Saturday, January 30, 2016

ဘာကြောင့် ကော်ဖီကို တစ်နေ့၅ခွက်အထိပဲ ကန့်သတ်သောက်သင့်ပါသလဲ။

နောက်ကျထိအောင်နေရမယ်၊ ညဆိုင်းလုပ်ရမယ် (သို့) အလုပ်ထဲမှာ နိုးနိုးကြားကြားဖြစ်ဖို့ လိုတဲ့လူများ (ဥပမာ- ဆရာဝန်၊ တစ်ခြားဆေးလောကမှပညာရှင်များ)ဟာ တက်ကြွလန်းဆန်းနေစေဖို့ ပုံမှန်အားဖြင့် ကော်ဖီသောက်ကြပါတယ်။ ပုံမှန်ကဖင်းသတ်မှတ်ချက်အတွင်း သောက်သုံးရန် လိုအပ်သူများအတွက်တော့ သတင်းကောင်းမဟုတ်ပါ။ တစ်နေ့၅ခွက်အထိ အကန့်အသတ်ထားသင့်ပါတယ်။  အကောင်းဆုံးကတော့ ၂ခွက်(သို့)၃ခွက်အထိပါပဲ။

ကဖင်း(Caffeine)ကိုယ်၌က သိပ်မဆိုးလှပါဘူး။ အမှန်တကယ် နိုးကြားတက်ကြွစေပြီး စွမ်းအင်တိုးပွားစေပါတယ်။ဒါပေမဲ့ များလွန်းရင်တော့ ဆိုးကျိုးတွေရှိပြီး သေစေနိုင်ပါတယ်။ ကဖင်းဓါတ်များစွာပါတဲ့အချိုရည်ကို သောက်ပြီးနောက် ကောင်းစွာအိပ်မပျော်ဘဲ အလုပ်ထဲမှာ အမှားမှားအယွင်းယွင်းနဲ့ စိတ်ဓါတ်တွေကျဆင်းလာကြောင်း တွေ့ရပါတယ်။
overdoseဖြစ်တာ ရှားပါတယ်။ သို့သော် ကော်ဖီအများကြီးသောက်လို့ကြောင့်သာမက ကဖင်းဓါတ်ပြင်းအားများစွာရှိတဲ့ အခြားcaffeinated drinksတွေ သောက်လို့ကြောင့်လည်း ဖြစ်တတ်ပါတယ်။ ဆေးလုံးပုံစံနဲ့လုပ်ထားတဲ့ ကော်ဖီမှုန့်တွေဆို သေလောက်တဲ့အထိ ပြင်းပါတယ်။ ကော်ဖီမှုန့်လက်ဖက်ရည်ဇွန်း၁ဇွန်းဟာ ကော်ဖီ၂၈ခွက်နဲ့ ညီမျှပါတယ်။ ဒါကြောင့် US Food and Drug Administration (FDA)က ကဖင်းဆေး(caffeine pills)သောက်ခြင်းကို သတိပေးထားခြင်းဖြစ်တယ်။ အဆိုပါဆေးတစ်ချို့ကို ဝိတ်လျှော့ခြင်းအတွက် သုံးကြပါတယ်။



သွေးထဲကဖင်းဓါတ်ဘေးကင်းတဲ့အဆင့်ထိ ထိန်းသိမ်းထားနိုင်ဖို့ တနေ့ကို ၄၀၀မီလီဂရမ်ထိ ကန့်သတ်စားသုံးပေးနိုင်ရင် ပို၍ကောင်းမွန်ပါတယ်။ အဲဒါက ပုံမှန်ကော်ဖီ၅ခွက်သောက်တာနဲ့ ညီမျှပါတယ်။ ကော်ဖီ၁ခွက်မှာ ကဖင်းဓါတ် ၈၀မှ၁၀မီလီဂရမ်ကြား ပါရှိပါတယ်။
ကော်ဖီမှာမှ ကဖင်း(Caffeine)ပါတာမဟုတ်ပါ။ အမှန်စင်စစ် တစ်ခြားအချိုရည်မှာလည်း ပြင်းအားများတဲ့ ဒြပ်ပေါင်းများလည်းရှိနိုင်ပါတယ်။ ဒါကြောင့် သင်Coca Colaကို ပိုကြိုက်လျှင် ၁၂ဗူး(သို့) ထို့ထက်နည်းတဲ့ပမာဏအထိပဲသောက်ပါ။ ၁ဗူးမှာ ကဖင်း၃၄မီလီဂရမ်ပါဝင်ပါတယ်။ တစ်ခြားကဖင်းဓါတ်များတဲ့အချိုရည်များတွင် ၁ဗူးမှာ ၇၀မီလီဂရမ်ထိ ပါဝင်တဲ့အတွက်ကြောင့် ၆ဗူးအထိပဲ အများဆုံးသောက်သင့်ပါတယ်။ သံဗူးနဲ့လာတဲ့ အားဖြည့်အချိုရည်(Energy drinks)များတွင်လည်း ကဖင်း၇၀မီလီဂရမ်ပါဝင်သောကြောင့် ၅ဗူးအထိပဲ ကန့်သတ်ထားပြီး သောက်ပါ။
ကော်ဖီအလွန်အကျွံသောက်လျှင် caffeine poisoningဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှ သဘာဝအလျောက် caffeineတွေ ပြိုကွဲတတ်ပါတယ်။ ဒါကြောင့် ကော်ဖီ(သို့) ကဖင်းပါတဲ့အရာများကို စားသုံးပြီးနောက် ရေများများသောက်ပေးခြင်းက အထောက်အကူအများကြီးဖြစ်စေပါတယ်။ 
ကဖင်းပမာဏ တစ်ဂရမ်ထက်ပိုသောက်မိရင် လက်တုန်ခြင်း၊ခေါင်းကိုက်ခြင်း၊ဂနာမငြိမ်ဖြစ်ခြင်း၊နှလုံးခုန်နှုန်းမြန်ခြင်းနဲ့ ဆီးမကြာခဏသွားခြင်းတို့ ဖြစ်နိုင်တယ်ဆိုတာ သတိထားပါ။ လူတွေမှာ အသက်အရွယ်၊ ကျား/မ၊ ခန္ဓာကိုယ်ထုထည်နဲ့ တစ်ခြားအချက်များပေါ်မူတည်ပြီး  ကဖင်းတုံ့ပြန်မှုကွဲလွဲသွားတာကို လေ့လာမှုများအရ တွေ့ရပါတယ်။ တစ်ခြားအကြောင်းအရာများထဲမှ အမျိုးသမီးတွေနဲ့လူငယ်တွေမှာ သူတို့ရဲ့အရွယ်အစားနဲ့ ခန္ဓာကိုယ်တည်ဆောက်မှုကြောင့် ကဖင်းသက်ရောက်မှုခံနိုင်ရည်အား ပိုမိုလျော့နည်းပါတယ်။
ကဖင်းပမာဏဟာလည်း သောက်သုံးတဲ့ကော်ဖီအမျိုးအစားကိုလိုက်၍ ပြောင်းလဲသွားတတ်ကြပါတယ်။ ယေဘူယျအားဖြင့် နှပ်ထားတဲ့ကော်ဖီများ(Brewed coffee) မှာ အသင့်သောက်သုံးနိုင်တဲ့ကော်ဖီ  (instant coffee)တွေထက် သွေးထဲရှိ ကဖင်းပမာဏ ပို၍များပါတယ်။ ပမာဏနည်းနည်းနဲ့သောက်လျှင် ကဖင်းက ဦးနှောက်ရှိ စိတ်ကျေနပ်မှုနဲ့ ပျော်ရွှင်ခြင်းကို ဖြစ်စေတဲ့ ကြားခံဓါတုပစ္စည်း(neurotransmitter)ဖြစ်တဲ့ ဒိုပါမင်း(dopamine)ပမာဏကို တိုးပွားစေတယ်။ သို့သော်လည်း အချိန်တိုအတွင်း ကော်ဖီများစွာသောက်ရင်တော့ နှလုံးတလှပ်လှပ်ခုန်ခြင်း(arrhythmia) (သို့) မူမမှန်နှလုံးခုန်ခြင်းတို့ဖြစ်ကာ သေနိုင်တဲ့အထိ အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဒါကြောင့်  ကော်ဖီနဲ့ ကဖင်းဓါတ်ပါတဲ့အချိုရည်များကို ဆင်ခြင်စွာနဲ့ သောက်ကြပါလို့။


No comments: