Tuesday, February 9, 2016

ကျန်းမာစွာရှင်သန်ရပ်တည်ဖို့ စိတ်ခွန်အားကိုးကားချက်(၁၀)ခု

စိတ်ရဲ့မှန်ကန်တဲ့ဘောင်အတွင်းမှာ စတင်လုပ်ဆောင်ခြင်းဟာ အမြဲလိုအကျိုးပြုစေပါတယ်။ ကျွန်တော်တို့အများစုဟာ ဝိတ်ချဖို့၊ လေ့ကျင့်ခန်းလုပ်ဖို့နဲ့ ကျန်းမာတဲ့နေထိုင်မှုဘဝ(healthy lifestyle)နဲ့နေဖို့ တွေးမိတဲ့အခါ အမေရိကန်စာရေးဆရာMark Twainကဲ့သို့ တွေးမိကြမှာကတော့ "သင့်ကျန်းမာရေးအတွက် လုပ်ဆောင်ရမဲ့တစ်ခုတည်းသောနည်းလမ်းက သင်မကြိုက်တာကို စားရမယ်၊ သောက်ရမယ်၊ မလုပ်ချင်တာကို လုပ်ရမယ်"ဆိုတာပါပဲ။ 
ဆန့်ကျင်ဘက်အရာတွေအပေါ်ကို စူးစိုက်ပါ။ ဘယ်လောက်ခက်ခဲကြမ်းတမ်းပါလဲလို့ တွေးမိမယ်။ အားလုံးကိုလည်း လုပ်ဆောင်ဖို့ ပျက်ကွက်မိလိမ့်မယ်။ သို့သော် စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့ ကောင်းမွန်သောကျန်းမာရေးရဲ့အကျိုးကျေးဇူးက ကောင်းမွန်စွာနေထိုင်ခြင်းမှရရှိလာတဲ့ positives of healthအပေါ် အာရုံစိုက်ခြင်းမှ လာတယ်ဆိုတာ ငြင်းနိုင်ဖွယ်မရှိပါ။ 
အောက်ပါ ကြီးမားတဲ့တွေးခေါ်ပညာရှင်များရဲ့ စိတ်ခွန်အားကိုးကားချက်(၁၀)ခုဟာ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့၊ မှန်မှန်ကန်ကန်စားဖို့နဲ့ ပိုမိုကျန်းမာတဲ့ဘဝမှာ နေထိုင်နိုင်ဖို့ ကျွန်တော်တို့ကို စိန်ခေါ်မှု၊ စေ့ဆော်နိုးကြားမှုနဲ့ စိတ်စွမ်းအားမြှင့်တင်မှုတွေ ပေးပါတယ်။ 
၁။  Buddha (c. 563 BC to 483 BC)ဗုဒ္ဓဝါဒကိုတည်ထောင်သူ ရှေးကျသောအိန္ဒိယပြည်မှ ဂုရုဆရာကြီး
ခန္ဓာကိုယ်ကိုကောင်းမွန်စွာထိန်းသိမ်းဖို့ဟာ တာဝန်တစ်ရပ်ဖြစ်တယ်။ အဲသလိုမှမဟုတ်ရင် ကျွန်တော်တို့ရဲ့စိတ်ကို ကြံ့ခိုင်ဖို့ ကြည်လင်ရှင်းသန့်ဖို့ စွမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပါ။
၂။ Marcus Valerius Martialis(circa 40 AD – 103 AD)လက်တင်ကဗျာဆရာ
ဘဝဟာ အသက်ရှင်ဖို့သာမက ကောင်းမွန်စွာနေထိုင်ဖို့လဲ လိုပါတယ်။ 
၃။ Edward Smith-Stanley (1752-1834) ဗြိတိန်နိုင်ငံရဲ့ သမ္မတ၃ကြိမ်ဖြစ်ခဲ့ဖူးသူ နိုင်ငံရေးခေါင်းဆောင်
လေ့ကျင့်ခန်းလုပ်ဖို့အတွက် အချိန်မရှာတဲ့သူဟာ ဖျားနာခြင်းအတွက် အချိန်ကိုရှာရလိမ့်မယ်။
၎။ Paul Dudley White (1886 – 1973)အမေရိကန် ဆေးပညာသမားတော်နဲ့ နှလုံးအထူးကု
၅မိုင်ခရီးကို ပြင်းထန်စွာလမ်းလျှောက်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာမပျော်ရွှင်သော ကျန်းမာတဲ့လူကြီးတွေအတွက် ကမ္ဘာပေါ်ရှိ ဆေးနဲ့စိတ်ပညာတွေအားလုံးထက်  ပို၍ကောင်းမွန်တဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်။
၅။ Henry Ward Beecher (1813 – 1887) ထင်ရှားကျော်ကြားတဲ့ ပုပ်ရဟန်းမင်းကြီး၊ လူမှုဖူလုံရေး၊ကျွန်စနစ်ပပျောက်ရေးစွမ်းဆောင်သူနဲ့ ပြောရေးဆိုခွင့်ရှိသူ
ခန္ဓာကိုယ်က စန္ဒယားနဲ့တူတယ်။ ပျော်ရွှင်ခြင်းက တေးဂီတသံစဉ်နဲ့တူတယ်။ အစီအစဉ်တကျ ကောင်းမွန်စွာတီးခတ်နိုင်ဖို့ တူရိယာအလုံအလောက်ရှိဖို့လိုတယ်။
၆။ James Leigh Hunt (1784 – 1859) အင်္ဂလိပ်ဝေဖန်ရေးဆရာ၊စာစီစာကုံး၊ကဗျာနဲ့ စာရေးဆရာ
ပျော်ရွှင်ခြင်းအားလုံးရဲ့အခြေခံကတော့ ကျန်းမာရေးပဲ ဖြစ်တယ်။
၇။ Francois Rabelais (c. 1494 – 1553)ပြင်သစ် Renaissance စာရေးဆရာ၊ဆရာဝန်နဲ့ လူသားအကျိုးပြု ဆောင်ရွက်သူ
ကျန်းမာရေးမရှိတော့ရင် ဘဝဟာ ဘဝမဟုတ်တော့ဘူး။ အားနည်းနုံးချည့်ပြီး နာကျင်ခံစားနေရတဲ့ အခြေအနေတစ်ရပ်နဲ့ တူပါတယ်။ 
၈။ Francis Bacon (1561 – 1626) အင်္ဂလိပ်တွေးခေါ်ပညာရှင်၊  နိုင်ငံရေးခေါင်းဆောင်၊ သိပ္ပံပညာရှင်၊ ရှေ့နေ၊ ဥပဒေပညာရှင်၊စာရေးဆရာ
မိမိတို့ခန္ဓာကိုယ်ကို ဂရုစိုက်ပါ။ သတိရှိစွာစားပါ။ A healthy body is a guest-chamber for the soulဆိုတဲ့အတိုင်း လုံလောက်စွာအနားယူပေးပါ။ စိတ်ဖိစီးမှုသက်သာစေမဲ့ ထွက်ပေါက်တွေကို ရှာဖွေပါ။ sick body is a prisonဆိုတဲ့အတိုင်း ဖျားနာတဲ့ခန္ဓာကိုယ်ဟာ အကျဉ်းထောင်နဲ့တူပါတယ်။ 
၉။ Persius (34 AD -62 AD) မူလEtruscanလူမျိုး ရောမကဗျာဆရာ၊ သရော်စာ၊စာပြောင်ရေးသားသူ
You pray for good health and a body that will be strong in old age. Good — but your rich foods block the gods’ answer and tie Jupiter’s hands.
ကျန်းမာရေးနဲ့ခန္ဓာကိုယ်ကောင်းမွန်ဖို့အတွက် ရှေးအရင်ခေတ်က ပြင်းပြစွာဆုတောင်းကြပါတယ်။ ကောင်းပါတယ်။ သို့သော် သင်အစားသောင်းကျန်းမှုက ဘုရားရဲ့အဖြေကို ပိတ်ပင်တားဆီးလိုက်သလိုဖြစ်ပြီး ရောမဘုရားရဲ့ဒဏ္ဍာရီလေ့လာသူ Jupiterရဲ့လက်ထဲမှာ ချုပ်နှောင်ထားသလိုဖြစ်ပြီး သင့်ဆုတောင်းလဲမပြည့်ဝနိုင်တော့ပါ။
၁၀။ Menander (ca. 342–291 BC) ဂရိပြဇာတ်ရေးဆရာ၊နာမည်ကြီးAthenian New Comedy ရဲ့ကိုယ်စားပြု 
Health and intellect are the two blessings of life ဆိုတဲ့အတိုင်း ကျန်းမာရေးနဲ့အသိဥာဏ်ဟာ ဘဝရဲ့ပျော်ရွှင်ချမ်းမြေ့ဖွယ်ရာ၂ခုဖြစ်ပါတယ်။ 
ကဲ- ကျန်းမာစွာနေထိုင်ဖို့ ဘယ်အချက်က သင့်ကို တွန်းအားပေးစေသလဲ။ ကျန်းမာတဲ့ဘဝပြုလုပ်ဖို့ သင့်စားဝတ်နေရေးရှင်သန်ရပ်တည်ရေးနဲ့ပဲ လုံးပန်းမနေပါနဲ့။ အကောင်းမြင်တွေးတောပါ။နေ့စဉ်လေ့ကျင့်ခန်းလုပ်ပါ။ ကျန်းမာစွာစားသောက်ပါ။ အလုပ်ကြိုးစားပါ။ကြံ့ခိုင်စွာနေပါ။ သစ္စာရှိပါ။ စိုးရိမ်ကြောင့်ကြမှုတွေ လျှော့ပါ။ စာများများဖတ်ပါ။ ပျော်ပျော်နေပါ။ 
(Reference-Great Thinkers:10 Inspiring Quotes For Healthy Living by )

No comments: