Friday, January 15, 2016

အလျင်လို မစားပါနဲ့

သမားတော်ဆရာဝန်ကြီးများဟာ အဆိုပါအလျင်လိုစားခြင်းကို ကျူးလွန်ဖောက်ဖျက်မိသူများဖြစ်ကြပါတယ်။ သူတို့ရဲ့အသက်မွေးဝမ်းကျောင်းနဲ့ဆိုင်တဲ့ တောင်းဆိုမှုကိုပဲ အပြစ်တင်ရတော့မလိုဖြစ်နေပါတယ်။ သူတို့တွေဟာ အလျင်စလိုစားရုံသာမက အချိန်မရတာရယ်(time constraints) (သို့) အရေးပေါ်ခေါ်ဆိုမှု(emergency calls)တွေကြောင့် သူတို့တွေဟာ  အာဟာရပြည့်ဝပြီးကျန်းမာစွာစားသောက်မှုကိုလည်း လစ်ဟင်းရပါတယ်။
သို့သော် အစာကိုကျေညက်စွာဝါးစားခြင်းဟာ ကျန်းမာစွာနေထိုင်ဖို့ အလွန်အရေးပါပါတယ်။ အစာအိမ်ထဲရှိ
အစာချေအင်ဇိုင်းများဟာ အစာချေဖျက်မှုအတွက် အဓိကဖြစ်ပြီး ၄င်းမှစွမ်းအင်အဖြစ်သို့ ပြောင်းလဲစေပါတယ်။ ဒါ့အပြင် အစာကို အလျင်စလိုလောဘတကြီးအငမ်းမရစားလျှင် အစာမကျေခြင်း၊ ရင်ပူခြင်းနဲ့ ခေါင်းတောင်ကိုက်စေနိုင်ပါတယ်။ အစာကို လုံလောက်စွာမဝါးစားသောအခါ နောက်ထပ်အကျိုးရလဒ်ကတော့ စွမ်းအင်လျော့နည်းခြင်းပဲ ဖြစ်ပါတယ်။

ဝါးတဲ့အခါ တံတွေးတွေထွက်လာမယ်။ အဲဒီတံတွေးက အစာချေဖျက်ခြင်းဖြစ်စဉ်မှာ မရှိမဖြစ်အရေးပါပါတယ်။ အစာချေအင်ဇိုင်းများဟာ တံတွေးထဲမှာရှိပြီး လည်ချောင်းနဲ့အစာအိမ်ဆီသို့ ထုတ်လွှတ်တဲ့အခါ အစာချေဖျက်ခြင်းဖြစ်စဉ်ကောင်းမွန်စေဖို့ အကူအညီပေးပါတယ်။ ဒါ့အပြင် ဝါးစားခြင်းဟာ အစာရေမျိုတလျှောက် ခက်ခဲစွာမျိုချဖို့ကို လျော့နည်းကျဆင်းစေသလို အစာများဟာ အစာအိမ်ထဲမှာ ပို၍ကျေပျက်စေနိုင်ပါတယ်။

ဒါ့အပြင် နောက်ထပ်အစာကျေကောင်းမွန်စေဖို့အတွက် အစာမစားခင် မိနစ်၂၀မှနာရီဝက်အလို ရေကို ကြိုးစားသောက်ကြည့်ပါ။ အစာစားနေစဉ်ရေသောက်ခြင်းက အစာချေဖျက်ခြင်းဖြစ်စဉ်ကို နှေးကွေးသွားစေနိုင်ပါတယ်။ တစ်ချိန်ထဲမှာပဲ အစာကို ကျေနပ်စွာသုံးဆောင်ပါ။ သင်စားနေတာကိုပဲ အာရုံစိုက်ပါ။ ၄င်းက ကျေညက်စွာဝါးစားဖို့ သင့်ကို အထောက်အအကူပြုပါလိမ့်မယ်။ အစာများသေးငယ်တဲ့အမှုန်တွေအဖြစ် ပြိုကွဲခြင်းက အစာချေဖို့ ပိုမိုလွယ်ကူစေရုံသာမက သင့်ကို ခံတွင်းအရသာပါ တွေ့စေနိုင်ပါတယ်။

ခေတ်မီတိုးတက်တဲ့ယနေ့ခေတ်ကြီးမှာ အစစအရာရာအလျင်လို လုပ်ဆောင်နိုင်မှသာ အများနဲ့နည်းတူ ရင်ဘောင်တန်းနိုင်မှာ ဖြစ်ပါတယ်။ သို့သော် မိမိကျန်းမာရေးအတွက် အစာကိုလည်း အချိန်ပေးပြီး  အာဟာရပြည့်ဝကာ ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ အချိန်မှန်မှန်စားသုံးသင့်ပါတယ်။ တစ်ချို့မှာ သူတို့စီးပွားရေးကိုပဲအာရုံစိုက်ကာ အစာစားချိန်မမှန်၊ ဖြစ်သလို အလွယ်တကူJunk food (or) Fast Foodပဲ စားလိုက်ကြပါတယ်။ နောက်ဆုံးမှာ အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာတွေ ဖြစ်ပြီး အရွယ်မတိုင်မီ အသက်ဆုံးရှုံးရပါတယ်။ ဒါကြောင့် မိမိအစားစားစဉ်မှာ အလုပ်တွေကို ခဏပစ်ထား၊ခေတ္တဘေးဖယ်ထားပြီး ကျေနပ်စွာ သုံးဆောင်ပါလို့ တိုက်တွန်းပါရစေ။

(Reference- MIMS )

No comments: