Saturday, December 19, 2015

ကျန်းမာတဲ့အတွေးအခေါ်များကို တွေးတောပါ။


ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာ အင်မတန်ထိလွယ်ခိုက်လွယ်တဲ့အရာဖြစ်တဲ့အတွက် များစွာဂရုစိုက်ရပါမယ်။ မကြာခဏဆိုသလို ဘဝဖြတ်သန်းရာမှာ ဖျားနာမယ်၊ စိတ်ဖိစီးမှုဖြစ်မယ်၊ တခြားလူတွေနဲ့လည်း ပေါင်းသင်းဆက်ဆံရမယ်။ သင်ကျန်းမာရေးကောင်းလျှင် သင်ကိုယ်တိုင်အတွက်ကောင်းရုံသာမက သင့်ဘဝရဲ့အခြားနေရာများပါ တိုးတက်ကောင်းမွန်စေပါလိမ့်မယ်။ အကယ်၍ သင်ဖျုားနာခြင်းတွေနဲ့ အမြဲမပြတ်တိုက်ပွဲဝင်နေရပြီဆိုရင် သင့်ရဲ့ရည်မှန်းချက်ပန်းတိုင်ရောက်အောင်လျှောက်လှမ်းဖို့ ခက်ခဲကြမ်းတမ်းစွာနေထိုင်ရပါလိမ့်မယ်။ ဒ့ါကြောင့် မိမိခန္ဓာကိုယ်ကို ဘုရားတဆူကဲ့သို့ ကိုးကွယ်စောင့်ရှောက်လျှင် ရာစုနှစ်ပေါင်းများစွာထိ ကောင်းမွန်စွာနေထိုင်အသက်ရှင်နိုင်ပါတယ်။ အကယ်၍ လွဲမှားကြမ်းတမ်းစွာ အသုံးချလျှင် ကျန်းမာရေးချို့ ယွင်းလာကာ အားအင်ချိနဲ့လာပါလိမ့်မယ်။ 
ကျန်းမာသန်စွမ်းအောင် လေ့ကျင့်ခန်းလုပ်ပါ။ ပိန်လှီစေဖို့ မဟုတ်ပါ။ မိမိခန္ဓာကိုယ်ကို အာဟာရဖြစ်အောင် စားပေးပါ။ အရင်တချိန်က  သင်ကြုံ တွေ့ခဲ့ရတဲ့ မနှစ်မြို့ ဖွယ်၊ မလိုလားဖွယ်ကောင်းသော သာဓကဟောင်းများနဲ့ သင့်ရဲ့မုန်းသူများ၊ သံသယရှိသူများကို အမြဲတမ်းဥပက္ခာပြု လိုက်ပါ။ သင်နားလည်သဘောပေါက်တာထက် ပိုပြီး တန်ဖိုးရှိပါတယ်။ ဘယ်သောအခါမှ အလျင်မလိုပါနဲ့။ လေ့ကျင့်ခန်းများများလုပ်ပေးပါ။ အမြဲပျော်ရွှင်စွာနေပါ။ လုံလောက်စွာ အိပ်စက်မယ်ဆိုရင် နေကောင်းဖို့ မျှော်လင့်နိုင်ပါမယ်။ ကာဗွန်ပါတဲ့အချိုရည်များ၊ သန့်စင်ထားတဲ့သကြား၊ သဘာဝမဟုတ်တဲ့အချိုခဲနဲ့အရောင်များ(artificial sweeteners & colours)၊ အသင့်စားသုံးနိုင်တဲ့အစားအစာများ(Processed foods)ကို လျှော့စားပါ။ အရွက်နဲ့ဟင်းသီးဟင်းရွက်များ၊ အော်ဂင်နစ်အဆီပါဝင်မှုနည်းတဲ့ပရိုတိန်းများ(Organic Lean Proteins)၊ အိုမီဂါ၃ဖက်တီးအက်ဆစ်များ(Omega3 Fatty Acids)ပါတဲ့အစားအသောက်များကို များများစားပေးပါ။ ရေများများသောက်ပေးပါ။ 

သင်မဖျားမနာလို့ဆိုပြီး ကျန်းမာတယ်လို့ မဆိုလိုပါ။ ဗုဒ္ဓဘုရားရှင်ရဲ့အဆိုအရ ခန္ဓာကိုယ်ကြံ့ခိုင်ကျန်းမာဖို့ဟာ ဝတ္တရားတရပ်ဖြစ်ပါတယ်။ အဲလိုမှမဟုတ်ရင် စိတ်ဓါတ်၊သတ္တိစွမ်းပကားဆိုတဲ့  မီးစာကို ဂရုတစိုက်သေချာစွာ အပြည့်အဝပြင်ဆင်မထားရင် ကျွန်တော်တို့ရဲ့ဥာဏ်ပညာဆိုတဲ့ ဆီမီးခွက်ကို ထွန်းလင်းတောက်ပဖို့ မဖြစ်နိုင်သလို ကျွန်တော်တို့ရဲ့စိတ်ဓါတ်ခွန်အားကြံ့ခိုင်ဖို့နဲ့ စိတ်ရှင်းရှင်းလင်းလင်းထားဖို့ မလုပ်နိုင်ပါဘူး။ ရေက ကြာပန်းကို ဝန်းရံထားပေမဲ့ သူ့ရဲ့ပွင့်ချပ်တွေကိုတော့ ရေမစိုစေပါဘူး။ 

ကျန်းမာရေးကောင်းစွာနေဖို့ ပေါ့ပေါ့ပါးပါးနည်းနည်းပဲ စားပါ။ အသက်ပြင်းပြင်းရှူ သွင်းပါ။ သင့်တင့်လျောက်ပတ်စွာ နေထိုင်ပါ။ ပျော်ရွှင်မှုကို မွေးမြူ ပါ။ ဘဝမှာစိတ်ပါဝင်စားမှုတခုခုကို ထိန်းသိမ်းစောင့်ရှောက်ပါ။ သူ့ကျန်းမာရေးကို ဂရုစိုက်ဖို့အလုပ်ရှုပ်နေတဲ့ လူတယောက်ဟာ သူရဲ့ကိရိယာတန်ဆာပလာများကို ထိန်းသိမ်းဖို့ အလုပ်များနေတဲ့ စက်ပြင်ဆရာတယောက်နဲ့ သွားတူနေတယ်လို့ စပိန်ဆိုရိုးစကားတခုမှ ဆိုပါတယ်။

အိုင်းရစ်စကားပုံအရ ကောင်းမွန်စွာ ရယ်မောခြင်းနဲ့ ကြာရှည်စွာအိပ်စက်ခြင်းဟာ ဆရာဝန်စာအုပ်ထဲရှိ အကောင်းဆုံးကုထုံးများဖြစ်ပါတယ်။ အစာလည်းဆေး၊ ဆေးလည်းအစာဆိုတဲ့အတိုင်း သင်စားလိုက်တဲ့အစာဟာ ဘေးအကင်းဆုံးနဲ့ စွမ်းအားအရှိဆုံးဆေးပုံစံလဲဖြစ်နိုင်သလို အနှေးဆုံးအဆိပ်ပုံစံအဖြစ်လဲ ပြောင်းလဲသွားနိုင်ပါတယ်။  ရောဂါ (သို့) အားအင်ချိနဲ့နာမကျန်းမှု မရှိရုံနဲ့ ကျန်းမာတယ်လို့ မဆိုလိုပါဘူး။ ကျန်းမာရေးဆိုသည်မှာ ရုပ်ပိုင်းဆိုင်ရာ၊စိတ်ပိုင်းဆိုင်ရာနဲ့ လူမှုဆက်ဆံရေးရာမှာ ပြည့်စုံကောင်းမွန်သော အခြေအနေကို ဆိုလိုပါတယ်။

လမ်းလျှောက်ခြင်းဟာ အကောင်းဆုံးလုပ်ဆောင်နိုင်တဲ့ လေ့ကျင့်ခန်းဖြစ်ပါတယ်။ ဒါကြောင့် ဝေးဝေးလျှောက်နိုင်တဲ့ ကျင့်သားရအောင် သင်ကိုယ်တိုင်လုပ်ပါ။ ဘယ်သူမှမငြင်းနိုင်တဲ့ နေရာတိုင်းမှာရှိတဲ့ အကောင်းဆုံးဆရာဝန်၆ဦးကတော့ နေရောင်ခြည်၊ ရေ၊ အနားယူခြင်း၊ လေ၊ လေ့ကျင့်ခန်းနဲ့ အစားအသောက်ပဲ ဖြစ်တယ်။ အဆိုပါ၆ဦးဟာ ပျော်ရွှင်စွာနဲ့ သင့်ကိုကူညီစောင့်ရှောက်ပါလိမ့်မယ်။ အကယ်၍ သင်ကသာ လိုလိုလားလားနဲ့ သူတို့နဲ့ပူးပေါင်းလျှင် သင့်စိတ်တွေ အဆင်ပြေချောမွေ့မယ်၊ သင့်မျှော်လင့်ချက်ဆန္ဒတွေကို တိုးတက်ပြောင်းလဲလာပြီး သင့်ထံမှ တပြားတချပ်မျှ မတောင်းခံပါဘူး။ စစ်မှန်တဲ့ ပျော်ရွှင်မှုက ခန္ဓာကိုယ်ရဲ့ စိတ်နဲ့ လေ့ကျင့်ခန်းလုပ်ဆောင်ရာမှ ဖြစ်ပေါ်လာတဲ့အတွက် အဆိုပါ၂ခုဟာ အစဉ်အမြဲပေါင်းစပ်ထားပါတယ်။ စိတ်ပျော်မှ ကိုယ်နုတာဆိုတဲ့အတိုင်း ရခဲလှတဲ့လူ့ဘဝကြီးမှာ စိတ်ညစ်စရာတွေ ဘေးဖယ်ပြီး ပျော်ရွှင်စွာနေပါ။ ကျန်းမာမှ မျှော်လင့်ချက်ရှိတာ လုပ်ဆောင်နိုင်မှာ ဖြစ်တယ်။ မျှော်လင့်ချက်ရှိတဲ့သူဟာ အရာရာကို စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ 




No comments: