Saturday, September 26, 2015

ဆေးဝါးများကို နည်းလမ်းမှန်ကန်စွာ သောက်သုံးခြင်း

အခြေခံကျတဲ့ဆေးးဝါးများအားလုံးသုံးစွဲပုံနည်းလမ်းဟာ ဆေးတံဆိပ်ပေါ်ကဆေးညွှန်းပါအတိုင်း လိုက်နာရမှာဖြစ်သလို ဆရာဝန်နဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တို့ရဲ့အကြံပြု ချက်များကိုလည်း လိုက်နာရပါမယ်။ အစားအစာနဲ့ဆေးဝါးများ ဓါတ်ပြု ခြင်းနဲ့ ပတ်သက်တဲ့အခြေခံသဘောတရားများကို နားလည်ခြင်းဟာ မလိုလားအပ်တဲ့ ဘေးအန္တရာယ်ကျရောက်ခြင်းမှ ကာကွယ်နိုင်သလို မိမိသောက်လိုက်တဲ့ဆေးဟာလည်း ထိထိရောက်ရောက် အစွမ်းထက်မှာ ဖြစ်ပါတယ်။ ဆေးညွှန်းစာဖြင့် ဝယ်ရတဲ့ဆေးများ (POM)နဲ့ အလွယ်တကူဆေးကောင်တာကနေ စိတ်ကြိုက်ဝယ်ယူနိုင်တဲ့ဆေး(OTC)တို့အကြား ဆေး-အစားဓါတ်ပြုစေနိုင်တဲ့အချက်များကို စူးစမ်းရှာဖွေလေ့လာကြရအောင်။

(က)အစာနဲ့ဆေးဝါးဓါတ်ပြု ခြင်းများ
အစာမရှိဘဲသုံးစွဲနိုင်တဲ့ဆေးဝါးများ- တချို့ ဆေးများကို အစာနဲ့တပြို င်နက်သောက်လိုက်တဲ့အခါ တချို့ အစာများဟာ ခန္ဓာကိုယ်ကဆေးများရဲ့ စုပ်ယူနိုင်မှုနှုန်းအပေါ် အကျိုးသက်ရောက်စေပါတယ်။ အဲဒီလိုဆေးမျိုးဆိုရင် အစာမရှိဘဲ (မိနစ်၃၀အတွင်းမှ အစားမစားခင် ၁နာရီအလို (သို့) အစာစားပြီး၂နာရီအတွင်း) သောက်နိုင်ပါတယ်။ 
ဥပမာ- ပိုးသတ်ဆေးများ (Cloxacillin, Penicillin V & Rifampicin)
         -Thyroid Replacement medication (Levothyroxine)
         -အရိုးပွခြင်းကိုကာကွယ်တဲ့ဆေး(Alendronate & Risedronate)

အစာနဲ့တွဲသောက်နိုင်နဲ့ဆေးဝါးများ- တချို့ ဆေးများဟာ အစာမရှိဘဲသောက်ရင် အစာအိမ်နာ၊ဗိုက်အောင့်တတ်ပါတယ်။ ဒါကြောင့် အဲလိုဆေးများကို အစာနဲ့တွဲသောက်နိုင်သလို (သို့) အစာစားပြီးပြီးချင်း ချက်ချင်းသောက်နိုင်ပါတယ်။ 
ဥပမာ-သွေးကျဲဆေး(သို့)လေသင်တုန်းကာကွယ်ဆေး (Aspirin,Clopidogrel)
        - Oral Steroids (Prednisolone, Hydrocortisone & Dexamethasone)
        - အကိုက်အခဲပျောက်ဆေးများ(Ibuprofen, Diclofenac & Tramadol)

နို့ထွက်ပစ္စည်းနဲ့တွဲမသောက်သင့်တဲ့ဆေးဝါးများ- တချို့ ဆေးများဟာ နို့ထွက်ပစ္စည်းများ(နွားနို့၊ချိစ်နဲ့ ဒိန်ချဉ်)တို့နဲ့ တပြို င်နက် တွဲမသောက်သင့်ပါ။ ကယ်လစီယမ်၊ မဂ္ဂနီစီယမ်နဲ့ သံဓါတ်ပါတဲ့ အစာများကို အထူးသဖြင့် ဂရုစိုက်ရပါမယ်။ ဘာလို့လဲဆိုတော့ ၄င်းတို့ဟာ ဆေးအာနိသင်ကို ပျက်စီးဆုတ်ယုတ်စေပါတယ်။ အောက်ပါဆေးများကို နို့ထွက်ပစ္စည်းများ(သို့) ဖော်ပြပါသတ္တု ဓါတ်ပါတဲ့အစာများစားပြီးနောက် အနည်းဆုံး၂နာရီခွာပြီးနောက်မှ သောက်သင့်ပါတယ်။ 
ဥပမာ- Antibiotics (Ciprofloxacin & Doxycycline)
        -Thyroid Replacement medication (Levothyroxine)
        -အရိုးပွခြင်းကိုကာကွယ်တဲ့ဆေး(Alendronate & Risedronate)

Tyramine & Antidepressants (စိတ်ကျရောဂါကုဆေးဝါးများ)- Tyramineဓါတ်ကြွယ်ဝတဲ့အစာများ (အရက်၊ထောပတ်သီးနဲ့ ပဲပိစပ်)ကို စိတ်ကျဆေးများဖြစ်တဲ့ (Moclobemide or Linezolid)နဲ့ တွဲမသောက်သင့်ပါ။ ယေဘူယျအားဖြင့် စိတ်ကျဆေးများဟာ ခန္ဓာကိုယ်ရှိ Tyramine အများအပြားကို ပြိုကွဲစေတဲ့ Monoamine Oxidase အင်ဇိုင်းကို ပိတ်ဆို့တားဆီးစေတဲ့အတွက် Depressionလျော့ကျခြင်းကို အထောက်အကူပေးပါတယ်။ သို့သော် Tyramineဓါတ်ကြွယ်ဝများပြားစွာပါတဲ့ အစာစားထားလျှင် Tyramineဟာ အန္တရာယ်ရှိတဲ့အသွင်သို့ အလျင်အမြန်ရောက်ရှိသွားပါတယ်။ ဥပမာ သွေးပေါင်ချိန်စောင့်တက်သွားပြီး အရေးပေါ်ကုသဖို့ အခြေအနေသို့ ရောက်ရှိနိုင်ပါတယ်။

(ခ) အရည်နဲ့ဆေးဝါးဓါတ်ပြု ခြင်းများ
ဆေးဝါးများကို ရေတဖန်ခွက်စာအပြည့်နဲ့သောက်ရမယ်ဆိုတဲ့ အခြေခံဗဟုသုတလေးကို လူတိုင်းသိရှိပြီး ဖြစ်ပါတယ်။ အကယ်၍ ဆေးသောက်ဖို့ ရေမရနိုင်ခဲ့ရင်တော့ အောက်ပါအရည်များနဲ့ လုံးဝဆေးမသောက်ဖို့ သတိပေးလိုက်ပါတယ်။
၁။ အရက်- ယေဘူယျအားဖြင့် အရက်ဟာ ဆေးဝါးရဲ့ စိတ်ကစဉ်ကလျားလျော့ကျမှု အစွမ်းကို တိုးပွားစေသောကြောင့် အတတ်နိုင်ဆုံး သင့်ရဲ့ဘေးအန္တရာယ်လုံခြုံ မှုအတွက် အရက်ကို လုံးဝရှောင်ကြဉ်ပါ။
၂။ ကက်ဖင်း- လက်ဖက်ရည်၊ကော်ဖီနဲ့ချောကလက်များမှာ တွေ့ရတတ်ပါတယ်။ တနေ့ကို ကော်ဖီ၅ခွက်ထက် ပိုသောက်ရင် ကက်ဖင်းဓါတ်များကာ ဆေးအချို့ ကို အကျိုးသက်ရောက်မှု ရှိပါတယ်။ 
အောက်ပါဆေးဝါးများသုံးစွဲလျှင် ကက်ဖင်းသောက်သုံးမှုကို အထူးကန့်သတ်ဖို့ ကြိုးစားပါ။
ဥပမာ- အသက်ရှူ လမ်းကြောင်းကုဆေးများ(Salbutamol, Fenoterol & Theophylline)
         -အကြောပြေဆေးများ(Relaxants) (သို့) အိပ်ဆေးများ (Diazepam, Lorazepam & Zolpidem)
၃။ ဂရိတ်ဖရုဖျော်ရည်- တခြားသစ်သီးဖျော်ရည်များဟာ ဆေးဝါးများနဲ့ အတူသောက်သုံးပါက ဘေးကင်းသော်လည်း ဂရိတ်ဖရုဖျော်ရည်ကတော့ ခန္ဓာကိုယ်ထဲရှိ တချို့ ဆေးများကို ဘယ်လိုဖယ်ရှားရှင်းလင်းပေးမလဲဆိုတဲ့အချက်ကို အထူးသတိရှိရပါမယ်။ ဥပမာ- ကိုလက်စထရောကျစေဖို့ Statinဆေးအချို့ သောက်နေစဉ် ဂရိတ်ဖရုဖျော်ရည်အများကြီး သောက်ထားပါက ခန္ဓာကိုယ်ထဲမှာ ဆေးတွေအများကြီး အောင်းနေကာ အသည်းပျက်စီးဖို့ အလားအလာများပြီး ကြွက်သားကြေမွကာ ကျောက်ကပ်ယိုယွင်းစေပါတယ်။
အောက်ပါဆေးဝါးများမှာ ဂရိတ်ဖရုဖျော်ရည်နဲ့အတူမသောက်သင့်တဲ့ဆေးဝါးများ ဖြစ်ပါတယ်။ 
ဥပမာ- ကိုလက်စထရောလျော့ကျစေတဲ့ဆေး(Simvastatin,Atorvastatin & Lovastatin)
        - နှလုံးဆေး (Nifedipine, Amlodipine,Verapamil & Diltiazem)
        - အာရုံကြောဆေးများ(Ciclosporin & Tacrolimus)

(ဂ) တရုတ်တိုင်းရင်းဆေးများ(TCM)နဲ့ ဆေးညွှန်းစာဖြင့်ဝယ်ရတဲ့ဆေးများ(POM)
ယေဘူယျအားဖြင့် တရုတ်တိုင်းရင်းဆေးများကို ဆရာဝန်ညွှန်ကြားတဲ့ဆေးနဲ့တွဲသောက်လို့ရမရဆိုတာကို သင့်ဆရာဝန်(သို့)ဆေးဝါးကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ဆွေးနွေးတတ်တာဟာ ကောင်းတဲ့အလေ့အကျင့် ဖြစ်ပါတယ်။ ဘာလို့လဲဆိုတော့ TCMနဲ့ အနောက်တိုင်းဆေးများအကြား အချို့သောဓါတ်ပြု ခြင်းဟာ အန္တရာယ်ရှိစေနိုင်တဲ့ မမျှော်လင့်နိုင်သော ဓါတ်ပြုမှုသို့ ဦးတည်ပြောင်းလဲစေနိုင်သောကြောင့် TCMဆေးသောက်လျှင် သင့်ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။

ဒါကြောင့် ဆေးတော့သောက်ပါရဲ့ နည်းလမ်းမကျ၊ ဗဟုသုတမရှိတော့ မထိရောက်၊ အစွမ်းမထက်၊ ရောဂါပျောက်သင့်သလောက် မသက်သာသူများ ဒီဆောင်းပါးလေးကိုဖတ်ပြီး သူတပါးတွေကိုလဲ မျှဝေပေးခြင်းဖြင့် လူတိုင်းရောဂါဘယကင်းဝေးကြပါစေ။

No comments: