Tuesday, February 23, 2016

ဘဝမှာ ဘယ်လိုပျော်ရွှင်အောင်နေမလဲ

လူတိုင်းမှာ တစ်ခါတစ်ရံ ဝမ်းနည်းမှုတို့ ရှိတတ်ပါတယ်။ အကယ်၍ သင်ဟာ ပျော်ပျော်နေတတ်၊ Stressနည်းနည်းနဲ့ နေတတ်ရင် ပိုပြီးမှ ပျော်စရာများ ရှိတတ်ပါတယ်။ သို့သော်လည်း သင်ဟာ အပူအပင်ကင်းကင်း စိတ်ထားတတ်ရင် စွန့်စားမှုများစွာရယူနိုင်ဖွယ်ရှိပြီး သက်တောင့်သက်တာ၊ ပူပန်ကြောင့်ကြမှုကင်းစွာနေနိုင်တဲ့ အခြေအနေမှ ခွဲထွက်ကာ စိတ်ဖိစီးမှုများ အနည်းငယ်တိုးပွားလာနိုင်ဖွယ်ရှိပါတယ်။ မကြောက်သွားပါနဲ့။ စိတ်ရှည်ရှည်ထားပြီး မဖြစ်နိုင်တာဘာမှမရှိဘူးဆိုတာကို အမြဲယုံကြည်ထားပါ။ အကယ်၍ သင်ဟာပျော်ပျော်နေတတ်ပြီး အကောင်းမြင်တတ်တဲ့စိတ်ထားရှိလျှင် လူတွေ သင့်အနားမှာ ဝိုင်းရံချင်ကြမယ်။ အဲဒီတော့ သင်မှာ သူငယ်ချင်းမိတ်ဆွေတွေ ပေါများလာပြီး အပေါင်းအသင်းပိုမိုဝင်ဆန့်လာပါမယ်။

ကြိုတင်ပြင်ဆင်ခြင်းက အခွင့်အရေးနဲ့ကြုံတွေ့လာလျှင် ကံကောင်းခြင်းဆိုတာ ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်ပေါ့ပါးသက်သာစွာမနေဘဲ အသစ်အဆန်းတွေကို ရှာဖွေစူးစမ်းကြည့်ပါ။ ဘယ်သောအခါမှ သင့်ကိုကောင်းချီးပေးမယ်ဆိုတာ မသိနိုင်တဲ့အတွက်ကြောင့် ရရှိလာတဲ့အခွင့်အရေးကို မိမိရရဆုပ်ကိုင်ဖို့ စိုးရွံ့မနေပါနဲ့။ ပျော်ပျော်နေသေခဲဆိုတဲ့ အမူအကျင့်ရှိတဲ့သူဟာ အမြဲပဲပျော်ပျော်နေတတ်ပြီး ရင်းနှီးဖော်ရွေမယ်၊ ဟာသဥာဏ်ရှိမယ်၊ သူ့အနားမှာရှိတဲ့လူတိုင်းကို အမြဲဂရုစိုက်တတ်တယ်။  အောက်ပါနည်းလမ်း၅ရပ်က သင်ဘယ်သူ့ကို ချစ်ခင်ပြီး ပိုပြီးပျော်ပျော်နေတတ်အောင် အထောက်အကူပေးတဲ့ စိတ်ကူးအကြံဥာဏ်အချို့ ဖြစ်ပါတယ်။
၁။ မြူးကြွတဲ့တေးဂီတကို နားဆင်ကြည့်ပါ။
စိတ်ဓါတ်ကျခြင်း(သို့)လွမ်းဆွေးဆွတ်ပျံ့ဖွယ်ဂီတများနဲ့ ကင်းဝေးစွာ နေပါ။ အရာရာတိုင်းမှာ အကောင်းမြင်တတ်ဖို့ ရည်မှန်းထားပါ။ 

၂။ပြုံးကြည့်ပါ။ 
များများပြုံးခြင်းက နာကျင်မှုကို လျော့ကျစေတဲ့ ဦးနှောက်ထဲကနေ သဘာဝဓါတုပစ္စည်း (endorphins)ကို ထွက်လာစေပြီး ပျော်ရွှင်မှုက သင့်ကို ပုံမှန်ကောင်းမွန်တဲ့အနေအထား ဖြစ်လာစေသောကြောင့် သင့်စိတ်ခွန်အား တိုးပွားလာစေပါတယ်။ သင်နဲ့သင့်တော်မယ့်အရာတစ်ခုခုကို အရင်စမ်းကြည့်ပြီး ကျင့်သားရအောင်အစပျိုးကြည့်ပါ။ ဒါမှသင့်ရဲ့အကောင်းမြင်တတ်မှုကို ပေါ်လွင်လာစေပြီး သင့်အနားရှိ လူတိုင်းရဲ့စိတ်ခံစားမှုကို လှုပ်ရှားသက်ဝင်စေပါလိမ့်မယ်။ 

၃။ရယ်မောပျော်ရွှင်စေဖို့ ခပ်ပေါကြောင်ကြောင်နေကြည့်ပါ။

ခပ်ကြောင်ကြောင်တစ်ခုခုလုပ်ပါ။ သို့သော် အချိန်အခါအလိုက် လိုက်လျောနှစ်လိုဖွယ်ရှိရပါမယ်။ ကိုယ်လုပ်မဲ့အရာကို တစ်ပါးသူအား ရှင်းလင်းနားလည်စွာသိအောင်လုပ်ပါ။ ဥပမာ-  အခြားသူတွေ ကြားနိုင်လောက်မယ့် အသံမျိုးနဲ့ သင်ရေချိုးနေစဉ်မှာ အစွမ်းကုန်အာဗြဲနဲ့ သီချင်းဆိုချင်ဆိုမိမယ်။ (သို့) သင်မှတ်တိုင်မှာဘတ်စ်ကားစောင့်နေစဉ် အနည်းငယ်မြှောက်ကြွကခုန်မိမယ်။ အဲဒါက သင့်ကိုပျော်ရွှင်ရယ်မောရုံသာမက အခြားသူများကိုပါ ရယ်မောအောင် ပြု လုပ်စေနိုင်တယ်။ အထူးသဖြင့် သင်ဆိုးဆိုးဝါးဝါး ကဗျက်ကချော်ပြုလုပ်မိလျှင် အားလုံးကို ပွဲကျအောင် ဟာသလုပ်တာမျိုး ဖြစ်သွားတတ်ပါတယ်။ သင်သိထားဖို့က လူတိုင်းက ပျော်ရွှင်တက်ကြွတဲ့လူတွေကို အထူးအထွေ အလေးမထားတတ်ကြပါဘူး။ လူတစ်ချို့ က ဒါကို စိတ်တိုစရာ၊အမြင်ကတ်စရာလို့ မြင်မယ်။ 

ဒါပေမဲ့ သင်သတိပြုရမဲ့အချက်က ပျော်ပျော်နေတတ်အကောင်းမြင်တတ်တဲ့လူအများစုတွေတောင်မှ စိတ်ဆင်းရဲစိတ်ကျတဲ့နေ့တွေ ရှိနိုင်ပါတယ်။ သို့သော် သင်စိတ်ဓါတ်မကျသင့်ပါ။ သင့်ရဲ့စိတ်ခံစားမှုကို ရင်းနှီးတဲ့မိတ်ဆွေတွေကို ဖော်ထုတ်ပေးနိုင်ရမယ်။ သင့်ရဲ့စိတ်ခံစားချက်ကြောင့် လူတွေကို စော်ကားမောက်မာစွာမပြုလုပ်မိဖို့ သတိရှိပါ။ အဲသလိုလုပ်မိရင် လူတွေက သင့်ကိုဟန်ဆောင်လုပ်ကြံသူလို့ထင်ကာ အယုံအကြည်မရှိတော့ဘဲ သင်နဲ့ဝေးရာကို စွန့်ခွာသွားပါလိမ့်မယ်။ ဒါကြောင့် သင်သတိရှိစွာနဲ့ပြင်ဆင်ပြီး နှစ်လိုဖွယ်ကောင်းစွာနေထိုင်ပါ။

