းနွမ်းနယ်မှု(emotional exhaustion )နဲ့ ကိုယ်ပိုင်စိတ်အာရုံ၊အသိခံစားချက်မရှိဘဲ ပျံ့လွင့်နေခြင်း(depersonalization)တို့နဲ့ အပြုသဘောဆက်နွယ်နေကြောင်း သုတေသနစမ်းသပ်ချက်မှာ တွေ့ရပါတယ်။ အဲဒီလိုဖြစ်နေရင် နောက်ဆုံးမှာ သင့်ရဲ့သဘောထား(attitude)နဲ့ အလုပ်စွမ်းဆောင်ရည်( work performance)ကို ထိခိုက်စေနိုင်ပါတယ်။ အပျက်သဘောအတင်းပြောခြင်းဓလေ့စရိုက်ကိုပြု ပြင်ပြောင်းလဲခြင်းကို တစ်ဦးတစ်ယောက်ချင်းက အရေးပါသောအစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်ဖို့လိုပြီး အဲဒါကိုအပြုသဘောဆောင်သောနည်းလမ်းနဲ့ အခြားသူတွေကိုလွှမ်းမိုးခြင်းအားဖြင့် လုပ်ဆောင်နိုင်ပါတယ်။

၅။ အမြဲတမ်းယဉ်ယဉ်ကျေးကျေးနဲ့ ပညာရှင်ဆန်ဆန်နေပါ။(Always be courteous and professional)
အတင်းပြောသူတွေမှာ နားထောင်ဖို့ပရိသတ်လိုပါတယ်။ သူတို့ကိုအားပေးထောက်ခံမှုမရှိရင်(သို့) သူတို့ကြားချင်တဲ့ တုံ့ပြန်မှုမျိုးမရခဲ့ရင် သူတို့ဟာ တမင်တကာသင့်ကို ရင်းရင်းနှီးနှီးမရှိ၊အဖတ်မလုပ်ဘဲ ဆက်ဆံပြုမူလာပါလိမ့်မယ်။ အလားတူအပြုအမူမျိုးတုံ့ပြန်ခြင်းဟာ ပညာရှင်ကျင့်ဝတ်မဆန်ကြောင်း ဖော်ပြကာ ညံ့ဖျင်းတဲ့ပေါင်းသင်းဆက်ဆံရေးက ဘယ်အခြေအနေကိုမဆို ပို၍ကောင်းမွန်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဒီအခြေအနေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အကောင်းဆုံးအရာက အမြဲတမ်းယဉ်ကျေးဖော်ရွေမှုရှိခြင်းနဲ့ လူတိုင်းကို ကြင်ကြင်နာနာ၊ရိုသေလေးစားမှုနဲ့ ဆက်ဆံဖို့ပဲဖြစ်ပါတယ်။ 

ကျန်းမာရေးစောင့်ရှောက်မှုပတ်ဝန်းကျင်မှာ အတင်းပြောခြင်းဓလေ့ကူးစက်ပျံ့နှံ့မှုဟာ အများသောအားဖြင့် ကြီးမားတဲ့စိုးရိမ်ပူပန်မှုကြီးတစ်ရပ်အဖြစ် မသတ်မှတ်ကြပါဘူး။ သို့သော်အမှန်တကယ်တော့ အဲဒါဟာအလုပ်စွမ်းဆောင်ရည်အပေါ် အကျိုးသက်ရောက်မှုရှိစေပါတယ်။ သွယ်ဝိုက်သောအကျိုးဆက်အနေနဲ့ အဲဒါက ကျန်းမာရေးပညာရှင်များဟာ သူတို့ရဲ့လူနာတွေကို ဘယ်လိုကောင်းမွန်စွာ ဆက်ဆံသလဲဆိုတာကို အကျိုးသက်ရောက်စေပါတယ်။ အတင်းပြောခြင်းဟာ စံမမှီ၊အရည်အသွေးနိမ့်ကျတဲ့ကျန်းမာရေးစောင့်ရှောက်မှုရဲ့ အန္တရာယ်အချက်တစ်ခုဖြစ်ကြောင်း သုတေသနမှာတွေ့ရှိရပါတယ်။ အလားတူသုတေသနဆန်းစစ်ချက်မှာလည်း အပျက်သဘောအတင်းပြောခြင်း(negative gossip)နဲ့လူနာဘေးကင်းစိတ်ချရမှု(patient safety)အကြား ဆက်နွယ်မှုကို မီးမောင်းထိုးပြထားပါတယ်။ အဲဒါက ကျွန်တော်တို့ကို အခြေအနေတစ်ခုရဲ့ အရေးပါမှုနဲ့အန္တရာယ်နဲ့ပတ်သက်ပြီး အများကြီးပြောပြပါတယ်။ အတင်းပြောခြင်းက သူနာပြုတွေအကြား ပေါင်းကူးဆက်သွယ်ရေးတည်ဆောက်ရာမှာ စွမ်းဆောင်ပေးနိုင်တယ်ဆိုတဲ့ ကိစ္စကိုထည့်ဂရုမစိုက်ဘဲ လူမှုဆက်ဆံရေးအကန့်အသတ်ကို ချင့်ချိန်စွာသိရှိဖို့ အရေးကြီးကြောင်း၊ အလုပ်နဲ့ လူမှုရေးရာကိစ္စရပ်များကို ခွဲခြားသိတတ်ခြင်းဖြင့် ကျန်းမာရေးပညာရှင်များ လူနာများကို ဂရုစိုက်နိုင်ကြပါစေ။ 

(မှတ်ချက်- မည်သည့်ကျန်းမာရေးဝန်ထမ်းကိုမျှ မရည်ရွယ်ပါ။ ဘာသာပြန်ခြင်းသက်သက်သာဖြစ်ပါတယ်။)

(Reference- Nurses: How do you deal with gossipy co-workers? Written by Nur Syarafina Mohamad Radzi- MIMS)

No comments: