Sunday, June 24, 2012

ကျန်းမာရေးအတွက် ငှက်ပျောသီး


ယနေ့ ဈေးကွက်ထဲမှာ အံ့သြဖွယ်ရာ ဟင်းသီးဟင်းရွက်များနဲ့ အသီးအနှံများစွာရှိတဲ့အနက်  အံ့မခန်းဆုံးနဲ့ အကောင်းတကာ့အကောင်းဆုံးအသီးကတော့ ငှက်ပျောသီးပဲဖြစ်ပါတယ်။ တခြားအစားအစာတွေထက် အကျိုးအာနိသင်က သူ့မှာပိုမိုပါဝင်ပြီး အပြုသဘောဆောင်တဲ့ စွမ်းအင်အရင်းအမြစ်ကို ရရှိစေပါတယ်။ အဆိုပါစွမ်းအင်ကို ချက်ချင်းရချင်မှရမယ် (သို့) နာရီအနည်းငယ်နဲ့ ရက်အနည်းငယ်ကြာမှ ရနိုင်မှာ ဖြစ်ပါတယ်။  ဒီဆောင်းပါးလေးမှာ  ငှက်ပျောသီးနဲ့ပတ်သက်ပြီး အမှန်တကယ် အံ့သြဖွယ်ရာ ကျန်းမာရေးအကျိုးကျေးဇူးများအကြောင်း လေ့လာစူးစမ်းဖော်ထုတ်ထားတာကို ဖတ်ကြည့် ကြရအောင်။
ငှက်ပျောသီးက ဘာကြောင့် ကျန်းမာစေတာလဲ။ 
သူ့မှာ tryptophan လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်ပြည့်ဝစွာပါရှိပါတယ်။ အဆိုပါအက်ဆစ်ဟာ serotonin အဖြစ် ပြောင်းလဲသွားပြီး ဦးနှောက်၌ လိုအပ်ချက်များကို အပြည့်အဝဖြည့်တင်းပေးသောကြောင့် စိတ်မရွှင်ပျခြင်း၊ ဆွေးလျခြင်းစတဲ့ ခံစားမှုဝေဒနာများကို အမှန်တကယ်တွန်းလှံနိုင်တဲ့ စွမ်းအင် အပြည့်အဝ ရှိပါတယ်။ ဒါ့အပြင် သံဓါတ်ကိုလည်း မြင့်မားစေတဲ့အတွက် သွေးအားကောင်းစေပြီး သွေးအားနည်းခြင်းကို ကာကွယ်ပေးပါတယ်။ သွေးနီဥတွင် အောက်ဆီဂျင်ကို သယ်ယူပို့ဆောင်ပေးသော သံဓါတ်ပါသောအရာ (ဟေမိုဂလိုဗင်)ရဲ့ လုပ်ဆောင်ချက်ကိုလည်း အကူအညီပေးပါတယ်။
တခြားထူးခြားတဲ့ အကျိုးကျေးဇူးကတော့ သူ့မှာ ပျော်ဝင်နိုင်တဲ့ pectin လို့ခေါ်တဲ့ fiber အမျှင်ဓါတ်ပါရှိတဲ့အတွက် မစင်များကို အစာချေလမ်းကြောင်းတလျှောက် လွယ်လွယ်ကူကူရွေ့လျားပေးဖို့ ကူညီပေးပါတယ်။ ၄င်းအပြင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက ခန္ဓာကိုယ်တွင်း၌ အရေးပါတဲ့ electrolytes တွေ ဆုံးရှုံးတတ်ပါတယ်။ ငှက်ပျောသီးမှာ အဆိုပါ electrolytes တွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ potassium များစွာပါဝင်တဲ့အတွက် အဲဒီအချိန်မှာသင့်ဝမ်းဗိုက်အတွင်း တခုခုဖြစ်မှာကို စိုးရိမ်စရာမလိုဘဲ ငှက်ပျောသီးကို စားပေးနိုင်တာ အကောင်းဆုံးပါပဲ။

နောက်အကျိုးထူးက သင့်မျက်စိအတွက် အထူးကောင်းမွန်တယ်ဆိုတာကိုရော သိပါသလား။

ငှက်ပျောသီးဟာ မျက်စိစွမ်းဆောင်ရည် ယိုယွင်းဆုတ်ယုတ်မှုအန္တရာယ်ကို လျော့နည်းစေတဲ့အတွက် မျက်စိဆရာဝန်များက  လူနာများကို ငှက်ပျောသီးများများစားဖို့ တိုက်တွန်းလေ့ရှိပါတယ်။ အလားတူ ငှက်ပျောသီးမှာ အာဟာရအကျိုးပြု fructooligosaccharides   ပါဝင်တဲ့အတွက် အူထဲရှိ ကောင်းမွန်တဲ့ဘက်တီးရီးယားပိုးများကို ကျွေးမွေးရှင်သန်ဖို့ အထောက်အပံ့ပေးပါတယ်။ ကျွန်တော်တို့ရဲ့ သွေးလည်ပတ်မှုလမ်းကြောင်း၌ မကောင်းတဲ့ဘက်တီးရီးယားများကို ထိရောက်စွာ တွန်းလှံတိုက်ခိုက်ပေးတဲ့ ကောင်းမွန်တဲ့ဘက်တီးရီးယားများ အူထဲမှာရှိပါတယ်။ ဒါ့ကြောင့် Probiotics (ခေါ်) အကျိုးပြုဘက်တီးရီးယားကြွယ်ဝတဲ့ အစားအစာများ (ဥပမာ-ငှက်ပျောသီး)က ခန္ဓာကိုယ်ထဲရှိ မကောင်းတဲ့ဘက်တီးရီးယားများကို ဖယ်ရှားသုတ်သင်ပေးပြီး ခန္ဓာကိုယ်ကို ပိုမိုသန်စွမ်းစေပါတယ်။


ငှက်ပျောသီးဟာ သွေးထဲရှိ သကြားဓါတ်ကို ပုံမှန်ထိန်းညှိပေးသလို ကိုယ်ဝန်ဆောင်အမျိုးသမီးများ ပျို့ချင်အန်ချင်စိတ်ကိုလည်း တားဆီးပေးပါတယ်။ ထိုနည်းတူစွာ ခန္ဓာကိုယ်ထဲကို ဗိုက်တာမင်ဘီ အမြောက်အမြားပေးစွမ်းနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်ရှိခြင်းကြောင့် အင်းဆက်ပိုးမွှားကိုက်ခံရပါက ငှက်ပျောသီးစားပေးလျှင် ယားယံခြင်းကို သက်သာစေပါတယ်။ ပိုတက်စီယမ်ဓါတ်မြင့်မားခြင်းကလည်း စိတ်ဖိစီးမှုကို လျော့နည်းစေပါတယ်။ ဒါ့အပြင် လေသင်တုန်းဖြတ်ခြင်း အန္တရာယ်ကို လျော့နည်းစေသလို ခြေထောက်ကြွက်တက်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ငှက်ပျောသီးကို အရက်နာကျဝေဒနာ ကုသရာ၌လည်း အသုံးပြုနိုင်ပါတယ်။ ခန္ဓာကိုယ်ရှိ သွေးထဲသကြားဓါတ်တည်ဆောက်ဖို့ ငှက်ပျောသီးနွားနို့ဖျော်ရည်ထဲကို ပျားရည်လောင်းထည့်ပြီးသောက်ပေးပါက ငှက်ပျောသီးက အစာအိမ်ဝေဒနာကို သက်သာပျောက်ကင်းစေဖို့ ဆောင်ရွက်ပေးပါလိမ့်မယ်။

ကဲ- မိတ်ဆွေတို့ ငှက်ပျောသီးရဲ့ အစွမ်းထက်မြက်မှုကို အရင်က အနည်းအကျဉ်းပဲသိခဲ့ပေမယ့် ဒီဆောင်းပါးလေးက အကျယ်တဝင့်လေး ရှင်းပြထားတော့ သူ့ရဲ့အသုံးဝင်ပုံကို သူငယ်ချင်းတွေလည်း ပိုမိုကျယ်ပြန့်စွာ သိရှိရအောင် ဝေမျှပေးလိုက်ပါတယ်။

3 comments:

thameesan said...

အိမ်မှာဟင်းမရှိရင်
ငှက်ပျောသီးဖီးကြမ်းနဲ့
ဆားနဲ့ထမင်းနဲ့စားနေကျလေ.. :)
သီးမွှေးနဲ့ဖီးကြမ်းဆိုဖီးကြမ်းဘဲပိုစားဖြစ်ပါတယ်
အာနိသင်ကတော့ခုမှသိရတယ် :D
ကျေးဇူးပါယောင်းယောင်းရေ..
(ခေါ်ရတာလည်းမောလှပါပြီ):P

ချစ်ခင်လျှက်

cool emerald said...

စိတ်ဝင်စား စရာပဲ။ ကျေးဇူးတင်ပါတယ်။ ငှက်ပျောသီး လည်း များများ စားဦးမှပဲ။

မောင်မောင် said...