Saturday, February 14, 2015

ကျန်းမာရေးအတွက် သိမှတ်စရာအဖြာဖြာ


နာတာရှည်ကျောက်ကပ်ရောဂါဝေဒနာရှင်များအနေနဲ့       ကုရာဆေးမရှိပါ။ သူတို့မှာ ကျောက်ကပ်စွမ်းဆောင်ရည် ကျဆင်းကာ သွေးထဲမှ အညစ်အကြေးများ စွန့်ထုတ်နိုင်မှု နှေးကွေးသွားသည်။ သို့သော် စမ်းသပ်လေ့လာမှုအနေနဲ့ တပတ်ကို၃ကြိမ် ပုံမှန်လ့ကျင့်ခန်းပြုလုပ်ပေးခြင်းဖြင့်  သူတို့ရဲ့ နေထိုင်မှု ပုံစံ ပြောင်းလဲစေသည်။ ၁နှစ်အကြာမှာ လေ့ကျင့်ခန်းမလုပ်သူတို့နဲ့ နှိုင်းယှဉ်ကြည့်ရာ သူတို့ရဲ့ ကျောက်ကပ်စွမ်းဆောင်ရည် သိသိသာသာ ကောင်းမွန်လာတာကို တွေ့ရပါသည်။
ဒေါသအိုးပေါက်ကွဲပြီး ထိန်းမနိုင်သိမ်းမရဖြစ်နေချိန်မှာ တွေ့ရတဲ့လက္ခဏာကတော့ နှလုံးခုန်နှုန်းမြန်ခြင်း၊ အံကြိတ်ခြင်း၊ လက်သီးလက်မောင်းဆုပ်တန်းခြင်းနဲ့ စိုးရိမ်ပူပန်လွန်းကာ ရုတ်တရက်ကမူးကရှူး လက်တုန့်ပြန်တတ်ခြင်းတို့ ဖြစ်တတ်ပါသည်။ အဲသလိုဒေါသမဖြစ်အောင် ၁ကနေ၁၀အထိရေတွက်ပြီး အသက်ကို ပြင်းပြင်းရှူပေးပါ။ လုံလောက်စွာအနားယူပေးပါ။ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။ သွေးဆိုးမယ့် အရက်သေစာများကို ရှောင်ကြဉ်ပါ။ အကျိုးမဲ့တဲ့အတွေးအခေါ်များကို ဖယ်ရှားပစ်ပြီး စိတ်ကိုတည်ငြိမ်စွာထားကာ အတွေးအခေါ်သစ်များကို အာရုံစူးစိုက်အားထုတ်ပါ။ သင့်ရဲ့ဒေါသတွေကို စာရေးခြင်း၊ ပန်းချီဆွဲခြင်း၊ ကခြင်း (သို့မဟုတ်) တူရိယာပစ္စည်းတခုခု တီးခတ်ပေးခြင်းစတဲ့ တီထွင်ဖန်တီးမှုလုပ်ဆောင်ချက်တစ်ရပ်အနေနဲ့ စိန်ခေါ်ကြည့်လိုက်ပါ။

နယူးယော့ရဲ့ မောင့်စီနိုင်းစိန့်လူးခ်ဆေးရုံမှ သုတေသီများစမ်းသပ်တွေ့ရှိချက်အရ အဝလွန်သော ဘီအမ်အိုင်၃၅အထက်ရှိသူတွေကို ဆာလောင်တောင့်တခြင်းကို ထိန်းချုပ်စေရန် သူတို့ရဲ့နဖူးကို သူတို့ကိုင်တိုင်လက်ညှိုးနဲ့ထိတွေ့ခြင်းကို ၃၀စက္ကန့်အကြာ ပြုလုပ်စေသည်။ အဆိုပါပြုလုပ်သူမှာ သူတို့ရဲ့ လက်ညှိုးကို နဖူးနဲ့ထိထားသောကြောင့် လက်ချောင်းတွေကိုကြည့်ရင်း ဆာလောင်တောင့်တမှုကို အခြားနည်းလမ်းများထက် ၁၀%အထိလျော့ကျသွားကြောင်း လေ့လာတွေ့ရှိရပါတယ်။ 

အဝလွန်သူများစမ်းကြည့်ပြီး တကယ်ထိရောက်ရင် ကွန်မန့်ပေးခြင်း(သို့မဟုတ်) ရှယ်ပေးပါ။ စာရေးသူက ပိန်ပြီး အစားလဲပုတ်ပါတယ်။ တော်ကြာ ဒီနည်းစမ်းကြည့်လို့ စားချင်စိတ်မရှိဘဲ ပိုပိန်သွားရင် ဒုက္ခ :) အားလုံးပဲ ကျန်းမာရေးဗဟုသုတကြွယ်ပြီး ချစ်သူနဲ့ပေါင်းရပါစေလို့ ဗယ်လင်တိုင်းနေ့မှာ ဆုတောင်းပေး လိုက်ပါတယ်။

No comments: