Saturday, September 12, 2015

အစာစားပြီး လေ့ကျင့်ခန်းလုပ်လို့ရသလား

ညနေခင်းဖက် လေ့ကျင့်ခန်းလုပ်ချင်တော့ စွမ်းအင်အလုံအလောက်ရှိဖို့ လိုပါတယ်။ ဒါပေမဲ့ အစာစားပြန်ရင်လည်း ရင်ပြည့်ခေါင်းမူးမှာ စိုးရိမ်ရပြန်ရော။ ဒါဆိုရင် အစာစားပြီး လေ့ကျင့်ခန်းလုပ်လို့ရသလား?????
ဗိုက်ပြည့်အောင်စားပြီး ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်ရင်တော့ အစာမကြေခြင်း၊ ကြို့ထိုးခြင်း၊ မူးဝေခြင်းနဲ့ အော့အန်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ တချို့သူတွေကျပြန်တော့လည်း ဘာမှမဖြစ်ဘူး။

သုတေသနစမ်းသပ်ချက်အရ လေ့ကျင့်ခန်းမလုပ်ခင်စားခြင်းက ကောင်းမွန်တဲ့စံနှုန်းသတ်မှတ်ချက် မဟုတ်ကြောင်း သိရပါတယ်။ အကောင်းဆုံးကတော့ မစားခင် လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းလုပ်ပြီးမှ စားတဲ့အစားအစာဟာ ကြွက်သားပျက်စီးခြင်းကို ပြန်လည်ကောင်းမွန်စေရန်နှင့် လျော့နည်းခြင်းကို အထောက်အကူပြုစေပါတယ်။ သို့သော် သင့်ရဲ့အချိန်ဇယားက အရင်စားမှဖြစ်မှာဆိုရင်တော့  အစာစားပြီး ၁နာရီ(သို့) ၂နာရီကြာအောင် စောင့်ပြီးမှ လေ့ကျင့်ခန်းလုပ်ပါ။ ဒါမှ အစာအိမ်ကနေ ချေဖျက်ခြင်းကို ပြီးမြောက်စေပြီး အစာလမ်းကြောင်း ရှင်းမှာဖြစ်ပါတယ်။

အကယ်၍ သင်ကယောဂကျင့်စဉ်အပြင်းစားလုပ်ရမယ်။ ရေဓါတ်ခန်းမှာ ကြောက်တယ်။ နောက်ပြီး ဒီလေ့ကျင့်ခန်းက ပြေးသလိုမျိုး စွမ်းအင်အများကြီးမလိုတဲ့အတွက် မစခင်၁နာရီအလိုလောက် အရည် ၂၀ အောင်စကြိုသောက်ထားလို့ ရပါတယ်။ နည်းနည်းနဲ့ကာဗိုဟိုက်ထရိတ်အခြေခံတဲ့ granola bar (ကောက်နှံစပါးနဲ့လုပ်ထားတဲ့ သရေစာအချောင်းလေးတွေ၊ ငှက်ပျောသီး(သို့) some dry cereal (ကွေကာခြောက်မှုန့်)တွေလည်း စားလို့ရပါတယ်။

အကယ်၍ သင်ဟာ ဝိတ်မလေ့ကျင့်ခန်းသာမက ရေလဲကူးတော့မယ်ဆိုရင်တော့ အားစိုက်ထုတ်ရမဲ့အပိုင်းဖြစ်တဲ့အတွက် ပရိုတိန်းအချို့မရှိမဖြစ်ရှိဖို့ လိုပါတယ်။ အနည်းဆုံး ၂၀ဂရမ်ရှိသင့်ပါတယ်။ ဥပမာ ဒိန်ချဉ်၈ဂရမ် (သို့) ကောက်နှံကွေကာတချို့နဲ့ ဒိန်ချဉ်၆အောင်စရောပြီး စားနိုင်ပါတယ်။ ရေကူးသမားများအနေနဲ့ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိတ်ပေါင်းစပ်ထားတဲ့အစာများဖြစ်တဲ့ ဒိုးနတ်ကွင်းပေါင်မုန့်လေးတွေ (သို့) ကြက်ဥ၂လုံး၊ချိစ်နည်းနည်းနဲ့ ဆန်းဝစ်ချပ်လေးတွေ စားပေးနိုင်ပါတယ်။ဒါကြောင့်ကျွန်မရေမကူးခင် အဆာပြေအနည်းငယ်စားသွားပါတယ်၊၊ ဘာလို့လဲဆိုတော့ ကယ်လိုရီအများအပြားလောင်ကျွမ်းသွားတဲ့အတွက် ရေကူးပြီးရင် တော်တော်မောဟိုက်ပြီး ဗိုက်ဆာလာပါတယ်၊၊

စက်ဘီးစီးလေ့ကျင့်ခန်းဆိုရင်တော့ အချိန်တော်တော်ကြာ ဒူးကွေးဆန့်လှုပ်ရှားရမှာဖြစ်ပြီး အူလမ်းကြောင်းအတွက် ထည့်စဉ်းစားရပါမယ်။ ဒါကြောင့် ကြက်ဥမွှေကြော်လေးတချပ်ထဲနဲ့ ၆လက္မဟမ်ဘာဂါစားထားရင်တောင်မှ သင့်အတွက် အဆင်မပြေသက်တောင့်သက်သာမဖြစ်ပါ။

အကယ်၍ သင်က ပွဲမစခင် လှောင်ကန်ထဲမှာ လောင်စာဆီအပြည့်အဝထည့်ဖို့ စိတ်ကူးကြံရွယ်ထားတယ်ဆိုပါစို့။ ဥပမာ- ဘောလုံးပွဲပထမပိုင်းနဲ့ ဒုတိယပိုင်းကြားထဲမှာ ယေဘုယျအားဖြင့် ကယ်လိုရီ ၁၀၀ကနေ ၂၀၀ အထိရှိတဲ့ အားကစားဆိုင်ရာအာဟာရအစားအစာလေးများကို စားပေးခြင်းဖြင့် သင့်ရဲ့စွမ်းအင်ကိုများများဖြည့်ထားဖို့တော့ လိုမယ်နော်။













No comments: