Saturday, November 13, 2010

ဌက်ဖျားဆေးယဉ်ပါးမှူအဖြစ်ဆုံးနိုင်ငံ

ထိုင်းမြန်မာနယ်စပ်ဒေသတွေမှာ ဖွံ့ဖြိုးမှုနှေးကွေးခြင်း၊ ချို့တဲ့ခြင်း၊ နိုင်ငံရေးပဋိပက္ခ၊ နယ်ခြားရွှေ့ပြောင်းခြင်းကြောင့် ဌက်ဖျားဆေး ယဉ်ပါးမှုရောဂါဟာ ဒေသအနှံ့ပျံ့နှံ့လျက်ရှိပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာ ကြီးထွားမှုနှုန်းမြင့်မားလာကြောင်း WHOမှ ကောက်နုတ်ထားပါတယ်။


နိုင်ငံရေးပဋိပက္ခများကြောင့် ထိုင်းမြန်မာနယ်စပ်ရွှေ့ပြောင်းလုပ်သားများဟာ ဌက်ဖျားရောဂါပိုးတိုက်ဖျက်ဖို့ လုံလောက်တဲ့ ကမ္ဘာ့ရန်ပုံငွေ အထောက်အပံ့ မရရှိခဲ့ပါဘူး။ ၂၀၀၅ခုနှစ်မှာ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် မြန်မာနိုင်ငံရဲ့ ဌက်ဖျားတိုက်ဖျက်ရေးရန်ပုံငွေကို ကမ္ဘာ့ရန်ပုံငွေငွေကြေး အဖွဲ့အစည်းမှ ဖြတ်တောက်ထားပါတယ်။

လူဦးရေခန့်မှန်းခြေသန်း၄၀လောက်က ဌက်ဖျားပိုးရှိလွယ်တဲ့ ဝေးလံခေါင်သီတဲ့တောတောင်၊ တောင်တန်းဒေသနဲ့ ထိုင်းနယ်စပ်တဝိုက်မှာ နေထိုင်ကြပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံမှာ ဌက်ဖျားသေဆုံးမှုနှုန်းဟာ နှစ်စဉ်၁၀၀၀မှ ၉၀၀၀နှုန်းထိရှိပြီး ဝေးလံတဲ့ဒေသများမှာ ထို့ထက်ပိုမြင့်မားပါတယ်။

အရှေ့တောင်အာရှမှာ ဆေးယဉ်ပါးမှုဖြစ်စေတဲ့ ဌက်ဖျားပိုးဟာ ရောဂါပိုးကူးစက်ခံထားရတဲ့ ခြင်မှတဆင့် လူတွေဆီသို့ ပျံ့နှံ့သွားခြင်းပဲဖြစ်တယ်။ အဲဒီအခါ ဖျားမယ်၊ တုပ်ကွေးကဲ့သို့ချမ်းစိမ့်ခြင်း၊ ကြွက်သားတောင့်တင်းခြင်း၊ ပျို့အန်ခြင်း၊ ၀မ်းသွားခြင်းနဲ့ တခါတရံ သေစေနိုင်ပါတယ်။ ဌက်ဖျားဆေးစိမ်ထားတဲ့ ခြင်ထောင်များဟာ သုံးရတာလွယ်ကူပြီး ထိရောက်မှုရှိပါတယ်။


ဌက်ဖျားရောဂါကို စောလျင်စွာကုသခြင်းနဲ့ စမ်းသပ်စစ်ဆေးမှုခံယူခြင်းအပြင် ဆေးတုနဲ့မမှားမိအောင် သတိထားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ဆေးဆိုင်များဟာ တံဆိပ်မပါဘဲ (Free Date)နဲ့ ရောင်းချနေတဲ့အတွက် လူနာများဟာ ထိရောက်တဲ့အာနိသင်မရရှိဘဲ အသက်ဆုံးရှုံးသွားနိုင်ပါတယ်။

ံ့

1 comment:

December Mgmg said...

ကောင်းတယ် သူငယ်ချင်း ဒီလိုမျိုး ထပ်တင်ပါနော်.......ဗဟုသုတ ကို ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်.......