Sunday, April 5, 2015

Kusu Island သို့မဟုတ် လိပ်ကျွန်းသို့ အလည်တခေါက်


ဒီတပတ်ရုံးပိတ်ရက်နဲ့ ကြုံလို့ သူငယ်ချင်းက Kusu Island လိုက်မလားလို့မေးတာနဲ့ မစဉ်းစားပဲ ကောက်ကာငင်ကာ လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်၊၊ အဲဒါနဲ့ အင်တာနက်ထဲကနေ ရှာပြီး သူ့အကြောင်းကို လေ့လာရှာဖွေကြည့်ပါတယ်၊၊ သူများဘလော့ကနေလည်း သူတို့ရဲ့အတွေ့အကြုံတွေ ရှယ်ထားတာလည်း မှတ်သားခဲ့ပါတယ်၊၊ Food Court တွေက ပွဲရာသီမဟုတ်ရင် ပိတ်ထားပြီး ဘာစားစရာ သောက်စရာမှ မရောင်းပါဘူး၊၊ ဒါကြောင့် စားစရာမုန့်တွေ ရေကအစ သယ်သွားရပါတယ်၊၊

စင်ကာပူနိုင်ငံကျွန်းရဲ့ တောင်ဘက် ၅.၆ ကီလိုမီတာအကွာတွင် တည်ရှိပြီး Marina South Pierကနေ မိနစ်၄၀ သဘောင်္စီးပြီး သွားရပါတယ်၊၊ သဘောင်္ံပေါ်ကနေ ပင်လယ်ကူးသင်္ဘောံမျိုးစုံနဲ့ ကုန်တင်သင်္ဘောံကြီးများ သွားလာနေကြတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။  Ferry ရဲ့ schedule ကို ပုံမှာကြည့်ပါ၊၊ လူကြီး S$18၊ ကလေး (၁နှစ်မှ၁၂ နှစ်အရွယ်)ကို S$12ပေးရပါတယ်၊၊ ကိုယ်ပိုင်စက်လှေနဲ့လာရင်တော့ အပိုဝင်ကြေး ၁ယောက်ကို ၅၀ပြားထပ်ဆောင်းပေးရပါတယ်။ စောစောသွားရင်တော့ St.John's Island ကို အရင် ဝင်လို့ရပါတယ်၊၊ အဲဒီမှာ ခဏရပ်ပေးပါတယ်၊၊ ဒါကြောင့် တခါတည်းနဲ့ ၂ကျွန်းလုံး လည်လို့ရတာပေါ့။

Kusu Island ဆိုသည်မှာ တရုတ်လို လိပ်ကျွန်းလို့အမည်ရပြီး ဒဏ္ဏာရီပုံပြင်အရ တန်ခိုးရှင်လိပ်ဟာ သဘောင်္နစ်မြှုပ်နေတဲ့ သဘောင်္သား၂ဦး(မလေးနဲ့ တရုတ်လူမျိုး)ကို ကယ်တင်ဖို့ ကျွန်းအသွင်ဖန်ဆင်းခဲ့ပါတယ်။ ဒါကြောင့် မလေးလို Peak Island (or) Pulau Tembakul လို့လည်း ခေါ်ပါတယ်။ နှစ်စဉ်နှစ်တိုင်း စက်တင်ဘာနဲ့ နိုဝင်ဘာလအတွင်း လပြည့် ၉ရက်နေ့မှာ သက်ဝင်ယုံကြည်သူထောင်ပေါင်းများစွာဟာ ဘုရားဖူးလာကြပြီး ကျန်းမာရေး၊ အေးချမ်းပျော်ရွှင်မှု၊ ကံကောင်းခြင်းနဲ့ လာဘ်လာဘကြီးပွားတိုးတက်ဖို့အတွက် လာရောက်ဆုတောင်းကြပါတယ်။

နာမည်ကြီးတဲ့ တရုတ်ဘုရားကျောင်း Da Bo Gong (Grand Uncle) ကို ချမ်းသာကြွယ်ဝတဲ့ စီးပွားရေးလုပ်ငန်းရှင်တယောက်က ၁၉၂၃ခုနှစ်မှာ တည်ထားခဲ့ပြီး Da Bo Gong နဲ့ ကွမ်ရင်အတွက် အဆောင်၂ဆောင် ထားရှိပါတယ်။ Da Bo Gong ကိုယ်တော်ကို လာဘ်လာဘ ကြီးပွားတိုးတက်ခြင်း၊ ရောဂါဘယကင်းဝေးခြင်း၊  ရေမကြီးဘဲ ပင်လယ်ရေတည်ငြိမ်ခြင်းနဲ့ ဘေးအန္တရာယ်မှ ကင်းဝေးခြင်းတို့အတွက် ဆုတောင်းမေတ္တာပို့သကြပြီး ကွမ်ရင်ကိုကျတော့ သားတွေအတွက် ပေးဆပ်သူလို့ သိရပါတယ်။ လိပ်ကန်ထဲတွင် လိပ်အများအပြား ရှိပါတယ်။
ကျောက်ဆောင်တောင်ကုန်းထိပ်မှာ မလေးနတ်ကို ကိုးကွယ်တဲ့ ရုပ်ပွားတော်၃ခု ဌာပနာထားပါတယ်။ ၁၉ရာစုက ဘာသာရေးကိုင်းရှိုင်းတဲ့ Syed Abdul Rahman၊ သူ့မိခင် Nenek Ghalibနဲ့ ညီမ Puteri Fatimahတို့ကို ပူဇော်ကိုးကွယ်ဖို့ တည်ထားခဲ့ခြင်း ဖြစ်ပါတယ်။


သက်ဝင်ယုံကြည်သူများက အိမ်ထောင်ရေး၊ စီးပွားရေး၊ ကျန်းမာရေးနဲ့ အစစအရာရာ အဆင်ပြေချောမောစေဖို့  လှေကားထစ်ပေါင်း ၁၅၂ထစ်ရှိ အဆိုပါတောင်ကုန်းလေးပေါ်သို့ လာရောက်ဆုတောင်းကြပါတယ်။ ကလေးမရနိုင်တဲ့စုံတွဲများလည်း သားဆုပန်ပါက ကလေးရနိုင်တဲ့အတွက်လည်း ဂုဏ်သတင်းကျော်စောလှပါတယ်။

ဆုတောင်းပူဇော်ဖို့ အမွေးတိုင်အထုပ်ကို S$2ပေးရပြီး ပတ်ပတ်လည်ဆင်းတုတော်ကို အမွေးတိုင်၃တိုင်ကျစီ စိုက်ရပါတယ်။ ပြီးလျှင် အမွေးတိုင်ပေါ်ပတ်ထားတဲ့စက္ကူလိပ်ကို မီးရှို့ပြီး မီးဖိုစက်ထဲ ပစ်ထည့်ရပါတယ်။ နောက်ဆုံးတွင် အဆိုပါပရဝုဏ်ရှိ မလေးအဘိုးအိုတဦးက မီးဖိုပေါ်လက်ဖဝါး၂ခု တင်စေကာ ရေမွှေးနံ့သာသုတ်လိမ်းပြီး မိမိမိသားစုရဲ့ စီးပွားရေး၊ လူမှုရေးနဲ့ ကျန်းမာရေး၊ ကံကောင်းခြင်းနဲ့ အစစအရာရာအဆင်ပြေချောမွေ့စေကြောင်း ဆုမွန်တောင်းပေးပြီး ကြိုးစလေးနဲ့ လက်ကောက်ဝတ်ပေါ် စည်းပေးပါတယ်။ အဆိုပါကြိုးစကို အဲဒီသစ်ပင်ပေါ်တွင် ပြန်ချည်ထားတာကို အများအပြားတွေ့ရပါမယ်။ တချို့လည်း ကိုယ့်လက်ပေါ်ကနေ မဖြည်ကြပါဘူး။ အနီးအနားရှိ ကျောက်တုံးလေးတွေပေါ် အမှတ်တရစာသားများရေးဖို့ Marker Pen ထားပေးပါတယ်။ ရေကူးလိုပါက ကမ်းစပ်နားတွင် ကူးနိုင်ပြီး ကမ်းလယ်ရှိ အုတ်တန်းကလေးထက် ကျော်လွန်ပါက အန္တရာယ်ရှိတဲ့အတွက် Dangerဆိုပြီး ဆိုင်းဘုတ်ထားရှိပါတယ်။

အဆိုပါကျွန်းပေါ်တွင် မည်သူမျှ ညအိပ်နေထိုင်ခွင့်မပြုပေ။ သို့သော်လည်း အချို့သဘောင်္ံများက St.John's Islandမှာရပ်နားပြီး ညအိပ်ကြပါတယ်။ St. John's  Island ကို အပြန်ကျတော့ မဝင်တော့ပဲ တောက်လျှောက်စင်ကာပူသို့ ခုတ်မောင်းပြေးဆွဲပါတော့တယ်၊၊ ဘာပဲပြောပြော ညမအိပ်ရပဲ Day trip ဖြစ်တဲ့အတွက် ဘုရားလည်းဖူးရင်း အပန်းဖြေစရာကောင်းတဲ့ ကျွန်းကလေးလို့ပဲ ဆိုရပါလိမ့်မယ်။












No comments: