Saturday, December 10, 2011

လည်သာသားရေနဲ့လုပ်ထားတဲ့ ဘောင်းဘီတွေက သွေးကြောထုံးစေတယ်။

 သားရေဘောင်းဘီများဟာ ခေတ်ဆန်မယ်၊ဖက်ရှင်ကျချင်ကျမယ်။ ဒါပေမဲ့ ကျန်းမာရေးအတွက် မကောင်းပါ။ သားရေဘောင်းဘီ (သို့) ဂျင်းဘောင်းဘီကျပ်ကျပ်များကို ဝတ်ဆင်ခြင်းဟာ  ခြေထောက်ပေါ်မှာ အချိန်အတော်ကြာ တင်းကျပ်စွာကပ်တွယ်ထားတဲ့အတွက် သွေးလည်ပတ်မှုကို လျော့ကျစေပါတယ်။



 အဲဒါကနေ သွေးပြန်ကြောဆီ သွေးအရောက်နည်းသွားကာ ခြေထောက်တွေနာကျင်ရောင်ရမ်းလာမယ်။ တချို့လူတွေရဲ့ ခြေထောက်တွေမှာ သွေးကြောတွေအများကြီးပြတ်နေတာမျိုးကို မြင်ဖူးကြမှာပါ။

ဆောင်းရာသီမှာ ခြေထောက်တဝိုက်ရှိ သွေးပြန်ကြောများဟာ အေးတဲ့ရာသီဥတုကြောင့် ကျုံ့သွားမယ်။ ဒီထက်ပိုဆိုးရင် သွေးကြောထုံးတာတွေ ဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်အောင် ကာကွယ်တားဆီးဖို့ သက်တောင့်သက်တာဖြစ်မဲ့ အဝတ်အစားမျိုးကို ရွေးချယ်ဝတ်ဆင်တတ်ဖို့ အရေးကြီးပါတယ်။ သင်ဟာ အချိန်အတော်ကြာ ထိုင်တာ(သို့) ရပ်တာကို လုပ်ရမယ်ဆိုရင် သင့်ရဲ့ကိုယ်နေဟန်အနေအထားကို ၁နာရီခြားတစ်ခါ ပြောင်းပေးဖို့ ကြိုးစားပါ။ နောက်ပြီး ခြေကလိမ်ထိုင်ခြင်းမျိုးကိုလည်း မလုပ်ပါနဲ့။ အိပ်တဲ့အခါမှာလည်း သွေးကောင်းမွန်စွာလည်ပတ်စေဖို့ ခေါင်းအုံးတလုံးကို သင့်ခြေထောက်အောက်မှာ ခုပြီးထားပေးပါ။

ဒါကြောင့် ခေတ်မီခေတ်ဆန်ချင်လို့ လည်သာဘောင်းဘီတွေ၊ ဂျင်းကျပ်ကျပ်ဘောင်းဘီတွေ ဝတ်ချင်တယ်ဆိုရင်တော့ ကျန်းမာရေးအသိရှိပြီး ခေတ္တခဏမျှသာ ဝတ်ဆင်ကြဖို့ အကြံပြုလိုက်ပါရစေ။

2 comments:

သမီးစံ said...

အောင်မြတ်ငေး.တော်
သွေးကြောထုံးတဲ့ပုံကြီးက
ကြောက်စရာကြီးပါလားကွယ်
သွေးကြောထုံးတဲ့သူတွေ
မြင်ဖူးပေမယ့်.မီရှဲပြောမှပဲ
ဘာကြောင့်ဖြစ်တယ်..
အလုံးစုံသိရတော့တယ်
လယ်သာဘောင်းဘီတော့မ၀တ်ဘူးရှင့်
အဲ.ဂျင်းဘောင်းဘီတော့ဝတ်တယ်း)
နောက်ခါဝယ်ရင်.အရမ်းမကျပ်ဖို့
သတိထားရတော့မယ်။
ခြေကလိမ်ထိုင်တယ်ဆိုတာ
ခြေထောက်ချိတ်ပြီးထိုင်တာကိုပြောတာလားဟင်
ဒါဆို.ဒီအကျင့်လည်းပြင်မှဖြစ်မယ်း)
ဗဟုသုတလေးတွေ.ဝေမျှပေးတဲ့အတွက်
ကျေးကျေးပါရှင်..။
ချမ်းမြေ့ပျော်ရွှင်ပါစေ

ချစ်ခင်စွာဖြင့်
သမီးစံ

San Yin Mon said...

ဟုတ်တယ်။ ခြေထောက်ချိတ်ထိုင်တာကိုပြောတာ။ ပြောသာပြောရတယ်။ မီရှဲလဲ အဲလိုပဲထိုင်တတ်တယ်။ ငယ်ငယ်တုန်းက ထမင်းစားတုန်း အဲလိုချိတ်ပြီးစားလို့ အဖေ့အဆူခံထိဘူးတယ်။ ဂျင်းကျပ်ကျပ်တော့ သူများဝတ်တာအားကျလို့ ဝယ်မိပါတယ်။ မနေခက်လို့ ချောင်ထိုးထားတယ်။ ဒီပို့စ်ရေးပြီးမှ ပိုလို့တောင် မဝတ်ချင်ပေါင်။