၎။ ရင်းနှီးတဲ့မိတ်ဆွေအုပ်စုတွေနဲ့ စုစုစည်းစည်းနေပါ။
သူတို့တွေနဲ့ ကြင်နာပါ။ လေးစားရိုသေသမှုရှိပြီး ပျော်ပျော်နေပါ။  အစားအသောက်အကြောင်းကနေ အစပျိုးစကားစမြည်ပြောကြရင်း အံ့သြဖွယ်ကောင်းစွာ နက်နက်ရှိုင်းရှိုင်း အပြန်အလှန်နားလည်သဘောပေါက်ကာ သူတို့နဲ့မိတ်ဖွဲ့ရတာကို သင်ဘယ်လောက်တန်ဖိုးထားကြောင်း စိတ်ဝင်စားစရာစကားတွေ ပြောဆိုရာကနေ အခြေခံပါ။ အဲသလိုလုပ်ခြင်းဖြင့် သင်အလွန်ထူးခြားတာကို ခံစားရပါလိမ့်မယ်။ သင့်မိတ်ဆွေတွေကို တန်ဖိုးထားလေးစားမှုပြုရာရောက်ပြီး သင်ဟာ မိတ်ဆွေကောင်းအုပ်စုသေးသေးလေးအဖွဲ့နဲ့ အတူတကွ တွဲဆက်ထားတဲ့ အင်္ဂတေဖြစ်လာပါလိမ့်မယ်။ 

၅။ သင့်အနားမှာရှိတဲ့သူတွေကို ကောင်းမွန်စွာဆက်ဆံပါ။ 
လူတွေကို ဘတ်စကားပေါ်တက်ရာမှာ ကူညီပေးပါ။ အကူအညီလိုအပ်တဲ့သူတွေကို အိတ်တွေကူသယ်ပေးပါ။ တံခါးဖွင့်ပေးပြီး သူများကို အရင်ဝင်ခွင့်ပြု ပါ။ ထိုအနည်းငယ်ကြင်နာမှုလေးက သင့်အမူအကျင့်ကို ပြန်ကောင်းလာတဲ့အခါ သင်ရဲ့ကံကိုပါ ထာဝရကောင်းစေပါတယ်။ 


အထက်ပါနည်းလမ်း၅သွယ်ဖြင့် ပျော်ပျော်နေသေခဲ(happy-go-lucky person)လူတစ်ယောက်ဖြစ်ဖို့ လမ်းကြောင်းကို စတင်ပါ။ စိတ်ဖိစီးမှုများစွာကို ဖယ်ထုတ်ပြီး ဘဝရဲ့ပေါ့ပါးတဲ့ဘက်ကို အာရုံစိုက်ပါ။ အခြားသူတွေကို ပျော်ရွှင်မှုကို သယ်ဆောင်ပေးခြင်းဖြင့် သင်ကိုယ်တိုင်လည်း အပျော်တိုးစေပါတယ်။ သင်ပျော်ရွှင်မဲ့အရာတစ်ခုခုကို နေ့စဉ်လုပ်ကြည့်ပါ။ ဒီနည်းဗျူ ဟာအချို့နဲ့ လိုက်လျောညီထွေမှုရှိရင် သင်စိုးရိမ်ကြောင့်ကြနေရတဲ့ အခက်အခဲများအားလုံးကို ရင်ဆိုင်ဖြေရှင်းပေးနိုင်တဲ့ တီထွင်ဖန်တီးနိုင်သော စိတ်စွမ်းအားကိုတောင်မှ သင့်ကိုပေးနိုင်တယ်ဆိုတာ ဘယ်သူသိနိုင်မလဲ။ သင်လဲပဲ မုချပျော်ရွှင်ရမှာပါ။

No comments: