Saturday, October 31, 2015

တောက်ပဝင်းလက်တဲ့ကျန်းမာသောအသားအရေပိုင်ရှင်ဖြစ်ဖို့ လျှို့ ဝှက်ချက်၁၀ခု


အလှတရားများထဲတွင် အသားအရေဝင်းမွတ်တောက်ပခြင်းကလည်း အရေးပါပါတယ်။ အောက်ပါအချက်၁၀ချက်ကို လိုက်နာကျင့်သုံးခြင်းဖြင့် တောက်ပကျန်းမာတဲ့ အသားအရေကို ထိန်းသိမ်းထားနိုင်ပါလိမ့်မယ်။

၁။ ရေပူနဲ့ကြာရှည်စွာရေချိုးခြင်းကို ရှောင်ပါ။ရေပူနဲ့အချိန်ကြာကြာရေချိုးတဲ့အခါ အရေပြားရဲ့ အစိုဓါတ်ကို ခွာချလိုက်ပြီး အဆီထိန်းအလွှာကိုဆေးကြောပစ်လိုက်သလို ဖြစ်သွားပါတယ်။ ဒါကြောင့် အတန်အသင့်အေးမြတဲ့ရေနဲ့ အချိန်၁၀မိနစ်မျှသာ ကန့်သတ်ထားပြီး အချိန်တိုတိုနဲ့ရေချိုးပါ။
၂။ ရှားစောင်းလက်ပတ်ဂျယ်လ်ကို နေ့စဉ်လိမ်းပေးပါ။အလွန်အမင်းခြောက်သွေ့တဲ့အသားအရေပေါ်ကို  ရှားစောင်းလက်ပတ်ဂျယ်လ်ကို နေ့စဉ်လိမ်းပေးခြင်းဖြင့် အသားအရေချောမွေ့စေပါတယ်။ ရှားစောင်းလက်ပတ်ရှိအက်ဆစ်ဓါတ်ဟာ ဆဲလ်သေများကို ကင်းစင်စေပြီး အသားအရေအသစ်ဖြစ်စဉ်ကို လျင်မြန်စေပါတယ်။ အပြင်ကပဲ အသင့်သုံးပစ္စည်းကိုပဲဝယ်သုံးသုံး(သို့)ရှားစောင်းလက်ပတ်ရဲ့အဖျားကို ဖြတ်၊ အခွံခွာပြီးခြောက်သွေ့တဲ့နေရာတွေပေါ်ကို သုတ်လိမ်းပေးပါ။

၃။ နေ့တိုင်းဂျီးတွန်းပေးပါ။
ဗူးသီးခြောက်ခွံကို နေ့စဉ်သုံးခြင်းဖြင့် မွေးကျွတ်နာနဲ့ အရေပြားခြောက်ပြီး အကြေးခွံကဲ့သို့ ကြမ်းတမ်းတဲ့အသားအရေမဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ရေချိုးတိုင်း ဗူးခြောက်ခွံအဖတ်နဲ့ စက်ဝိုင်းသဏ္ဏာန် ညင်ညင်သာသာတိုက်ချွတ်ပေးခြင်းဖြင့် ဆဲလ်သေများကို ဖယ်ရှားပေးပါတယ်။ 
၎။ နေ့စဉ်ကြက်သွန်ဖြူ နဲ့ ချက်ပါ။၁၉၉၆ဒိန်းမတ်ပညာရှင်တို့ရဲ့ လေ့လာတွေ့ရှိချက်အရ ပိုးမွေးထားတဲ့ခွက်ထဲမှာ ရှင်သန်ကြီးထွားပြီး ကြက်သွန်ဖြူ နဲ့ထိတွေ့လိုက်တဲ့ အရေပြားဆဲလ်များဟာ စံသတ်မှတ်ထားတဲ့ပိုးမွေးခွက်ထဲမှာ ကြီးပြင်းတဲ့ဆဲလ်ထက် သက်တမ်းခုနစ်ဆပိုရှည်ပါတယ်။ ကြက်သွန်ဖြူ မထိတွေ့တဲ့ဆဲလ်ထက် ပိုကျန်းမာ၊ ပိုနုပျို တယ်လို့ ထင်ရပါတယ်။ ဒါ့အပြင် ကင်ဆာဖြစ်စေနိုင်တဲ့ ဆဲလ်ပေါက်ဖွားမှုကို ကြက်သွန်ဖြူ က သိသိသာသာတားမြစ်ပေးပါတယ်။ ၅။လိမ္မော်သီးဖျော်ရည်များများသောက်ပါ။
၎င်းမှာ အသားအရေချောမွေ့နုပျို စေတဲ့ ကိုလဂျင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်အရေးပါသော ဗီတာမင်စီများစွာပါဝင်ပါတယ်။ ဗီတာမင်စီကြွယ်ဝတဲ့ အခြားအသီးများမှာ မာလကာသီး၊ ကီဝီသီးနဲ့ ငရုတ်သီးအနီရောင်(Red Pepper)တို့ ဖြစ်ပါတယ်။
၆။ မာလ်တီဗိုက်တာမင်(Multivitamin)ကို နေ့စဉ်သောက်ပါ။ဗီတာမင်စီ၊အေနဲ့ဘီအပါအဝင် အာဟာရဓါတ်များစွာဟာ ကျန်းမာသောအသားအရေအတွက် အရေးပါပါတယ်။  စိတ်အချရဆုံးနည်းလမ်းကတော့ ၄င်းတို့အားလုံးပါဝင်အောင် ကျန်းမာစွာစားသုံးရမှာဖြစ်သလို ဖြည့်စွက်ဆေးအဖြစ်နဲ့လည်း နေ့စဉ်သောက်သုံးပေးရပါမယ်။
၇။ သင့်လက်နဲ့ မျက်နှာကို မထိပါနဲ့။

ဘာလို့လဲဆိုတော့ လက်ကမျက်နှာပြင်များစွာနဲ့ ထိတွေ့နေရပြီး အညစ်အကြေးနဲ့ပိုးမွှားများက သံလိုက်သဖွ
ယ်ကပ်တွယ်နေပါတယ်။ မျက်လုံးတွေကို ပွတ်မယ်။ မေးစေ့ကို ပွတ်သပ်မယ်၊ ပါးတွေကိုကိုင်မယ်ဆိုရင် သ
င့်လက်ကနေ အရာအားလုံးက မျက်နှာတွေဆီကို ကူးစက်ရောက်လာစေပါတယ်။ ဒါကြောင့်ဖုန်းပြောတဲ့အခါ ကြာမယ်ဆိုရင် နားကြပ်သုံးပါ။

၈။ ရာသီတိုင်းမှာ Moisturizerကို ပြောင်းသုံးပေးပါ။

ရာသီပြောင်းတဲ့အချိန်တိုင်းမှာ အစိုဓါတ်လိမ်းဆေးကို အစားထိုးပြောင်းလဲသုံးစွဲပေးပါ။ သင့်အသားအရေက နွေရာသီမှာထက် ဆောင်းတွင်းမှာ အစိုဓါတ်ပိုလိုအပ်ပါတယ်။ ဒါကြောင့် အနွေးထည်ထူထူဝတ်ဖို့လိုတဲ့အချိန်မှာ moisturizerအပြင်းစားဝယ်သုံးပါ။ အနွေးထည်မလိုဘဲ တီရှပ်ဝတ်ရမဲ့ရာသီရောက်ရင်တော့ အပျော့စားအမျိုးအစားကို ပြောင်းသုံးပေးပါ။ 

၉။ ဆီအများကြီးကို ဖယ်ရှားပစ်ပါ။

အဆီအများကြီးကို သိပ်ဖို့ အချိန်တိုင်း ပေါင်ဒါမုန့်လေး(Loose powder)နဲ့ ဖို့သိပ်ပေးခြင်းဖြင့် သင့်မျက်နှာကို အဆီတဝင်းဝင်း မဖြစ်စေတော့ပါ။ မိတ်ကပ်အခဲ(Pressed Powder)ကို မသုံးပါနဲ့။ ၄င်းတို့မှာ အဆီပါဝင်တဲ့အတွက် အဆီပိုပြန်စေပါတယ်။

၁၀။ အလှကုန်ပစ္စည်းများကို သေချာဂရုတစိုက်ရွေးချယ်ပါ။

သင့်မှာ ဓါတ်မတည့်တဲ့အသားအရေမျိုးဆိုလျှင် ရိုးရှင်းတဲ့အလှကုန်မျိုးသာသုံးပါ။ အရောင်(သို့) အနံ့အရသာပါတဲ့အရာမျိုး၊ အမြှု ပ်ကလေးတွေထွက်တဲ့ဟာမျိုး(သို့) labelမှာ Antibacterialပါတဲ့ အရာမျိုးကို ဝေးဝေးကရှောင်ပါ။ 


အထက်ပါအချက်၁၀ချက်ကို နေ့စဉ်လိုက်နာကျင့်သုံးမယ်ဆိုရင် ကျန်းမာနုပျို ပြီး ဝင်းလက်တောက်ပတဲ့ အသားအရေပိုင်ရှင်ဖြစ်လာမှာ မလွဲမသွေပါပဲသူငယ်ချင်းတို့ရေ။





No comments: