Sunday, September 25, 2011

ကောင်းကောင်းအိပ်စေတဲ့အစားအစာ


အမြဲလိုလိုစားဖြစ်တယ်။ သူပြောတဲ့တံဆိပ်နဲ့ တထပ်တည်းပဲ။
တနေကုန်အလုပ်ပင်ပန်းစွာ လုပ်ပြီး တခါတရံ အနားယူအပန်းဖြေဖို့ ခက်ခဲလှပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ရဲ့စိတ်တွေကို သက်တောင့်သက်သာနဲ့ အိပ်စက်ဖို့ အထောက်အကူပြုမယ့် အစားအစာတွေရှိတယ်ဆိုတာ သိရဲ့လား။

မဂ္ဂနီစီယမ်(Magnesium)
၎င်းမှာ ခန္ဓာကိုယ်ကို အမောပြေစေပြီး စိတ်ဖိစီးမှု(Stress)ကို လျော့နည်းစေဖို့ လုပ်ဆောင်ရာတွင် အရေးပါတယ်။ ဒါပေမဲ့ လူတော်တော်များများဟာ မဂ္ဂနီစီယမ်ဓါတ် ချို့တဲ့ကြပါတယ်။ Zespriတံဆိပ် ကီဝီသီး၂လုံးမှာ မဂ္ဂနီစီယမ်၂၀မီလီဂရမ်ထက် ပိုမိုပါဝင်တဲ့အတွက် ရုံးမှာ အလုပ်ပင်ပန်းပြီးနောက် စိတ်ဖိစီးမှုလျော့ကျစေရန် စွမ်းဆောင်ပေးတဲ့ အကောင်းမွန်အလွယ်ကူဆုံး အာသာပြေ အသီးအနှံဖြစ်ပါတယ်။  

ထရစ်တိုဖန်(Tryptophan)
၎င်းမှာ အမီနိုအက်ဆစ်တမျိုးဖြစ်ပြီး ဦးနှောက်မှ ဆီရိုတိုနင်(Serotonin)ထုတ်လုပ်ဖို့ ကူညီပေးပါတယ်။ ဆီရိုတိုနင်ဟာ စိတ်တည်ငြိမ်မှုပေးပြီး စိတ်အပန်းပြေစေဖို့ ဆောင်ရွက်ပေးတဲ့ ဓါတုပစ္စည်းဖြစ်ပါတယ်။ဆီရိုတိုနင်ကို ကောင်းမွန်စွာတွေ့နိုင်တာကတော့ ပရိုတိန်းဓါတ်ကြွယ်ဝစွာပါဝင်တဲ့ ကြက်သား၊ ကြက်ဥ၊ ငါးနဲ့ ပဲသီးတို့ပဲ ဖြစ်ပါတယ်။ ထရစ်တိုဖန်အများဆုံးပါဝင်တဲ့အစားစာကတော့ ကြက်ဆင်သား(Turkey)ဖြစ်ပါတယ်။ အဲဒီအသားနဲ့ ထမင်းအများကြီးစားပြီးရင် အမြဲတမ်းအိပ်ငိုက်ချင်လာတတ်တယ်။ ဆီရိုတိုနင်ကို ကာဗိုဟိုက်ထရိတ်ကနေလည်း ထုတ်ယူနိုင်ပါတယ်။ ညနေခင်းဘက် ထမင်း(သို့) အီတာလီလျံအစားအစာ(Pasta) အနည်းငယ်စားခြင်းက  စိတ်အပန်းပြေစေဖို့ အထောက်အပံ့ပြုပါတယ်။ မပြုပြင်မသန့်စင်ရသေးတဲ့ ကာဗိုဟိုက်ထရိတ်နဲ့ ပရိုတိန်းကို ညစာအဖြစ်စားရင် အနားယူအိပ်စက်စေဖို့ များစွာအကျိုးပြုပေတယ်။


နွားနို့ (Milk) 
နွားနို့မှာလည်း ထရစ်တိုဖန်နဲ့ ကာဗိုဟိုက်ထရိတ်ပါဝင်တဲ့အတွက် စိတ်အနားယူအပန်းပြေစေဖို့ ကူညီဆောင်ရွက်ပေးပါတယ်။


အိပ်မပျော်တဲ့ကိုကိုမမနဲ့ ဦးဦးဒေါ်ဒေါ်တို့ မြန်မြန်သာ မှီဝဲကြစို့လား။





































8 comments:

Thameesan said...

ကျန်သေးတယ်လေ..အိပ်မပျော်ဘူးလား
“ရွှေပုပ်ပါး”ဆေးကိုစားဆိုတာလေး))
ကီဝီသီးကိုကြားဖူးပါတယ်။မစားဘူးပါဘူးရှင်။
ပြီးတော့.ကြက်ဆင်ဆိုတာလည်းမြင်သာမြင်ဘူးတာ။
မစားဖူးပါ။
အဲ..ပြီးတော့ နွားနို့သောက်ရမှာလဲ တော်တော်စဉ်းစားရမယ့်အလုပ်ပါရှင်။
တမင်ပြောနေတာဟုတ်ပါဘူး။တကယ်ပြောနေတာ Mishellရဲ့
အဲဒါကြောင့်လူကိုကြည့်ပါလား.မျက်တွင်းဟောက်ပက်
ပဲပင်ပေါက်လှည်းကြိတ်ပြီး ငါးဂျီးခြောက်ကျက်တိုက်ထားတဲ့ရုပ်ဖြစ်နေတာ။
ဟီးးးးးးး
ညည အိပ်မပျော်တာတော့အမှန်ပါပဲရှင်။ဆယ့်နှစ်နာရီတစ်ချက်မှအိပ်တာ။
ငယ်ငယ်ကတည်းကဆိုပါတော့နော်..။
ပျော်ရွှင်ချမ်းမြေ့ပါစေ Mishell ရေ..
ဒါနဲ့တက်ပို့ကောရေးဘူးလားတော် ကိုယ်ညီအစ်မတွေပဲ
ရေးသာရေးပါနော်။ချစ်ချစ်ခင်ခင်ပေါ့..။
ချစ်ခင်စွာဖြင့်

San Yin Mon said...

ရေးချင်ပါတယ်။ဒါပေမဲ့ သမီးစံလို အရေးအသားမကောင်းတော့ မရေးတော့ပါဘူး။ ကျွန်တော်လို ထွားပြီး မော်ဒယ်ကိုယ်လုံးမျိုးဖြစ်ချင်ရင် နွားနို့လောက်တော့ သောက်ပါနော်။ Mishellကတော့ ကီဝီသီးကို အားကြီးကြိုက်။ နွားနို့တော့ တခါတလေဆိုကြိုက်တယ်။ အမြဲတမ်းမသောက်ချင်ဘူး။ ဒါပေမဲ့ ဒိန်ချဉ်နဲ့ မလိုင်ကတော့ ဘယ်တော့မှမမုန်းဘူး။ မြောက်ဥက္ကလာဈေးနားက ဒိန်ချဉ်ကိုတော့ အမြဲတမ်းတနေတယ်။

Thameesan said...

အဲလိုလဲဟုတ်ပါဘူးလေ.တတ်သလောက်မှတ်သလောက်ရေးပေါ့
ရှဲဒိုးရေးပေးမယ်လေ.တစ်ပုဒ်ကိုဒေါ်လာတစ်ထောင်နဲ့း))
သမီးစံကအရက်ရှည်ရှည်ဒေါင်ကောင်းကောင်းဖြစ်ချင်တာ..
လူရိုသေတာပေါ့လေ.။ခုတော့ခွေးပစ်တဲ့ဒုတ်ဖြစ်နေပါပီးP
မြောက်ဥက္ကလာဈေးကိုတော့သိပ်မသိဘူးရှင့်
စားချင်ရင်...၀ယ်ပြီး..ပါဆယ်ပို့လိုက်ရမလား ဟိဟိ
တောင်ဥက္ကလာကကိုတော့သိပါတယ်.ကျူရှင်သွားသွားတက်နေလို့ပါ။
နွားနို့သောက်ဖို့အကြံပြုလို့ကျေးကျေးနော် Mishell
နှာခေါင်းပိတ်ကာ..ဖြစ်ညှစ်ပြီးတော့သောက်ပါ့မယ်ရှင်း))
ချစ်ခင်စွာဖြင့်

San Yin Mon said...

ကျေးဇူးတင်ပါတယ်။ သမီးစံရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်ကွယ်။ ဒါပေမဲ့ အဲလောက်ပိုက်ဆံတော့ မတတ်နိုင်သေးပါဘူး။ ဟင့်အင်း မြောက်ဥက္ကလာပဟာကိုပဲ သောက်ချင်တာ။ လူရိုသေရှင်ရိုသေဖြစ်အောင် ဝိတ်မ၊ မြင့်မြင့်ခုန်၊ ရေကူး။ ဒါမှ မထွားရင် Appeton Teen Grow သောက်။ ဆယ်ကျော်သက်လွန်သွားရင်တော့ Mishellလဲ မတတ်နိုင်တော့ဘူး။

စံပယ်ချို said...

အမြဲလိုလိုအိပ်မကောင်းဘူး
အိပ်ဆေးသောက်တာတောင် အိပ်မပျော်တဲ့ညတွေများတယ်...စိတ်ဆင်းရဲဖို့လဲ
ဘာမှမရှိဘူးလို့ပြောလို့ရတဲ့ အနေအထားပါပဲ
တော်သေးတယ်ကီဝီသီးလဲကြိုက်တယ်ကြက်ဆင်တော့
ဒီဇင်ဘာမှစားဖြစ်တယ်နွားနို့တော့သိပ်မကြိုက်ဘူး
သေချာရေးပြထားလို့ကျေးဇူးပါရှင်

မောင်မောင်(မြစ်ဆုံ) said...

ဒီပို.စ်လေးက မောင်မောင်အတွက်အရမ်းကို အသုံးဝင်ပါတယ်။ ညညတွေကောင်းကောင်း အိပ်မပျော်ဘူး။ ကျောင်းသားဆိုတော. ညအိပ်ရေးပျက်ထားရင် စာသင်ခန်းထည်းမှာ ငိုက်တော.တာဘဲ။ ကောင်းကောင်းအိပ်ပျော်အောင် ဒီနည်းလေးတွေကို သုံးကြည်.မယ်နော်။
ကျေဇူးပါဘဲ အစ်မယဉ်မွန်မီရှဲလ်မန်လာသူ ဟူး ရှယ်လိုက်တာ နာမည်က။

မောင်မောင် said...

ကျွန်တော်လည်းအိပ်မပျော်ဘူး အစ်မယဉ်မွန်ရေ။ ဘယ်လိုလုပ်ရမလည်းဗျို.။

San Yin Mon said...

အိပ်မပျော်ရင် မီရှဲအကြောင်းတွေးနေလိုက်...အဲဟုတ်ပေါင်- စာအုပ်ကိုင်ဖတ်လိုက်။ စာအုပ်က မီရှဲရဲ့ တကယ့်အိပ်ဆေး။