Monday, November 30, 2015

ရေခဲတုံးရဲ့အသုံးဝင်ပုံ၅မျိုး

ရေခဲသေတ္တာထဲမှ ရေခဲတုံးလေးများကို ထုတ်ယူလိုက်ပါ။ အဆိုပါရေခဲတုံးလေးတွေဟာ ၅နေရာမှာထူးထူးဆန်းဆန်းအသုံးဝင်နေတာကို သင်သိရှိရဲ့လား။

 ရေခဲတုံးလေးတွေက အဖျော်ယမကာတွေအေးခဲစေဖို့ အကောင်းဆုံးလို့ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် ၄င်းတို့ကို သုံးနိုင်မဲ့ တခြားနည်းလမ်းအမြောက်အမြားလည်း ရှိပါတယ်။ ရေခဲတုံးလေးတွေသုံးပြီး အောက်ပါထူးခြားပြောင်မြောက်တဲ့ နည်းလမ်းသစ်တွေနဲ့ သင်အိမ်မှာ စမ်းသပ်ကြည့်လိုက်ရအောင်။

၁။ ဆေးအရသာကို ဖုံးအောင် ရေခဲတုံးသုံးပါ။
သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်တွေက ကလေးတွေရဲ့ဆေးကို ဘယ်လိုအနံ့အရသာတွေနဲ့ပဲပေးပေး ကလေးတွေက အဆိုပါအရသာကို လက်ခံဖို့ငြင်းဆန်နေဦးမှာပဲ။ ဒါကြောင့် သူတို့လေးတွေကို ဆေးမတိုက်ခင် ရေခဲတုံးတွေကို ငုံပေးထားခိုင်းခြင်းဖြင့် အာရုံခံမှု အရသာထုံသွားကာ သကြားအကူမလိုဘဲ ဆေးကိုအလွယ်တကူဝင်ရောက်စေပါတယ်။

၂။ ထမင်းတွေကိုပြန်နွေးတဲ့အခါ ရေခဲတုံးထည့်ပါ။
သင့်ရဲ့ထမင်းကျန်ကို မိုက်ခရိုဝေ့ထဲ ပြန်အပူပေးတဲ့အခါ ခြောက်ကပ်သွားပါသလား။ ဒီနည်းနဲ့စမ်းကြည့်လိုက်ပါ။ မိုက်ခရိုဝေ့အကာအကွယ်ခံ ပန်းကန်ပြားထဲရှိ ထမင်းရဲ့အပေါ်မှာ ရေခဲတုံးတင်ပြီးအပူပေးကြည့်လိုက်ပါ။ရေခဲတုံးတွေ အရည်ပျော်ကာ ဆန်စေ့လေးတွေကို လိုအပ်တဲ့ ရေခိုးငွေ့အများအပြားပေးပြီး ထမင်းကိုပူပူနွေးနွေးလေးနဲ့ မွမွလေးဖြစ်စေပါတယ်။

၃။ အိမ်မွေးတိရစ္တာန်လေးတွေရဲ့ ရေကိုအေးအေးလေးဖြစ်ဖို့ ရေခဲတုံးတွေသုံးပါ။
နွေရာသီအလယ်ပိုင်းမှာ သိုးမွေးပွကုတ်ဝတ်ထားရင် ဘယ်လိုနေမလဲဆိုတာ ခန့်မှန်းကြည့်ပါ။ သင်မွေးထားတဲ့ ယုန်၊ဟမ်စတားနဲ့ ကြွက်မျိုးနွယ် (gerbils)ပုံပါအကောင်တွေရဲ့ စားစရာခွက်ကလေးထဲကို ရေခဲတုံးလေးတွေထည့်ထားရင် သူတို့လေးတွေက သင့်ရဲ့တွေးခေါ်ကြံဆမှုကို တန်ဖိုးထားပြီးကျေးဇူးတင်ပေလိမ့်မယ်။ ဒီနည်းဟာ ပူအိုက်တဲ့မနက်ခင်းလုံး သင့်အိပ်ရာပေါ်မှာ အိပ်စက်လဲလျောင်းနေခဲ့တဲ့ သင့်ကြောင်တွေအတွက်လဲ နည်းလမ်းကောင်းတခုဖြစ်သလို ပန်းခြံထဲမှာ သင်နဲ့အတူတကွ အချိန်ကြာကြာ ကစားတဲ့ သင့်ခွေးအတွက်လဲ ကောင်းမွန်သော နည်းလမ်းဖြစ်ပါတယ်။ 


၎။ စွပ်ပြုတ်ရည်နဲ့ အသားနှပ်တွေမှာရှိတဲ့အဆီတွေကို ဖယ်ရှားပစ်ဖို့ ရေခဲတုံးလေးတွေကိုသုံးပါ။
သင်ကိုယ်တိုင်ချက်ပြုတ်တဲ့ အသားပြုတ်ရည်(သို့)အသားနှပ်မှ အဆီများကို တတ်နိုင်သမျှ မြန်မြန်ဖယ်ရှားချင်ပါသလား။ သံယောက်ချိုထဲကို ရေခဲတုံးထည့် ၊  ယောက်ချိုအခြေကို အိုးထဲရှိ ဟင်းရည်အပေါ်မှာတင်ပြီး အဆီဖယ်ပါ။ အဆီတွေ  ယောက်ချိုမှာ ကပ်ပါလာတာကို တွေ့ရပါလိမ့်မယ်။

၅။ သေးငယ်တဲ့ အချွန်အစူးအမှုန်အစလေးတွေကို မဖယ်ရှားခင် ရေခဲတုံးပွတ်လိမ်းပေးပါ။
စူးစူးဝါးအော်နေတဲ့ လိမ်ဖယ်လိမ်ဖယ်လမ်းလျှောက်တတ်ခါစကလေးငယ်လေးတယောက်ရဲ့ အစူးကိုဖယ်ထုတ်ဖို့ဆိုတာ မိဘများရဲ့စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ အပ်ကလေးနဲ့မထိုးဆွခင်မှာ ရေခဲတုံးအမြန်ယူပြီး အဲဒီနေရာကို ထုံအောင်အရင်လုပ်ပါ။ အဲသလိုလုပ်ခြင်းဖြင့် နှစ်ဦးစလုံးအတွက် အချိန်ကြန့်ကြာနာကျင်မှုဝေဒနာကို လျော့ပါးစေနိုင်ပါတယ်။
Reference- http://www.readersdigest.ca/home-garden/5-things/5-more-things-do-ice-cubes


No comments: