Sunday, December 20, 2015

အဆိုပါကျန်းမာရေးစောင့်ရှောက်ကုသမှုက ကောင်းကျိုးထက်ဆိုးတျိုးပိုဖြစ်စေသလား?


အောက်ပါ အန္တရာယ်ဖြစ်နိုင်ခြေရှိတဲ့ ကျန်းမာရေးနဲ့ရောဂါရှာဖွေရေးဆိုင်ရာလုပ်ဆောင်ချက်၅ရပ်ကို သဘောတူလက်မခံခင် သေချာစဉ်းစားပါ။ လက်ရှိကနေဒါနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစံနစ်လေ့လာချက်အရ ၄င်းတို့ကို လုပ်ဆောင်ခြင်းဟာ ပိုမိုညွှန်ကြားစမ်းသပ်လုပ်ဆောင်ခြင်းဖြစ်တယ်ဆိုတာပါပဲ။


မေးခွန်းများမေးထိုက်တဲ့ ဆေးလောကရဲ့လုပ်ထုံးများ

ဆေးပညာမှာ ပိုတယ်ဆိုတာ အမြဲတမ်းကောင်းတယ်လို့ မဆိုလိုပါ။ မလိုလားအပ်တဲ့ကြားခံဝင်စွက်မှုများက ပိုက်ဆံပိုမိုကုန်ကျစေရုံသာမက ကျန်းမာရေးအန္တရာယ်ကိုပါ ဖြစ်လာစေပါတယ်။ ဒါကြောင့် လူနာများအနေနဲ့ အောက်ပါလုပ်လေ့လုပ်ထရှိတဲ့ စမ်းသပ်မှု၅မျိုးကို လက်မခံခင် ၂ကြိမ်မျှစဉ်းစားသင့်ပါတယ်။


ဆေးပညာမှာ ပိုတယ်ဆိုတာ အမြဲတမ်းကောင်းတယ်လို့ မဆိုလိုပါ။ မလိုလားအပ်တဲ့ကြားခံဝင်စွက်မှုများက ပိုက်ဆံပိုမိုကုန်ကျစေရုံသာမက ကျန်းမာရေးအန္တရာယ်ကိုပါ ဖြစ်လာစေပါတယ်။ ဒါကြောင့် လူနာများအနေနဲ့ အောက်ပါလုပ်လေ့လုပ်ထရှိတဲ့ စမ်းသပ်မှု၅မျိုးကို လက်မခံခင် ၂ကြိမ်မျှစဉ်းစားသင့်ပါတယ်။

၁။ခေါင်းကိုက်ခြင်းအတွက် CTs or MRIs 


ကွန်ပျူ တာတိုမိုဂရပ်ဖီလို့ခေါ်တဲ့ (CT)scansများမှာ ရောင်ခြည်ကို အသုံးပြု ၍ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပုံရိပ်ဖော်ရောဂါရှာဖွေခြင်းဖြစ်ပါတယ်။ အဆိုပါရောင်ခြည်ထိတွေ့မှုဟာ ကင်ဆာရောဂါဖြစ်နိုင်ချေများပါတယ်။Magnetic Resonance Imaging (MRI) scansလို့ခေါ်တဲ့ သံလိုက်ပဲ့တင်ရိုက်ခတ်မှုပုံရိပ်ကျတော့ ရောင်ခြည်မသုံးရပါဘူး။ မကြာခဏခေါင်းကိုက်ဝေဒနာခံစားနေရတဲ့လူနာများ CTs က အလွယ်တကူရနိုင်တဲ့အတွက် CTs နဲ့အရင်ဆုံးစမ်းသပ်စစ်ဆေးပါတယ်။ 

အဆိုပါscans၂မျိုးလုံးအတွက် ဦးနှောက်ရှိသိပ်သည်းဆကို ပုံမှန်ပြောင်းလဲစေနိုင်တဲ့ ထူးဆန်းရှာဖွေမှုများမှာ ပုံမမှန်ဟု ဓါတ်မှန်ဆရာဝန်က ထင်မှတ်ကာ နောက်ထပ်စမ်းသပ်မှုတွေထပ်စစ်ခိုင်းပြီး နောက်ဆုံးမှာ မထူးခြားတဲ့ရလဒ်များကို ထွက်ပေါ်လာပါတယ်။ ကနေဒါအလယ်ပိုင်းဒေသရှိလူ၆၂၃ယောက်ကို ခေါင်းကိုက်ဝေဒနာအတွက် CTရိုက်ခိုင်းလိုက်ရာ ၂ရာခိုင်နှုန်းသာ ခေါင်းကိုက်ခြင်းကို ဖြစ်စေတဲ့ ပုံမမှန်တွေ့ရှိချက်ကို တွေ့ရပြီး ၁ယောက်သာလျှင် ကင်ဆာအဖုအကျိတ်ဖြစ်ကြောင်း ရောဂါထုတ်ပြန်ခဲ့ပါတယ်။ ၄င်းအဖြေမထွက်ချိန်အတွင်း လူနာများမှာ စိုးရိမ်ပူပန်စွာ စောင့်စားနေရပါတယ်။ ဒါကြောင့် Winnipeg မှ Radiologist Dr. Martin Reedက ခေါင်းကိုက်ခြင်းက ပုံမှန်မဟုတ်ဘဲ ပြင်းထန်မှ(သို့) တခြားသောဝေဒနာနဲ့တွဲလျက် စကားတွေဗလုံးဗထွေးပြောမယ် (သို့) ခန္ဓာကိုယ်ကောင်းမွန်စွာရွေ့လျားနိုင်ခြင်းမရှိမှသာ Scanရိုက်သင့်တယ်လို့ ပြောပါတယ်။

၂။ အအေးမိခြင်းအတွက် Antibiotics ခေါ် ပိုးသတ်ဆေး

အအေးမိဗိုင်းရပ်စ်ပိုးဝင်နေတဲ့လူနာတွေက သူတို့ရဲ့ဆရာဝန်ကို antibioticsပေးဖို့ တောင်းဆိုကောင်းတောင်းဆိုပါလိမ့်မယ်။ သို့သော်ပိုးသတ်ဆေးက မစွမ်းဆောင်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ အအေးမိခြင်းက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပြီး ပိုးသတ်ဆေးက ဗိုင်းရပ်စ်ပိုးအတွက် ဘာမှလုပ်မပေးနိုင်ပါဘူး။ တချို့ ရောဂါအတွက် ဆေးက ပို၍ငြိမ်သက်စေကာ ဆိုးဝါးတဲ့ဘက်တီးရီးယားတွေကို ဝင်ရောက်ခွင့်ပေးပြီး C. difficile bowel infection လို့ခေါ်တဲ့ ဗိုက်နာ၊ဝမ်းလျှောတဲ့ဝေဒနာကို ဖြစ်ပေါ်စေပါတယ်။

၃။ ၂၁နှစ်အောက်နဲ့ ၆၉နှစ်ကျော်ဆိုရင်Pap Smearsခေါ် အမျိုးသမီးများအတွက် သားအိမ်ခေါင်းကင်ဆာ
    ရှိမရှိစမ်းသပ်ခြင်း
အရင်တုန်းက pap smearsကို ကာမစိတ်ကြွမှုရှိတဲ့ ဆယ်ကျော်သက်အရွယ်များကို နှစ်စဉ်စစ်ဖို့ အကြံပြုခဲ့ပေမယ့် သုတေသီများက ယခုအခါ ငယ်ရွယ်တဲ့အမျိုးသမီးများမှာသားအိမ်ခေါင်းပုံမမှန်ခြင်းကို ကိုယ်တိုင်ရှင်းရှင်းလင်းလင်းသိဖို့ စစ်ဆေးမှုတွေပြု နေကြောင်း တွေ့ရပါတယ်။ အသက်၂၅နှစ်အောက်မှာ ၂ကြိမ်စစ်ထားတဲ့အမျိုးသမီးတွေဆိုရင် ပုံမမှန်အဖြေထွက်ဖို့ အခွင့်အလမ်း၃ကြိမ်မှာ ၁ကြိမ်ပဲ ရှိပါတယ်။ အဆိုပါအကြောင်းရင်းကြောင့် pap smearsကို အသက်၂၁နှစ်(သို့) ၂၁နှစ်အထက်မှာသာ ပြု လုပ်သင့်ကြောင်း အကြံပြုပါတယ်။ အသက်၇၀(သို့)၇၀ကျော်အမျိုးသမီးများ ၃ကြိမ်ဆက်တိုက်စစ်ရာမှာ ပုံမှန်အဖြေထွက်ထားတယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်စရာမရှိတော့ပါ။

၎။ အရိုးသိပ်သည်းဆစမ်းသပ်ခြင်း (Bone Density Tests)
၎င်းtestကို အသက်၆၅နှစ်နဲ့အထက်အမျိုးသမီးများနဲ့ အသက်၇၀နဲ့အထက်အမျိုးသားများ ဆန်းစစ်ဖို့ အကြံပြုထားသော်လည်း လူငယ်လူရွယ်လေးတွေမှာအရိုးပွရောဂါအတွက် စိုးရိမ်ကာ မကြာခဏဆိုသလို မလိုလားဘဲ စစ်ကြပါတယ်။ အကယ်၍ သင်ဟာ ဆေးလိပ်သောက်တဲ့သူ(သို့) မတော်တဆအရိုးကျိုးထားတာ မဟုတ်ရင် အဲဒီ testဟာ သင့်အချိန်ကို အလဟဿ ဖြစ်စေပါတယ်။ သင့်ဆရာဝန်က သင်အရိုးကျိုးလွယ်ဆတ်လွယ်ဖို့အခွင့်အလမ်းများမှန်းသိပြီး သူကအကြံပေးလို့ စစ်ခိုင်းမှသာ bone density testsကို စစ်ပါ။


၅။ ခါးနာမှုအတွက် MRIs 
သာမန်အသက်အရွယ်ကြီးလာတဲ့ဖြစ်စဉ်တစိတ်တဒေသအရ အနည်းဆုံး၂၀ရာခိုင်နှုန်းသော အသက်၃၀ကျော်ကနေဒါလူမျိုးများဟာ သူတို့ရဲ့ ခါးရိုးဆစ်တွေ scanထဲမှာ အဆစ်လွဲချော်ပျက်စီးခြင်း(disc degeneration)ကို တွေ့ရပါတယ်။ ဘယ်ရှာဖွေတွေ့ရှိမှုဟာ ရိုးရိုးအသက်ကြီးလို့ဖြစ်ရတာပါလို့ မကြာခဏပြောဖို့မဖြစ်နိုင်သောကြောင့် ခါးပေါ်ကို MRIsစစ်ဆေးခြင်းဖြင့် လူနာကအသက်အရွယ်ကြီးလို့ဟု သုံးသပ်ကာ ခွဲစိတ်မှုအပါအဝင်အခြားစမ်းသပ်မှုများ လိုချင်လည်းလိုလာပါလိမ့်မယ်။ သို့သော် တချို့ လူနာတွေမှာ ရှင်းမပြနိုင်တဲ့ဝေဒနာများဖြစ်တဲ့ ကင်ဆာရောဂါနဲ့တူတဲ့နာကျင်မှုမျိုး၊ ကိုယ်အလေးချိန်လျော့ကျခြင်း၊ ခြေထောက်ကြွက်သားမလှုပ်ရှားနိုင်ခြင်း(သို့) ဆီးအိမ်မထိန်းနိုင်ခြင်းစတဲ့ဝေဒနာမျိုးရှိနေလျှင်တော့ MRIs စစ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။

တစ်ချို့ပိုက်ဆံချမ်းသာသူတွေက ရောဂါမရှိပေမဲ့ နိုင်ငံခြားကို ရှော့ပင်းထွက်ရင်း ဆေးလည်းစစ်ရင်း တကိုယ်လုံးကို ပိုက်ဆံအကုန်ခံကာ ရောဂါရှာဖွေမှုတွေ ပြုလုပ်ပြီး ကြွားလုံးထုတ်တတ်ကြပါတယ်။ ဒါကြောင့် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး လိုအပ်မှသာ စစ်ဆေးကြဖို့တိုက်တွန်းချင်ပါတယ်။

Reference- By Wendy Glauser From Reader's Digest Magazine, December 2014
                   (ARE THESE HEALTH CARE TREATMENTS MORE HARM THAN GOOD?)





No comments: