Saturday, November 2, 2013

သနားစဖွယ်သူ့ဘဝ

အသက်၅၀ကျော်အရွယ်ဦးလေး၁ဦးဟာ ဆေးခန်းသို့ ပုံမှန်၁ပတ်၁ခါ သူ့ရဲ့ အင်ဆူလင်ထိုးဆေးလေးယူလာပြီး ဆရာဝန်ကို ထိုးခိုင်းပါတယ်။ ဆေးခန်းသို့မလာသည်မှာ အလွန်ကြာပီဖြစ်လို့ ဆေးထိုးဖို့မလိုတော့ဘူးပေါ့လို့ လမ်းမှာတွေ့လို့ မေးကြည့်တော့ မဟုတ်ဘူးတဲ့။ မထူးလို့ သေဖို့ပဲ စောင့်နေတာဟု ဟာသနှောနှောဖြေပါတယ်။ ကျွန်တော်က မဟုတ်တာ ပုံမှန်ဆေးထိုးတော့ ဆီးချိုထိန်းပြီးသားဖြစ်တာပေါ့။ မပေါ့နဲ့လို့ အကြံပြုလိုက်ပါတယ်။ 

မကြာပါဘူး။ ဆေးခန်းကို တုတ်ကောက်နဲ့ ရောက်ချလာပါတယ်။ သူဘာကိုမှ သဲသဲကွဲကွဲမမြင်ရတော့ပါတဲ့။ အင်ဆူလင်ပြန်လာထိုးပါတယ်။ ပိုက်ဆံရှင်းတော့လဲ သူ့ရဲ့အကျီင်္ံအိတ်ကပ်ထဲက ပိုက်ဆံအကုန်လုံးထုတ်ပေးပြီး ကျသလောက်ယူလိုက်ပါတဲ့။ သူသေချာမမြင်ရတော့လို့ပါတဲ့။ ဒါနဲ့ ကျွန်တော်က အန်ကယ်က ၁ယောက်တည်းနေတာလားလို့ မေးကြည့်တော့ မဟုတ်ဘူး။ မိန်းမနဲ့ ကလေးတွေရှိတယ်။ ဂရုမစိုက်ကြဘူး။ ငါ့ကို မြန်မြန်သေစေချင်ကြတာ။ ဒါကြောင့် ငါလဲမြန်မြန်သေချင်နေတာပေါ့တဲ့။ ဆေးခန်းပြပြီးတိုင်း ဆေးခန်းဘေးနားက သူ့သူငယ်ချင်းကုန်မာဆိုင်လေးမှာ အာလာပသလာပပြောပြီး လက်ဘက်ရည်အတူတူသောက်ကြတယ်။ သူ့သူငယ်ချင်းဆိုင်မဖွင့်သေးတဲ့အခါ ဆေးခန်းရှေ့က ခုံတန်းလေးမှာ ထိုင်စောင့်လို့နေလေရဲ့။ ကျွန်တော်လဲ ဦးလေးအထဲဝင်ထိုင်လေ အပြင်မှာပူတယ်လို့ပြောတော့ ရတယ်၊ကိစ္စမရှိဘူးတဲ့။ 

ဒီလိုနဲ့ တနေ့မှာ ဆေးခန်းကို လမ်းလျှောက်ကူထောက်ဂွေနဲ့ ဖိနပ်မစီးပဲ ရောက်လာပါတယ်။ လက်၂ဖက်လုံးသွေးတွေ စက်စက်ကျလို့နေပါတယ်။ ပိန်ချုံးအိုစာပြီး လမ်းလျှောက်ဖို့တောင် အားမရှိသလိုပါပဲ။ ကုတင်ပေါ်သို့ သူ့ကိုတွဲထူပြီး ဆရာဝန်က ဆေးထည့်ပေးပါတယ်။ ခြေထောက်၂ဖက်လုံးလဲ ယောင်ကိုင်းနေပြီး ခြေမမှာလဲ ပတ်တီးစည်းထားပါတယ်။ ဘာမှမမြင်ရတော့ အကုန်လုံးကို ဝင်တိုက်ပြီး ချော်လဲတာတဲ့။ ခြေဖဝါးလဲ ဖောင်းနေတော့ ဖိနပ်စီးလို့မရဘူးတဲ့။ သူ့ရဲ့အကျီင်္ံတွေလဲ သူကိုယ်တိုင်လျှော်ရတာပါတဲ့။ အိမ်ကလူတွေ ဘယ်သူမှသူ့ကိုအရေးမလုပ်ကြဘူးတဲ့။ ဆရာဝန်က သူ့အနာဆေးထည့်နေတုန်း သူ့ရဲ့ဟန်းဖုန်းမြည်လာပါတယ်။ ဖုန်းဖြေဖို့ရာမမြင်ရလို့ ခလုတ်စမ်းနေရတယ်။ ကျွန်တော်ကူပြီး နှိပ်ပေးရပါတယ်။ ဆေးထည့်ပြီးတော့ သူ့ကိုတွဲထူလိုက်ပို့ရင်း အန်ကယ်ခုနက ဖုန်းကခဏခဏမြည်နေတာ ဘယ်သူဆက်တာလဲလို့ မေးကြည့်တော့။ သူ့အစ်မဆီကတဲ့။ သူ့ကို လူအိုရုံပို့ဖို့ စီစဉ်ပေးမလို့တဲ့။ ကျွန်တော်ဒီစကားကြားရတော့ အတော်စိတ်မကောင်းဖြစ်သွားပြီး မျက်ရည်တောင်လည်မိပါတယ်။ ဒါပေမဲ့ အကောင်းဘက်ကနေတွေးကြည့်ပြန်တော့ အိမ်မှာနေပြီး မိသားစုငြိုငြင်ခံမဲ့အစား လူအိုရုံက သူ့အတွက်ပိုစိတ်ချရတာပဲလို့ တွေးမိရင်း ဖြေသိမ့်ကြည်နူးမိပါတယ်။ သူ့ကိုတွဲထူလိုက်ပို့ရင်း ကျန်းမာရေးကို ဂရုစိုက်လို့ မှာလိုက်ပါတယ်။ သူက ကျေးဇူးပဲလို့ပြောပါတယ်။ ဒီတခါတော့ နောက်ဆုံးအကြီမ်တွေ့ဆုံခြင်းပဲလို့ ထင်ပါတယ်။

သားသမီးများမှာ မိဘများသက်ရှိထင်ရှားရှိနေစဉ်အတွင်း ကျွေးမွေးပြုစုစောင့်ရှောက်ရမှာပါ။ အခုတော့ သားသမီးရှိရဲ့နဲ့ သူ့ခဗျာ လူအိုရုံမှာ သွားနေရတော့မှာကို တွေးမိရင်း စိတ်မကောင်းဖြစ်ရသလို အိမ်မှာနေရင်း စိတ်ဆင်းရဲရတာထက်စာရင် သူ့ဘဝအတွက် စိတ်အေးရတာပေါ့လို့ ပြန်တွေးရင်း စိတ်ကိုဖြေသိမ့်လိုက်ရပါတော့တယ်။

3 comments:

cool emerald said...

တကယ့် အဖြစ်အပျက် ဆိုရင်တော့ သနားစရာပါပဲလား။ ဒီမှာ လည်း မိဘတွေက အလုပ်တစ်ဖက် နဲ့ ဆိုတော့ မိုးလင်းတာနဲ့ ကလေးတွေကို ကလေးထိန်းကျောင်းပို့၊ ကလေးတွေ ကြီးလာတော့ မိဘတွေကို လူအိုရုံ ပြန်ပို့နဲ့ သံသရာ လည်နေတယ်ထင်ပါ့။ မိသားစု သံယောဇဉ်တွေ နည်းကုန်ကြတယ် ထင်ပါတယ်။

Anonymous said...

What's up i am kavin, its my first time to commenting anywhere, when i read this
piece of writing i thought i could also create comment due to this brilliant
piece of writing.

my web site: Female Rappers

Anonymous said...

This is my first time pay a visit at here and i am genuinely happy to read all at alone place.


my page: dietas para Emagrecer