Saturday, December 26, 2015

ကျန်းမာသောဘဝနေထိုင်မှုပုံစံအတွက် လှုံ့ဆော်ကိုးကားချက်၁၅ရပ်

အသက်ရှည်ရှည် ပျော်ပျော်ရွှင်ရွှင်နဲ့ နေချင်ပါသလား။ ဆေးကုသမှုကုန်ကျစရိတ်လည်း သက်သာမယ်၊ တနေ့လုံး အားအင်အပြည့်နဲ့ နိုးထမယ်၊ ကိုလက်စထရောများတာနဲ့ သွေးတိုးတာတွေအတွက် စိတ်မပူရဘူး။ ကျန်းမာသော ဘဝနေထိုင်မှုပုံစံနဲ့နေထိုင်လျှင်  ဒီအရာအားလုံးကို သင်ရရှိနိုင်ပါတယ်။ အဲဒါဟာလွယ်ကူတယ်လို့ ဘယ်သူမှမပြောကြပါဘူး။ သင်ကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်ပြီး စတီးလ်ကဲ့သို့ သန်မာခိုင်ခံ့၊ ပြင်းပြတဲ့ ဆုံးဖြတ်ချက်စိတ်ဆန္ဒရှိရပါမယ်။ ဒါကြောင့် ကျန်းမာသောဘဝနေထိုင်မှုပုံစံအတွက်  အောက်ပါလှုံ့ဆော်ကိုးကားချက်၁၅ချက်ကို စာရေးသူကဝေငှဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
၁။ အကောင်းဆုံးခံစားချက်က သင်တခုခုလုပ်နိုင်မယ်လို့ ဘယ်သူကမှထင်မထားမှန်း သင်သိရတဲ့အခါ ဖြစ်ပါတယ်။ အဲဒီအခါ သူတို့တွေကို မှားကြောင်း သင်သက်သေပြလိုက်ပါ။

၂။ သင်လိုချင်တဲ့အရာမှန်သမျှ ဘယ်သောအခါမှ အလွယ်တကူမရရှိနိုင်ပါ။ ကျန်းမာတဲ့ဘဝရဖို့လည်း ထိုနည်းတူစွာပါပဲ။ ခက်ခဲတဲ့ဆုံးဖြတ်ချက်နဲ့ စည်းမျဉ်းစည်းကမ်းတွေ ရှိနိုင်ပါတယ်။ ဒါပေမဲ့ သင်အားစိုက်ထုတ်သလောက် သင်ပြန်ရတဲ့အခါ သင်ပို၍တန်ဖိုးထားတတ်လာပါတယ်။
၃။ တချို့သောသူတွေက သင်အစာအချို့ကို ရှောင်နေတာတွေအတွက် သင်ရူးနေပြီလို့ ထင်ကောင်းထင်လိမ့်မယ်။ သင်တနေ့ကို ၂ကြိမ်(သို့)၃ကြိမ်လောက် လေ့ကျင့်ခန်းလုပ်နေတာဟာ ပိုရူးသွားပြီလို့တောင် ထင်လိမ့်မယ်။ မကြာမီမှာ သင့်ရလဒ်ကိုကြည့်ပြီး သင်ဘယ်လိုလုပ်ဒီလိုဖြစ်အောင်လုပ်နိုင်တာလဲဆိုပြီး သင့်ကိုမေးယူရပါလိမ့်မယ်။
၎။ ဓါတ်ပုံထဲမှာ အကြီးကြီးဖြစ်နေတာအတွက် စိုးရိမ်နေလျှင် သင့်ခန္ဓာကိုယ်ကို ထိန်းသိမ်းလေ့ကျင့်ပြီး ပုံမှန်အခြေခံကျတဲ့ ကောင်းမွန်စွာစားသောက်တတ်တဲ့ ဘဝတသက်တာအလေ့အကျင့်ကို မွေးမြူ ပါ။ သင့်ခန္ဓာကိုယ်က ကျန်တာကိုတာဝန်ယူပါလိမ့်မယ်။
၅။ သင်ကြိုးစားပြီး သင်လိုချင်တဲ့ရလဒ်မျိုးမမြင်ရတဲ့အခါ လက်မလျှော့ပါနဲ့။ သင်အမှန်တကယ်တခုခုကို လိုချင်ရင်တော့ သင်ဘယ်တော့မှ ဖြစ်နိုင်မယ်မထင်တဲ့ ကန့်သတ်ချက်များကို သင်ကိုယ်တိုင်တွန်းအားပေးပါ။
၆။ သင်အပါအဝင် လူတိုင်းမှာ ပြင်းပြတဲ့စိတ်ဆန္ဒရှိကြပါတယ်။ အကယ်၍ သင့်ဘဝမှာ တခုခုကိုပြောင်းလဲဖို့ ဆုံးဖြတ်ချက်ချပြီးပြီဆိုရင် လုပ်သာလုပ်လိုက်ပါ။ အဲဒီဆုံးဖြတ်ချက်ဆီသို့ အားအင်အပြည့်နဲ့ သင်တတ်နိုင်သလောက် သွားပါ။ တုန်ရီအားငယ်စွာနဲ့ ချီတုံချတုံလုပ်နေရင် သံသယတွေဝင်လာဖို့အတွက် အခွင့်အလမ်းတွေ ပေးလာလိမ့်မယ်။
၇။ လမ်းခရီးမှာ ဆူးငြောင့်ခလုတ်အတားအဆီးတွေနဲ့ ထိခိုက်မိတဲ့အခါ မကြာခဏဆိုရင်တော့ သင်မထိန်းနိုင်တာမဟုတ်ပါဘူး။ သင်ထိန်းရမှာက သင့်ကိုလဲကျအောင်လုပ်တဲ့ အနှောက်အယှက်တွေကို ဘယ်လိုတုံ့ပြန်ရမလဲဆိုတာပါပဲ။ သင့်ဆုံးဖြတ်ချက်က သင်ဘယ်လိုတိတ်တဆိတ်ပြန်ထပြီး လမ်းကြောင်းပေါ်ပြန်ရောက်အောင် လုပ်မလဲဆိုတာပါပဲ။ သင်ထိန်းနိုင်ပ့ါမလားကိုပဲ စိုးရိမ်ရမှာပါ။
၈။ သင်ဘယ်လောက်မြန်အောင်ရွေ့နိုင်မလဲဆိုတာ အဓိကမကျပါဘူး။ သင့်ပန်းတိုင်ဆီသို့ဦးတည်ရွေ့လျားနေသမျှ သင့်ကိုပို၍ကောင်းလာစေပါတယ်။ အရာအားလုံးက ဒီလိုပါပဲ။ ကျန်းမာသန်စွမ်းခြင်းက ဘဝတလျှောက်လုံးဖြစ်သော ခရီးရှည်တခုနဲ့တူပါတယ်။ ဒါကြောင့် အလျင်မလိုပါနဲ့။
၉။ နံပတ်၆ကို ပြန်ကြည့်ပါ။ အဲဒါတွေအားလုံးက သင့်ရဲ့စိတ်နေသဘောထားဖြစ်တယ်။ သင်ဆုံးဖြတ်ချက်ချပြီးရင်တော့ စွဲမြဲစွာဆုပ်ကိုင်ပြီး လုပ်ဆောင်ပါ။ ဒိပြင်အရာတွေအားလုံး သူတို့ကိုယ်တိုင် ဂရုစိုက်စောင့်ကြည့်လာပါလိမ့်မယ်။
၁၀။ သင်တတ်နိုင်သမျှအကောင်းဆုံးလုပ်ရမှာက သင်လုပ်သမျှအရာတွေကို အားသွန်ခွန်စိုက်ကြိုးစားအားထုတ်ပါ။ သင်အခက်ခဲဆုံးကြိုးစားထားမယ်ဆိုရင် အဆုံးမှာ နောင်တရစရာမရှိပါ။ နောက်ဆုံးမှာ ရလဒ်အတွက် သင်ပျော်ရွှင်ရပါလိမ့်မယ်။
၁၁။ ဒီကမ္ဘာပေါ်မှာ ခန္ဓာတခုနဲ့အသက်တခုသာ သင်ရရှိပိုင်ဆိုင်ထားပါတယ်။ သင်ကိုယ်တိုင်အကောင်းဆုံးလုံလောက်စွာ စောင့်ရှောက်နိုင်ဖို့ဆိုရင် သင့်ကိုယ်ကို လေးစားပြီး ချစ်မြတ်နိုးပါ။
၁၂။ သင့်ကိုပြောင်းလဲနိုင်တဲ့သူဟာ သင်တယောက်တည်းပဲဖြစ်ပါတယ်။ သင်ကိုယ်တိုင်အတွက် ဆုံးဖြတ်ချက်ချပေးနိုင်တဲ့သူဟာလည်း သင်တဦးတည်းပဲဖြစ်ပါတယ်။ သင်ကသာ အပြည့်အဝထိန်းချု ပ်နိုင်တဲ့အတွက် ဆင်ခြေပေးစရာမရှိပါ။ ဒါကြောင့် သင်လိုချင်တဲ့ ခန္ဓာကိုယ်၊စိတ်နဲ့ကျန်းမာရေးရအောင် ရှာဖွေလိုက်စားပါ။
၁၃။ ပျင်းပျင်းရိရိနဲ့ ဘာမှမလုပ်ဘဲနေပြီး ဆုတောင်းနေရုံနဲ့ သင်ဘာမှဖြစ်လာမှာမဟုတ်ဘူး။ ကျန်းမာသောဘဝနေထိုင်မှုပုံစံမှာ အလုပ်လုပ်ရမယ်။ ဘယ်သူမှ သင့်ကိုလုပ်ပေးမှာမဟုတ်ဘူး။ အောင်မြင်မှုဆီသို့ သင့်ကိုယ်ပိုင်လှေကားနဲ့ တက်လှမ်းပါ။
၁၄။ ပထမဆုံး ပန်းတိုင်ရောက်ဖို့  သင်ဘာလိုချင်သလဲဆိုတာ ဆန်းစစ်ပါ။ သင်ဖြစ်ချင်တဲ့လူအတိုင်းဖြစ်ဖို့ သင်ကိုယ်တိုင်စိတ်ကူးပုံဖော်ပြီးနောက် အဲဒီနောက်ကို လိုက်ပါ။ သင့်စိတ်ထဲမှာ အစဉ်အမြဲ ရှင်းလင်းတဲ့ပုံရိပ်ရှိရပါမယ်။ သင်မရောက်မချင်း တနေ့လုံး အဲဒီအကြောင်းပဲ တွေးနေပါ။ ပြီးရင်ဘာလဲဆိုတာ ထင်မြင်ချက်ပေးပါ။ သင်ကိုယ်တိုင် ပိုကောင်းလာစေဖို့ နောက်ထပ်ရည်မှန်းချက်တခုကို ပြင်ဆင်ထားပါ။
၁၅။ သင်ထင်ထားတာထက်ပိုပြီး သင်ဟာစိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာမှာ ကြံ့ခိုင်မယ်။ ဒါပေမဲ့ သင်ကိုယ်တိုင်အခက်အခဲနဲ့မကြုံ ဖူးမချင်း သင်ဖော်ထုတ်သိရှိနိုင်မှာ မဟုတ်ပေ။ သင့်စိတ်နဲ့ခန္ဓာကိုယ်ကို စိန်ခေါ်နိုင်မဲ့ အခြေအနေများကို ရှာဖွေစူးစမ်းပါ။

အကယ်၍ ကျန်းမာရေးအသိစိတ်နိုးကြားတဲ့ သင့်ဘဝလူနေမှုပုံစံကို  ပြောင်းလဲမှုများမစတင်ရသေးဘူးဆိုရင် ဒီအချက်၁၅ချက်က သင့်စိတ်ကို လိုက်နာဖို့ လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့ စာရေးသူမျှော်လင့်မိပါတယ်။ သင့်ခန္ဓာကိုယ်က သင့်အပေါ်မူတည်နေပါတယ်။ သင့်ရဲ့ lifestyleမှာ ရိုးရိုးရှင်းရှင်းလေးပြောင်းလိုက်ရုံနဲ့ ဆရာဝန်ဆီသွားရမဲ့ဟာနဲ့ ဆေးဖိုးအတွက် ကုန်ကျစရိတ်တွေ သင့်ကိုအများကြီးသက်သာစေမှာပါ။ အားစိုက်ထုတ်ရမှုလည်း အင်မတန်မှ ထိုက်တန်လှပါတယ်။ 

အကယ်၍ တယောက်ယောက်က ကျန်းမာသောပြောင်းလဲမှုအချို့ ကို ပြုလုပ်ဖို့ကြိုးစားနေတယ်လို့ သင်သိနေရင် သင့်သူငယ်ချင်းတွေသိရအောင်  ဖေ့ဘုတ်မှာရှယ်လိုက်ပါ။ အစပိုင်းမှာတော့ အရမ်းခက်ခဲမှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမဲ့ ဘယ်တော့မှ ရပ်တန့်ဆုတ်ခွာမသွားပါနဲ့။ 

(Reference- 15 Motivating Quotes For A Healthy Lifestyle by Adam Pegg on June 26, 2013)

No comments: