Saturday, February 13, 2016

ချွေးထုတ်ခြင်း၊ အသက်ရှူ ထုတ်ခြင်းဖြင့် အဆိပ်အတောက်များဖယ်ရှားကြပါစို့

အဆိပ်အတောက်များဖယ်ရှားခြင်း(detoxification)ဆိုလိုက်တာနဲ့ လူတွေက အဲဒီလိုလုပ်ဖို့ ကုန်ပစ္စည်းတစ်ခုခုရှိလိမ့်မယ်လို့ အများစုကယူဆကြလိမ့်မယ်။ ဒုက္ခအခက်အခဲများစွာ(သို့)ကုန်ကျမှုများစွာရှိလိမ့်မယ်လို့ ထင်ပြီး ကြိုတွက်ထားမယ်။ သို့သော် အမှန်မှာတော့ Detoxifyingလုပ်ခြင်းမှာ အဆိပ်အတောက်တွေ စွန့်ထုတ်ပစ်ဖို့ တစ်စုံတစ်ခုကို အသုံးပြုဖို့ မလိုအပ်ပါ။ Detoxifyingလုပ်ဖို့ ဈေးမကြီးတဲ့နည်းလမ်း၂ခုရှိပါတယ်။ အဲဒါတွေအားလုံးရဲ့လှုံ့ဆော်တောင်းဆိုမှုက သင့်ရဲ့အာရုံစူးစိုက်အလေးထားခြင်းပဲ ဖြစ်တယ်။
ချွေးက သင့်ရဲ့မိတ်ဆွေဖြစ်တယ်။
သင်ချွေးထွက်တဲ့အချိန်တိုင်း အဆိပ်အတောက်တွေ ထုတ်လိုက်ပါတယ်။ အဲဒါတွေက သင့်ခန္ဓာကိုယ်ထဲ နည်းလမ်းမျိုးစုံနဲ့ဝင်ရောက်လာတဲ့ ဓါတုပစ္စည်း၊ ပိုးသတ်ဆေးနဲ့ မည်သည့်အဆိပ်ကိုမဆို ဆိုလိုပါတယ်။ ဒါကြောင့် ကာယလှုပ်ရှားမှုဖြစ်တဲ့ လေ့ကျင့်ခန်း(သို့) ချွေးထွက်စေမဲ့ အပန်းဖြေကစားနည်းအချို့က သင့်အတွက်ကောင်းစေပါတယ်။ 
Detoxifyingအပြင် energyများစွာထုတ်ပေးတဲ့ ကာယလှုပ်ရှားမှုတစ်ခုခုကို လုပ်ပေးရပါမယ်။ အဘယ်ကြောင့်ဆိုသော် ၄င်းက ကြွက်သားတွေကို အဆီလောင်ကျွမ်းမှုဖြစ်စေကာ သင်လှုပ်ရှားမှုရပ်တန့်ပြီးနောက်ပိုင်းမှာလည်း ကြာရှည်စွာဆက်လက်လောင်ကျွမ်းနေသောကြောင့်ပဲ ဖြစ်ပါတယ်။ 
ဒါကြောင့် ချွေးကို လျစ်လျူ ရှုမထားပါနဲ့။ တကယ်တော့ သင်ချွေးမထွက်တဲ့အခါ စိုးရိမ်ရမှာပါ။ ဘာလို့လဲဆိုတော့ တဖြည်းဖြည်း ဆဲလ်တွေကိုဖြိုခွဲတဲ့အဆိပ်တွေက စုလာပြီး အဆုံး၌ သင့်ကိုဖျားနာစေပါတယ်။

အကယ်၍ သင်ကလှုပ်ရှားရမှာ ပျင်းလို့ ပိုက်ဆံသုံးဖို့လဲ ကိစ္စမရှိဘူးဆိုရင်တော့  saunaခေါ်ချွေးထုတ်ခန်းထဲမှာ အဆိပ်အတောက်ထုတ်ခြင်းဟာ ထိရောက်တဲ့အခြားနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ရေနွေးငွေ့ပေးထားတဲ့ အခန်းထဲမှာ ထိုင်လိုက်ရုံနဲ့ သင့်ချွေးပေါက်တွေ ပွင့်သွားတာကို စောင့်ကြည့်ပြီး ချွေးတွေကို ထုတ်ပစ်လိုက်ပါ။ အပူကလည်း သွေးစီးဆင်းမှုတိုးတက်ကောင်းမွန်ဖို့ အထောက်အကူပေးပါတယ်။
ကောင်းကောင်းအသက်ရှူ ထုတ်ပါ။ မှန်မှန်အသက်ရှူ ထုတ်ပါ။
ကျွန်တော်တို့ အသက်ရှူ တဲ့နည်းလမ်းနဲ့ ပတ်သက်ပြီး မကြာခဏ သတိမထားမိကြပါဘူး။ အမှန်တကယ်  အသက်ရှူ တာက ရင်ဘတ်ထဲကနေလာတာလို့ လူအများစုက ထင်နေကြတယ်။ မှန်ကန်တဲ့အသက်ရှူ နည်းလမ်းနဲ့ သဘာဝနည်းလမ်းကတော့ ဝမ်းဗိုက်ကနေဖြတ်ပြီး ဖောင်းကားလိုက် ကျုံ့သွားလိုက်ဖြစ်တယ်။ လူတွေက လုံလောက်စွာနက်နက်ရှိုင်းရှိုင်း မရှူ ကြဘူး။ နောက်ပြီး detoxificationနဲ့ breathingနဲ့လည်း ဆက်စပ်မှု မရှိသလောက် ရှားပါတယ်။ 
အမှန်က အသက်ရှူ ထုတ်ခြင်းက အဆုတ်ကနေ မလိုလားတဲ့ပစ္စည်း(waste products)တွေကို တွန်းထုတ်စေပါတယ်။ အသက်ရှူ ခြင်း(breathing)ကို ကန့်သတ်ထားရင် detoxificationလည်း မလုပ်ဆောင်နိုင်ပါဘူး။
ကျွန်တော်တို့ နက်နက်နဲနဲအသက်ရှူ လေလေ ခန္ဓာကိုယ်မှ အဆိပ်တွေကို ပိုထုတ်နိုင်လေလေဖြစ်ပါတယ်။ ထိုင်နေတာဖြစ်ဖြစ် ရပ်နေတာပဲဖြစ်ဖြစ် အသက်ပြင်းပြင်းရှူ တဲ့ လေ့ကျင့်ခန်းများက ထိရောက်သော အဆိပ်အတောက်ထုတ်တဲ့ နည်းလမ်းများ ဖြစ်ပါတယ်။

4-7-8 breathing exerciseမှာ အသက်ရှူ သွင်းဖို့ ၄ခေါက်၊ အသက်အောင့်ဖို့ ၇ခေါက်၊ ရှူ ထုတ်ဖို့ ၈ခေါက်ကို အသံကျယ်ကျယ်နဲ့ လုပ်ဖို့လိုပါတယ်။ အဲလိုလုပ်တဲ့အခါမှာ လျှာထိပ်ဖျားကို အပေါ်ရှေ့သွားရဲ့နောက်မှာ တတ်နိုင်သလောက် ထိရောက်ဖို့ ကြာကြာထားပေးပါ။ အသက်ရှူ သွင်းတဲ့အခါ ပါးစပ်ပိတ်ပြီး လေကိုငြိမ်သက်စွာထိန်းသိမ်းထားပါ။ အသက်ရှူ ထုတ်လိုက်တဲ့အခါမှာ အမြဲတမ်း အသံကျယ်ကျယ်နဲ့ မှုတ်ထုတ်ပါ။

ဒီနည်းဟာ ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်ကို သန့်စင်ပေးဖို့ အထောက်အကူပေးရုံသာမက စိတ်ကိုလန်းဆန်းမှုဖြစ်စေပါတယ်။ လေ့ကျင့်ခန်းကို ထိုင်တာပဲဖြစ်ဖြစ် ရပ်တာပဲဖြစ်ဖြစ် လုပ်နိုင်ပါတယ်။ တစ်နေ့၂ကြိမ်လုပ်ပေးခြင်းဖြင့် သင့်ကျန်းမာရေးအတွက် အံ့မခန်းအကျိုးထူးရှိလာပါလိမ့်မယ်။ ကောင်းမွန်တဲ့အကျိုးရရှိဖို့ အသက်ပြင်းပြင်းရှူ လေ့ကျင့်ခန်း(deep breathing exercises)လုပ်ရာမှာ တည့်မတ်စွာ ထိုင်ပါ(သို့) မတ်တပ်ရပ်ဖို့ သတိရပါ။ 
ဘယ်အရာမဆို လေ့ကျင့်မှ ပြည့်စုံတယ်(practice makes perfect)ဆိုတဲ့အတိုင်း သင်ပို၍ လေ့ကျင့်လေလေ၊ အလေ့အကျင့်ပိုရလေလေ ဖြစ်ပါတယ်။ ဒီနည်းအားဖြင့် ငွေကုန်ကြေးကျသက်သာကာ ခန္ဓာကိုယ်အဆိပ်အတောက်ကင်းစင်ပြီး လန်းဆန်းတက်ကြွကျန်းမာစေလို့ ဒီနေ့ပဲစလို့ လေ့ကျင့်ကြရအောင်လား။ 
Reference- Sweat, breathe to detoxify (MIMS)

No comments: