Saturday, October 10, 2015

အသက်အရွယ်အလိုက်ပြောင်းလဲမှုများကို သတိထားစောင့်ကြည့်ပါ။

နှစ်တိုင်း အသက်တွေကြီးလာတာနဲ့အမျှ သင့်ရဲ့ခန္ဓာကိုယ်မှာ ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ သတိထားမိရဲ့လား။ ပိုပြီးနားလည်သိရှိလာတာကတော့ အရင်လောက်မသန်စွမ်းလာတာရယ် ရောဂါတွေ စဝင်လာတာတွေပေါ့။ ဒါပေမဲ့ ဖြစ်နိုင်ချေရှိတဲ့ ကိုယ်ခန္ဓာပြောင်းလဲမှုများကို သိရှိခြင်းဟာ စိုးရိမ်ပူပန်ကြောင့်ကြမှုအချို့ လျော့ကျမှုကို အထောက်အကူပြုပါတယ်။ အရေးကြီးဆုံးကသင့်ကို ရောဂါလက္ခဏာများ ထင်ဟပ်ပြသလိုဖြစ်သောကြောင့်  ရှောင်ကြဉ်ရမဲ့ရောဂါများကို ကာကွယ်တားဆီးစေနိုင်ပါမယ်။ 
အသက်အရွယ်ရလာတာနဲ့အမျှ အောက်ပါပြောင်းလဲမှုများကို သတိထားစောင့်ကြည့်ရပါမယ်။
၁။ အရိုး၊အဆစ်နဲ့ကြွက်သားများ
အရိုးတွေကယေဘူယျအားဖြင့် သိပ်သည်းဆနဲ့စွမ်းအားလျော့နည်းလာတတ်သလို အရွယ်အစားလဲ ကျုံ့ ဝင်နိုင်သောကြောင့် ပို၍ကျိုးအက်လွယ်ပါတယ်။ ကြွက်သားထုထည်လဲ ကျုံ့ဝင်သွားလို့ ပိုပြီးအားနည်းလာစေပါတယ်။ အလွယ်တကူပွန်းပဲ့ထိခိုက်မှုကြောင့် အဆစ်အမြစ်များဟာ ရောင်ခြင်း၊ နာကျင်ခြင်းနဲ့ အလွယ်တကူမကွေးဆန့်နိုင်ခြင်းတို့ ဖြစ်တတ်ပါတယ်။

၂။ ရွေ့လျားနိုင်မှုနဲ့ စည်းချက်ညီမှု
အသက်ကြီးလာတာနဲ့အမျှ ရွေ့လျားမှုနဲ့ဟန်ချက်ညီမှု ဆုတ်ယုတ်ကျဆင်းစေပါတယ်။ အရိုး၊အဆစ်နဲ့ ကြွက်သားပြောင်းလဲမှုနဲ့အတူ အာရုံကြောစံနစ်ပြောင်းလဲမှုကလည်း ဆတူပြဿ     နာများ ဖြစ်စေပြန်ပါတယ်။ လဲကျခြင်းဖြင့် အညိုအမည်းစွဲ ကျိုးအက်ပြီး နောက်ထပ်ပျက်စီးစေပါတယ်။ သတိမေ့လျော့ခြင်း၊ သွက်ချာပါဒ၊ လေဖြတ်ခြင်း၊ အမြင်အာရုံချို့ ယွင်းခြင်း၊ အကြားအာရုံယိုယွင်းခြင်းနဲ့ ဟန်ချက်မညီမျှမှုပြဿ     နာများမှာ အသက်အရွယ်ကြီးသူများ နေ့စဉ်တွေ့မြင်ရတဲ့ အာရုံကြောဆိုင်ရာပြဿ     နာများဖြစ်ပါတယ်။

၃။ ဟော်မုန်းနဲ့ ဇီဝဖြစ်ပျက်မှု
အသက်ကြီးသူတွေမှာ ဟော်မုန်းပြောင်းလဲမှုကို သာမန်အားဖြင့် ကြုံ တွေ့ရတတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်ဇီဝဖြစ်ပျက်မှုများ ပြောင်းလဲကာ ဆီးချိုရောဂါအဖြစ် ဦးတည်သွားနိုင်ပါတယ်။ အဆီ၊ကိုလက်စထရော၊ကယ်စီယမ်နဲ့ ဗီတာမင်ဒီတို့ရဲ့ ဇီဝဖြစ်ပျက်မှုများလဲ ပြောင်းလဲလာနိုင်ပါတယ်။ သိုင်းရွိုက်ဂလင်းရဲ့ လုပ်ဆောင်မှုစွမ်းရည်လဲ လျော့နည်းစပြုလာပါတယ်။ လိင်ပိုင်းဆိုင်ရာဟော်မုန်းပမာဏလျော့နည်းကာ အမျိုးသားများ လိင်စွမ်းဆောင်မှုအထမမြောက်ခြင်းနဲ့ အမျိုးသမီးအင်္ဂါဇာတ်ခြောက်သွေ့ခြင်းသို့ ပြောင်းလဲဦးတည်သွားပါတယ်။ ဆီးချို ၊ သွေးဆုံးကိုင်ခြင်း၊ သိုင်းရွိုက်ဝေဒနာများ၊ သွေးထဲ ကိုလက်စထရောများခြင်းနဲ့ နှေးကွေးတဲ့ခန္ဓာကိုယ်ဇီဝဖြစ်ပျက်မှုတို့ဟာ အသက်အရွယ်ကြီးသူများမှာမကြာခဏ ကြုံ တွေ့ရမဲ့ ထင်ရှားသိသာတဲ့ ဟော်မုန်းချို့ယွင်းမှုဖြစ်စဉ်ဖြစ်ပါတယ်။

၎။ ခန္ဓာကိုယ်ပုံသဏ္ဏာန်
အသက်ကြီးလာသောကြောင့် ခန္ဓာကိုယ်အရွယ်အစားများ ကျုံ့ ဝင်လာပြီး ခန္ဓာကိုယ်ကောက်ကြောင်းအချိုးအဆစ်ပြေပြစ်မှု ဆုံးရှုံးလာနိုင်ပါတယ်။ ကြွက်သားလျော့နည်းကာ အဆီချေဖျက်မှုနှေးကွေးလာပြီး ကိုယ်အလေးချိန်ထိန်းသိမ်းမှု ပိုမိုခက်ခဲတတ်ပါတယ်။ အမြဲလိုလို အဆီတွေဟာ ဝမ်းဗိုက်နဲ့ တင်ပါးတဝိုက်မှာ စုပုံနေတတ်ပါတယ်။ ဒါကြောင့် တက်ကြွဖျတ်လတ်စွာနေပြီး လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် အချိုးအဆစ်ကျနပြေပြစ်တဲ့ကိုယ်ခန္ဓာဖြစ်အောင် ထိန်းသိမ်းပါ။

၅။ ခုခံအားစံနစ်
ကိုယ်ခန္ဓာရဲ့ခုခံအားစံနစ်ဟာ အသက်အရွယ်ကြီးလာတာနဲ့ ပို၍အားနည်းလာကာ ရောဂါပိုးကူးစက်ဝင်ရောက်ဖို့ အခွင့်အလမ်း ပိုများလာပါတယ်။ရိုးတွင်းခြင်ဆီနဲ့ ခုခံအားစံနစ်ရဲ့ စွမ်းဆောင်ရည်စတင်ကျဆင်းလာကာ သွေးဆဲလ်များအလုံအလောက်မထုတ်လုပ်နိုင်သောကြောင့်  သွေးအားနည်းရောဂါ၊ ပုံမမှန်ဆဲလ်ထုတ်လုပ်ခြင်းနဲ့ ရောဂါပိုးတိုက်ထုတ်နိုင်စွမ်းရည်လျော့နည်းခြင်းတို့ ဖြစ်လာစေပါတယ်။

၆။ အကြားစွမ်းရည်
အသက်၅၅နှစ်မှစ၍ အသက်အရွယ်နဲ့ ဆက်စပ်ပြီး အကြားအာရုံဆုံးရှုံးမှုက ပုံမှန်အတိုင်းပဲ ဖြစ်ပါတယ်။ ဆူညံတဲ့နေရာမှာ နေ့စဉ်နဲ့အမျှ အသံတွေကို ကြိုးစားနားထောင်နေရတာ၊ ရုပ်သံတွေမှာလူငယ်တွေ ပြောနေတဲ့အသံတွေဟာ အရမ်းကျယ်လွန်းနေတာတို့ဟာ အကြားချို့ယွင်းခြင်းတို့ ဖြစ်စေပါတယ်။ ယေဘူယျအားဖြင့် အသံကြိမ်နှုန်းမြင့်မားလေလေ ကြားနိုင်ဖို့ ပိုခက်လေလေ ဖြစ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ အကြားအာရုံကြောနဲ့ နားတည်ဆောက်ပုံပြောင်းလဲမှုများ ဖြစ်လာကာ အကြားစွမ်းရည် ချို့ယွင်းလာပါတယ်။

၇။ မှတ်ဥာဏ်
မှတ်ဥာဏ်အားချို့ယွင်းမှုပြဿ    နာဟာ အသက်ကြီးသူတွေမှာ တွေ့ရတတ်ပါတယ်။ ၄င်းတို့မှာ သာမန်အလုပ်တွေကိုတောင် မေ့လျော့တတ်ခြင်းတို့ ပါဝင်ပါတယ်။ လုပ်ငန်းကြီးများကို ကြီးကြပ်ကွပ်ကဲနိုင်စွမ်းမရှိတဲ့ အတိတ်မေ့ရောဂါများ မပါဝင်ပါ။

၈။ အမြင်အာရုံ
အသက်၄၅ကစ၍ ပုံနှိပ်စာလုံးအသေးလေးတွေကို မဖတ်နိုင်ကြတော့ပါ။ မျက်လုံးများ ပိုခြောက်ခန်းစပြု လာပြီး အမြင်စူးစိုက်မှု လျော့နည်းလာပါတယ်။ အမြင်ဝေဝါးလာကာ ဆုံမှတ်တို့လွဲချော်နေတတ်ပါတယ်။ မျက်မှန်တပ်ခြင်းနဲ့ မျက်ကပ်မှန်တပ်ခြင်းဖြင့် ပြု ပြင်ထိန်းသိမ်းနိုင်ပါတယ်။ တိမ်ဖုံးသကဲ့သို့ အမြင်ဝေဝါးခြင်း၊ ရုတ်တရက်အမြင်ဝေဝါးခြင်း (သို့) မျဉ်းဖြောင့်ကို ကွေးကွေးကောက်ကောက်မြင်နေရပြီဆိုရင်တော့ မျက်စိဆရာဝန်နဲ့ သေချာပြသပါ။

၉။ အနံ့နဲ့ အရသာ
အနံ့နဲ့ အရသာခံအာရုံ ပျက်ပြားလာရင် ခံတွင်းပျက်ခြင်းနဲ့ ကိုယ်အလေးချိန်လျော့ခြင်းတို့ ဖြစ်တတ်ပါတယ်။ အသက်အရွယ်ကြီးလာလေလေ ခန္ဓာကိုယ်ရေဓါတ်အလွယ်တကူခန်းခြောက်လာလေလေ ဖြစ်သောကြောင့် ရေများများသောက်ပါ။ အစာမှ စွမ်းအင်ရမှာဖြစ်တဲ့အတွက် စားပေးပါ။

၁၀။ အိပ်စက်ခြင်းနဲ့ အခြား
အသက်ကြီးလာတာနဲ့ အိပ်စက်ခြင်းများပြောင်းလဲလာပါတယ်။ အိပ်ပျော်ချိန်၊ အိပ်စက်ပုံစံ ကွဲလွဲခြင်းနဲ့ ညသန်းခေါင်ယံ မကြာခဏနှိုးထခြင်းတို့ ဖြစ်လာပါတယ်။ ထို့ပြင် မောပန်းနွမ်းနယ်ခြင်း၊ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှု မဖြစ်ခြင်း၊ မေ့တတ်ခြင်း၊ ဆေးရဲ့ဘေးထွက်ဆိုးကျိုး၊ စားချင်စိတ်မရှိခြင်း၊ ဝိတ်ကျခြင်းနဲ့ ကျိုးလွယ်လဲကျလွယ်ခြင်းတို့ဟာ သက်ကြီးသူတွေရဲ့ကျန်းမာရေးအတွက်  စိုးရိမ်စရာဖြစ်ရပ်များ ဖြစ်ပါတယ်။

၁၁။ဝမ်းတွင်းနဲ့ ဆီးအိမ်
သာမန်တွေ့မြင်ရမှာကတော့ အလိုအလျောက် ဆီးနဲ့ဝမ်းမထိန်းနိုင်ခြင်းတို့ ဖြစ်ပါတယ်။ အထူးသဖြင့် စိုးရိမ်ကြောင့်ကြမှုများတဲ့လူကြီးတွေမှာ ဝမ်းချု ပ်ခြင်း၊ ဆီးခဏခဏသွားခြင်း၊ ဆီးသွားရခက်ခဲခြင်းတို့ဖြစ်တတ်ပါတယ်။

ဒါကြောင့် အသက်အရွယ်အပိုင်းအခြားအလိုက် ဂရုပြု ရမဲ့အချက်များကို စုစည်းတင်ပြလိုက်ပါတယ်။

အသက် ၄၀နှင့်အထက်
ဇီဝဖြစ်စဉ်ဟာ အသက်၄၀ကျော်တာနဲ့ လျော့နည်းကျဆင်းလာပါတယ်။ ဘာကိုဆိုလိုတာလဲဆိုတော့ သင်ပုံမှန်စားတာထက် ပိုမစားတာတောင်မှ ဝိတ်တွေစတက်လာတာပဲ ဖြစ်တယ်။ ကြိုးစားပြီး နည်းနည်းနဲ့ ခဏခဏ အကြိမ်ရေများများစားပေးပါ။ ကယ်လိုရီပမာဏကို တွက်ချက်ပြီး အမျိုး အမည်စုံစုံလင်လင်နဲ့ အနည်းငယ်ပမာဏကိုသာ ရွေးချယ်စားသုံးကြည့်ပါ။

အသက် ၅၀နှင့်အထက်
သွေးဆုံးပြီးနောက် အီစထရိုဂျင်ပမာဏလျော့နည်းလာမှုကြောင့် အသက်၅၀ကျော်အမျိုးသမီးများမှာ နှလုံးရောဂါဖြစ်ဖို့ အလားအလာပိုမြင့်မားပါတယ်။ နှလုံးရောဂါဟာ တခါတရံ မမျှော်လင့်ဘဲ ဖြစ်တတ်ပေမဲ့ အမြဲတစေမဟုတ်ပါ။  နှလုံးရောဂါရှိတဲ့၉၅% ဟာ ဆေးလိပ်သောက်ခြင်း၊ သွေးတိုးခြင်း၊ ကိုလက်စထရောများခြင်း၊ အဝလွန်ခြင်းနဲ့ ဆီးချိုကြောင့် ဖြစ်ပါတယ်။ နှလုံးအခြေအနေကို စမ်းသပ်စစ်ဆေးဖို့ Stress Test (သို့) ECG နဲ့ ပြု လုပ်ရပါမယ်။ အမြဲမပြတ် နှလုံးကျန်းမာရေးကို နှိုးကြား စောင့်ကြည့်ပါ။

အသက် ၆၀နှင့်အထက်
ဗီတာမင်B12ကို များများမှီဝဲပါ။ အဆိုပါအာဟာရဓါတ်တွေကို ပင်လယ်စာ၊ အမဲသားနဲ့ ဗီတာမင်များပေါင်းစပ်ပါဝင်ပြီး အာဟာရတန်ဖိုးများစွာပါဝင်တဲ့ မနက်စာကောက်နှံစာတွေမှာ တွေ့ရတတ်ပါတယ်။ ၄င်းတို့ဟာ ကျန်းမာတဲ့သွေးနီဥကို ထုတ်လုပ်ဖို့ အထောက်အကူပြု ပြီး သင့်ရဲ့ အာရုံကြောစံနစ်ကို ကာကွယ်စောင့်ရှောက်ပေးပါတယ်။ မှတ်ဥာဏ်ဆုံးရှုံးမှုကိုပါ တားဆီးကာကွယ်ပေးပါတယ်။

အချုပ်ဆိုရသော် အသက်ကြီးလာတာနဲ့ ကိုယ်ခံအားယိုယွင်းလာသောကြောင့် အန္တရာယ်ပြု မဲ့ဗိုင်းရပ်တွေကို ကာကွယ်ဖို့ လိုအပ်တဲ့ ကာကွယ်ဆေးများ ထိုးထားပါ။ အရိုးများခိုင်မာတောင့်တင်းဖို့၊ နှလုံးကျန်းမာရေးနဲ့ အာရုံကြောသန်စွမ်းဖို့၊ သွေးလည်ပတ်မှုကောင်းရန်နဲ့ ကိုယ်ခံအားကောင်းပြီး ပြန်ရည်ကြောအရည်များသန့်စင်ဖို့အတွက် နေ့စဉ်ပုံမှန်မနက်စောစော လမ်းလျှောက်ပေးပါ။ အတိတ်မေ့ဝေဒနာမဖြစ်ဖို့ သတင်းစာဖတ်ပေးပြီး Oatmealပါတဲ့ မနက်စာစားပေးခြင်းဖြင့် နှလုံးရောဂါတားဆီးဖို့ အထောက်အကူဖြစ်စေပါတယ်။ အလွန်အမင်းစားခြင်းဟာ အဝလွန်ခြင်းနဲ့ဆီးချို ဝေဒနာဖြစ်စေနိုင်သလို လူ့သက်တမ်းလဲတိုစေပါတယ်။ အသက်၇၀နဲ့အထက်မှာ အဆမတန်စားလွန်းလျှင် မှတ်ဥာဏ်ချွတ်ယွင်းမှုနဲ့ ဆက်စပ်နေပါတယ်။ ဒါကြောင့် နည်းနည်းစားပြီး များများလှုပ်ရှားပါ။

လူတိုင်း အသက်ကြီးလာလို့ ရောဂါတွေဝင်လာပြီး မသွက်လတ်မှာကို စိုးရိမ်နေမဲ့အစား ကျန်းမာရေးအသိနဲ့ စောင့်ရှောက်ထိန်းသိမ်းနိုင်ပါတယ်။ ကိုယ်တိုင်လဲလိုက်နာကျင့်သုံးသလို အများသူငှာကိုလည်း လက်လှမ်းမီသလောက် ဗဟုသုတလေးတွေ ဝေမျှပေးပါ။







No comments: