Thursday, September 10, 2015

သင့်သွားများသန့်ရှင်းစေဖို့ နည်းလမ်း၁၀ချက်

သင့်အပြုံးနဲ့ပတ်သက်ပြီး အမြဲစိုးရိမ်နေသူများ အချိန်တိုအတွင်း သင့်သွားများဖြူ ဝင်းလာစေဖို့ အောက်ပါနည်းလမ်းများကို ကြိုးစားစမ်းကြည့်ကြရအောင်။
၁။ သွားဖြူစေမဲ့ အစားအသောက်
အကယ်၍ သင်ဟာ Red Wine, Black Tea သောက်တတ်တဲ့သူ၊ ဆေးလိပ်(သို့)ဆေးပြင်းလိပ်သောက်တတ်တဲ့သူဆိုရင် ပုလဲလုံးကဲ့သို့ ဖြူစင်တဲ့သွားဖြစ်လာဖို့ မမျှော်လင့်ပါနဲ့။ သွားကိုမည်းစေမဲ့အခြားသောအရာများမှာ ကိုလာ၊ အသားပြုတ်ရည်၊ အချိုရည်မည်းမည်းအရောင်ရင့်ရင့်တို့ပဲ ဖြစ်ပါတယ်။ သွားများကို အရောင်စွန်းထင်းစေပါတယ်။ ဒါကြောင့် ပထမအဆင့်အနေနဲ့ အရောင်စွန်းထင်းစေမဲ့ အစားအသောက်များကို စားပြီးပြီးချင်း သွားကိုချက်ချင်းတိုက်ပါ။ ဒုတိယအဆင့် အပြင်ကပဲဖြစ်ဖြစ်(သို့) သွားဆေးခန်းကပဲဖြစ်ဖြစ် ကောင်းမွန်တဲ့အစွန်းချွတ်ဆေးကို ပုံမှန်သုံးပါ။ အဆင့်သုံးအနေနဲ့  သင့်သွားကို စွန်းထင်းစေနိုင်တဲ့ အစားအသောက်များကို သတိရှိပါစေ။ သွားတိုက်တံအနားမှာရှိမှသာ စားပါ။ အကယ်၍ သွားတိုက်တံမရှိဘူးဆိုရင် အချိုပွဲအနေနဲ့ ပန်းသီးကိုစားပေးခြင်းဖြင့် သွားသန့်ရှင်းရေးလုပ်ဆောင်ပေးရာ ရောက်ပါတယ်။ 

၂။ သွားတိုက်နေစဉ် သီချင်းသံညည်းပေးပါ။ 
အနည်းဆုံးသွားကို မနက်တကြိမ်နဲ့ညအိပ်ရာမဝင်ခင်တကြိမ်တိုက်ပေးပါ၊၊ ဖြစ်နိုင်ရင်တော့ အစာစားပြီးတိုင်း တိုက်ပါ၊၊ ဒါပေမဲ့ အရမ်းအလွန်အကျွံတိုက်ပါများလွန်းလျှင် သွားအတွက်မကောင်းပါ၊၊ အစာစားပြီးတိုင်း အစာဟောင်းကြွင်းကျန်များမကပ်ညှိစေဖို့ သွားမတိုက်နိုင်ရင်တောင်မှ အနည်းဆုံး အာလုပ်ကျင်းပေးပါ၊၊ သွားမျက်နှာပြင်တခုလုံးရှိ ဘက်တီးရီးယားများအပြည့်အနှက်ကို ရှင်းလင်းဖယ်ရှားပစ်ဖို့ ဗြိတိသျှသုသေသီများ အကောင်းဆုံးစံနှုန်းသတ်မှတ်ထားတာကတော့ အနည်းဆုံး၂မိနစ်ကြာအောင် သွားတိုက်ပါ။ "Row, Row,Row Your Boat" လှော်လှော်လှေကိုလှော်ဆိုတဲ့ ၂မိနစ်စာအတိသီချင်းလေးညည်းရင်း သွားတိုက်ပါ။ သို့မဟုတ် ရေချိုးခန်းထဲမှာ Timerထားပြီး ၂မိနစ်စာချိန်ကိုက်ထားပါ။

၃။ သွားတိုက်တံကို ခဲတံကိုင်သလို သေချာမြဲမြံစွာ ဖွဖွ ဆုပ်ကိုင်ထားပါ။
သင့်ရဲ့သွားတိုက်တံဟာ ကားများကိုတိုက်ချွတ်သလိုမျိုးနဲ့တူနေတယ်ဆိုရင်တော့ သင်သွားတိုက်တာ အရမ်းအားပြင်းလွန်းတာပဲ ဖြစ်တယ်။ အားနဲ့တိုက်တာဟာ သွားမျက်နှာပြင်ကို သန့်ရှင်းစေဖို့ အကောင်းဆုံးနည်းလမ်းမဟုတ်ပါ။ အကောင်းဆုံးနည်းကတော့ ရှေ့နောက်ဘေးတိုက်အနေအထားထက်စာရင် သွားတိုက်တံကို သွားဖုံးနဲ့ ၄၅ဒီဂရီထား၍ စက်ဝိုင်းသဏ္ဏာန်ဖြေးဖြေးချင်းညင်သာစွာရွေ့လျားတိုက်တဲ့ပုံစံပဲ ဖြစ်ပါတယ်။ သွားတိုက်တံကို ခဲတံကိုင်သလိုမျိုးကိုင်မှ အရမ်းအားပြင်းပြင်းနဲ့ တိုက်မိတော့မှာ မဟုတ်ပါ။ အနည်းဆုံး    ၂လ (သို့) ၃လတခါတိုင်း သင့်ရဲ့သွားတိုက်တံကို လွင့်ပစ်ပါ(သို့) လျှပ်စစ်နဲ့တိုက်ရတဲ့ဟာဆိုရင် သပွတ်တံထိပ်ကို လဲလှယ်ပေးပါ၊၊ အဲလိုမှမလုပ်ပဲဆက်သုံးနေမယ်ဆိုရင် ရောဂါပိုးမွားကို သင့်ပါးစပ်ထဲသို့ ထည့်နေသလိုမျိုးနဲ့ တူပါတယ်၊၊
၎။ တနေ့ကို လက်ဖက်ရည် တခွက်သောက်ပါ။
ဖရေဗိုနွိုက်(Flavonoids)နဲ့ အခြားလက်ဖက်ရှိ ပါဝင်ပစ္စည်းများဟာ အန္တရာယ်ပြုမဲ့ဘက်တီးရီးယားများ သွားများကို မကပ်တွယ်နိုင်အောင် တားမြစ်ပေးသလို သွားပိုးစားခြင်းကို အားပေးတဲ့ သကြားထုတ်လုပ်ခြင်းကိုလည်း ပိတ်ဆို့ဟန့်တားပေးပါတယ်။ လက်ဖက်မှာ ဖလူအိုရွိုက်ပမာဏများစွာပါဝင်ပါတယ်။

၅။ ဘက်တီးရီးယားများကင်းစင်ဖို့ အယ်လ်ကိုဟောမပါတဲ့ ခံတွင်းသန့်ဆေးရည်ကို သုံးပါ။
အပြင်မှာလွယ်လင့်တကူဝယ်ယူနိုင်တဲ့ ခံတွင်းသန့်ဆေးရည်မှာ အယ်လ်ကိုဟောများစွာပါရှိပြီး ပါးစပ်ထဲရှိတစ်ရှူးများကို ခန်းခြောက်စေကာ ဘက်တီးရီးယားပိုမိုပေါက်ဖွားလွယ်စေပါတယ်။ အခြားသောလေ့လာချက်များအရ အယ်လ်ကိုဟောပါတဲ့ ခံတွင်းသန့်ဆေးရည်နဲ့ ကြီးမားတဲ့ပါးစပ်ကင်ဆာအန္တရာယ်အကြား ပတ်သက်ဆက်နွယ်မှုရှိကြောင်း အကြံပြုကြပါတယ်။ ဘေးကင်းစေဖို့ ခံတွင်းသန့်ဆေးရည်ကိုရွေးချယ်ရာမှာ အယ်လ်ကိုဟောကင်းစင်သူဖြစ်ပါစေ။

၆၊၊ လျှာထဲသို့ ထဲထဲဝင်ဝင်တိုက်ပါ၊၊
လျှာလမ်းကြောင်းတလျှောက်ရှိဘက်တီးရီးယားများကို ဖယ်ရှားဖို့ (သို့) ခံတွင်းနံ့သင်းပျံ့စေဖို့ နေ့စဉ်မနက်တိုင်း လျှာခြစ်တံဖြင့် သင့်လျှာကို သန့်ရှင်းရေးလုပ်ပါ၊၊ခံတွင်းနံ့ဆိုးစေတဲ့အဓိကအကြောင်းရင်းက လျှာပေါ်မှာ ဘက်တီးရီးယားပိုးတွေ စုပုံနေလို့ပဲဖြစ်ပြီး နေ့စဉ်လျှာကိုတိုက်ချွတ်ပေးခြင်းဖြင့် ဖယ်ရှားသန့်စင်စေပါတယ်၊၊ ဒါ့အပြင် သွားတိုက်တံဖြင့်လျှာကိုခြစ်ခြင်းထက် လျှာခြစ်တံသုံးခြင်းက ပိုမိုအကျိုးထိရောက်မှုရှိပါတယ်၊၊

၇၊၊ ဆိုဒါမှုန့်အချို့ထည့်ပါ၊၊
အစွန်းအထင်းကင်းဖို့နဲ့ သွားများကိုဖြူစင်စေဖို့ ၁ပတ်တကြိမ် ဆိုဒါမှုန့်နဲ့သွားတိုက်ပါ၊၊ သွားတိုက်ဆေးသုံးသလိုပဲ သုံးပါ၊၊ အိမ်သုံးဆားကိုလည်း အလှည့်ကျသုံးနိုင်ပါတယ်၊၊ ဆိုဒီယမ်စားသုံးတာမျိုးမဖြစ်အောင် သေချာထွေးထုတ်ရပါမယ်၊၊ အကယ်၍ သင့်ရဲ့သွားဖုံးက ကြမ်းတမ်းရှတတဖြစ်နေပြီဆိုရင် တရက်ခြား ဆားကိုပြောင်းသုံးပြီး တိုက်ပေးပါ၊၊

၈၊၊ သွားအသုံးမပြုပဲ ကိရိယာတန်ဆာပလာများကိုသာ သုံးပါ၊၊
သင့်ရဲ့ပိုက်ဆံအိတ်(သို့)စားပွဲခုံအံဆွဲထဲမှာ ရာဘာပုလင်းဖောက်တံ(သို့) ကပ်ကြေးဆောင်ထားရှိပါ၊၊ အဆိုပါကိရိယာရှိနေတဲ့အတွက် သင့်ရဲ့သွားကို အသုံးပြုစရာမလိုတော့ပဲ သွားမပျက်စီးစေတော့ပါ၊၊ အမှန်စင်စစ်ဘယ်အရာမဆို သင့်ရဲ့သွားကို စားတာကလွဲ၍ ဘယ်တော့အခါမှ ကိရိယာတန်ဆာပလာအဖြစ် အသုံးမချပါနဲ့၊၊

၉၊၊ ရေသောက်ပါ၊၊
အလုပ်ထဲမှာ နာရီတိုင်း ရေ၁ခွက်သောက်ဖြစ်အောင်သောက်ပါ၊၊ ဒီနည်းနဲ့ သင်အိမ်ရောက်တဲ့အခါ နေ့စဉ်သတ်မှတ်ထားတဲ့စံနှုန်းပမာဏကို ရောက်ရှိပြီးမြောက်နိုင်မှာ ဖြစ်ပါတယ်။ သင်အိမ်မှာ အလုပ်လုပ်တာပဲဖြစ်ဖြစ်၊ အချိန်ပိုင်းလုပ်တာပဲဖြစ်ဖြစ် ၈နာရီအတွင်းမှာ  အနည်းဆုံး၁နာရီကို ရေ၈အောင်စ တစ်ဖန်ခွက် သောက်ဖြစ်အောင် သောက်ပါ။ ရေက သင့်ရဲ့အစာချေစံနစ်ကို ကျန်းမာစေရုံသာမက ဝိတ်မတက်အောင် ထိန်းပေးသလို အရေပြားရေဓါတ်ခန်းခြောက်မှုမရှိဘဲ စွတ်စိုစေပါတယ်။ သင့်ရဲ့သွားများကိုလည်း ပုလဲလုံးများကဲ့သို့ ဖြူဝင်းစေပါတယ်။ ဒါကြောင့် ရေပိုသောက်လေလေ၊ သွားနဲ့ခံတွင်းမှာရှိတဲ့ ဘက်တီးရီးယားများကို ဖယ်ရှားပေးလေလေဖြစ်တဲ့အတွက် သွားဖုံးနာဝေဒနာ၊ သွားပိုးစားခြင်းကို လျော့နည်းကျဆင်းစေကာ ခံတွင်းအနံ့အသက်လည်း ပိုမိုသင်းပျံ့လန်းဆန်းစေပါတယ်။

၁၀၊၊ ပီကေဝါးပါ။
The University of Illinois ရဲ့ သုတေသနပညာရှင်များတွေ့ရှိချက်အရ Cinnamon(သစ်ကြပိုး)နံ့ပါတဲ့ ပီကေများက သင့်ပါးစပ်ထဲရှိ ဘက်တီးရီးယားများကို လျော့နည်းစေကြောင်း။ အဘယ်ကြောင့်ဆိုသော် ပီကေမှာ အနံ့အရသာသုံး Plant essential Oilလို့ခေါ်တဲ့ (Cinnamic Aldehyde)ပါရှိတဲ့အတွက် ဘက်တီးရီးယားကြောင့် သွားပိုးစားခြင်းကို တားဆီးကာကွယ်ပေးရာ ရောက်ပါတယ်။

အချုပ်အားဖြင့်ဆိုရသော် သွားတိုက်တံကို နူးညံ့စေတဲ့ (Soft Brush)ကို ရွေးချယ်သုံးပါ။ သွားကို ဖြူချင်ဇောနဲ့ အားကုန်တိုက်လို့ ကြွေလွှာပါးရုံပဲ ရှိပြီး သွားကပိုမဖြူနိုင်ပါ။ အားအင်ဖြည့်အချိုရည်များ၊ ဆော်ဒါနဲ့လုပ်ထားတဲ့ အစားအသောက်များ၊ ချဉ်တဲ့အရသာရှိချိုချဉ်များ၊ ကျန်းမာစေတဲ့ ပန်းသီးနဲ့ လိမ္မော်အသီးအနှံဖျော်ရည်များ၊ ကော်ဖီတို့မှာ ကြွေလွှာများကို ပျော့ပျောင်းစေတဲ့ အက်ဆစ်ဓါတ်ပါဝင်ပါတယ်။ ဒါကြောင့်  ချဉ်တဲ့အစားအသောက်များကို စားပြီး နာရီဝက်ခန့်စောင့်ပြီးမှ သွားကိုတိုက်ရပါမယ်။ ဒါမှသာ သင့်တံတွေးမှ ကြွေလွှာများကို ထိန်းသိမ်းဖို့ အချိန်ပေးနိုင်မှာ ဖြစ်ပါတယ်။ သွားဆရာဝန်ဆီလည်း ၁နှစ်၁ခါသွားစစ်ဆေးမှု ပြုလုပ်နိုင်လျှင် ပိုကောင်းပါမယ်။ သွားမကောင်းလျှင် တကယ်ခံရဆိုးပြီး ဘာမှစားချင်သောက်ချင်စိတ်မရှိတော့ပါ။ ကဲ ဒီနေ့ကစလို့ နည်းစံနစ်မှန်မှန်နဲ့ သွားတိုက်ပြီး သွားကျန်းမာရေးကို ဂရုစိုက်ကြလိုက်ရအောင်။





No comments: