Sunday, August 28, 2011

ဆေးခန်းတွေက အင်တာနက်အစွဲကို ဖြတ်ဖို့ ကြိုးပမ်းနေ။

တောင်ကိုရီးယားနိုင်ငံက ၁၆နှစ်အရွယ်ကောင်လေး ချွိုင်ဟာ သူ့ရဲ့ အချိန်ကို ကွန်ပျူတာဂိမ်းကစားခြင်းဖြင့် ကုန်ဆုံးစေပါတယ်။ Sessionတခုဆိုရင် ၁၀နာရီကြာအောင် ကစားလေ့ရှိပါတယ်။ အခုအခါ သူဟာ အခုနှစ်မေလအစောပိုင်းမှ ပထမဆုံး စတင်ဖွင့်လှစ်တဲ့  အဆိုပါရောဂါစွဲကပ်နေသူများအတွက် ဦးနှောက်နှင့်ဆိုင်ရာဆေးခန်း၌ ဆေးကုသမှုခံယူလျက်ရှိပါတယ်။

တကယ်တော့ အင်တာနက်အစွဲဟာ ရာဇဝတ်မှု ကျူးလွန်ခြင်းမဟုတ်ပါ။ ဒါပေမယ့် မိဘများဟာ မိမိတို့ကလေးတွေ အဲဒီရောဂါစွဲကပ်လာပါက မရှက်ဘဲ သိပ်နောက်မကျခင် ဆေးရုံကို အချိန်မီပြသဖို့ လိုပါတယ်။ အဆိုပါဆေးရုံ၌ ၅ပတ်ကြာကုထုံးအစီအစဉ်မှာ အုပ်စုလိုက်လေ့ကျင့်ခြင်း၊ အနုပညာအသက်မွေးဝမ်းကြောင်းဆိုင်ရာကုထုံး၊ အာရုံကြောတုံ့ပြန်မှုနဲ့ စိတ်ဓါတ်ကျဆင်းမှုကို ကုသရာ၌ အသုံးများတဲ့ လျှပ်စစ်သံလိုက်လိုင်းဖြင့် ဦးနှောက်ရှိ အာရုံကြောဆဲလ်များကို လှုံ့ဆော်ပေးခြင်းတို့ ပါဝင်ပါတယ်။ ကုသမှုမစတင်မီ လေ့လာသုံးသပ်ခြင်း၊ ဦးနှောက်ပုံရိပ်စကမ်ဖတ်ခြင်းနဲ့ စိတ်ပညာဆိုင်ရာစမ်းသပ်ခြင်းတို့ ပြုလုပ်ပါတယ်။

အဆိုပါစမ်းသပ်မှုနဲ့ကုထုံးဟာ ကိုရီးယား ဝမ်၆၃၀၀၀၀(အစိုးရအာမခံအပါအဝင်)ဖြစ်ပြီး အစိုးရအာမခံမပါဝင်ပါက ဝမ်၁၉၄၀၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ အခုအခါ တောင်ကိုရီးယားနိုင်ငံ၌ အဆိုပါဆေးရုံမျိုးကို ကလေးငယ်များအတွက်သာမက လူကြီးများအတွက်ပါ ဖွင့်လှစ်ပေးနေပါတယ်။

ချွိုင်က အွန်လိုင်းကနေဂိမ်းကစားရတာ စိတ်လှုပ်ရှားဖွယ်၊ စိတ်သက်သာပျော်ရွှင်ဖွယ်ကောင်းပါတယ်။ ဘယ်သူမှမနှောက်ယှက်ပဲ ကစားနေဖို့ တချိန်လုံးတွေးနေပါတယ်လို့ ဆေးရုံမှာ ပြောပြပါတယ်။ ၉နှစ်သားအရွယ်ကတည်းက စတင်စွဲလန်းတပ်မက်လာခဲ့ပါတယ်။ သူ့မိဘအခန်းရဲ့ ပြတင်းပေါက်ကို အပေါက်ကလေးဖောက်ပြီး သူတို့သော့ခတ်ပြီးထွက်သွားတဲ့အခါ ကွန်ပျူတာကစားပါတယ်။ တခါတလေ ပိုက်ဆံခိုးပြီး အင်တာနက်ကဖေးဆိုင်မှာ နာရီပေါင်းများစွာကြာအောင် ကစားပြီး အသင့်စားခေါက်ဆွဲပြုတ်များကို အဆာပြေစားလေ့ရှိပါတယ်။

မနှစ်က ၃၁နှစ်အရွယ်လူတယောက်ကို သူ့မိဘများက နားချိန်ထည့်မတွက်ဘဲ နာရီပေါင်း၇၈၀ကြာအောင် အင်တာနက်ကဖေးဆိုင်မှာ ဂိမ်းကစားတဲ့အတွက် ဆေးရုံကို ခေါ်လာခဲ့ပါတယ်။ အလားတူ အင်တာနက်ဂိမ်း တနေကုန်တနေခမ်းကစားတဲ့အမေဟာ သူမရဲ့သုံးနှစ်သားကလေးကို လျစ်လျူရှုမိပြီး သေဆုံးသွားတဲ့အတွက် အဖမ်းခံရပါတယ်။ ဒါ့အပြင် ၁၅နှစ်အရွယ်ကောင်လေးဟာ သူ့အမေက ကွန်ပျူတာဂိမ်းကစားလွန်းလို့ သူ့ကိုဆူဆဲမိတဲ့အတွက် သူ့အမေကို သတ်ပြီး သူကိုင်တိုင်လည်း သတ်သေခဲ့တဲ့သာဓကလည်းရှိပါတယ်။


အလွန်ကြေကွဲဖွယ်ရာဖြစ်ရပ်တခုကတော့ ၄၁နှစ်အရွယ်လူတယောက်ဟာ သူတို့ရဲ့ သမီးငယ်လေးကို အိမ်မှာထားခဲ့ပြီး သူ့မိန်းမနဲ့အတူ အင်တာနက်ကဖေးဆိုင်မှာ ကစားနေစဉ် ကလေးဟာ အစာရေစာပြတ်လပ်ပြီး သေဆုံးသွားတဲ့အတွက် ဖခင်ကို ထောင်ဒဏ်၂နှစ်ချမှတ်ခဲ့ပါတယ်။

စစ်တမ်းကောက်ယူချက်များအရ အသက်၉နှစ်နဲ့ ၁၉နှစ်ကြား လူငယ်များဟာ အင်တာနက်ဂိမ်းစွဲရောဂါ စွဲကပ်နေကြပါတယ်။ ဒါကြောင့် ကိုရီးယားနိုင်ငံမှာ အခုနှစ် နိုဝင်ဘာလမှ စတင်အကျိုးသက်ရောက်မယ့် တင်းကြပ်တဲ့ဥပဒေအရ ကွန်ပျူတာဂိမ်းကုမ္ပဏီများကို အသက်၁၆နှစ်အောက်လူငယ်များအား သန်းခေါင်ချိန်နဲ့ မနက်၆နာရီကြားကစားခြင်းမှ တားမြစ်ပေးဖို့ သတိပေးစာများကို ဖြန့်ဝေလျက်ရှိပါတယ်။

2 comments:

Thameesan said...

“ကျွန်တော်”ဆိုလို့ယောကျာင်္းလေးအောင်းမေ့ထာ..။
မိန်းကလေးကိုး..:D(မန်းသူတွေကအဲလိုတစ်မျိုးလေးရယ်..)
link ယူသွားပါတယ်နော်။
ပျော်ရွှင်ပါစေရှင်။
ခင်မင်စွာဖြင့်

San Yin Mon said...

Thank you,San for your comment. Also thanks for link my blog to your site.