Saturday, November 12, 2011

ခဲဖျက်နဲ့တူသော မိဘ


ခဲတံး ဆောရီးနော်......
ခဲဖျက်း ဘာအတွက်လဲ။ နင်ဘာအမှားမှ မလုပ်ခဲ့ပါဘူး။
ခဲတံး ကျွန်တော်ဝမ်းနည်းတာက ကျွန်တော့်ကြောင့်   
            သင်နာကျင်ထိခိုက်မိမယ်။ ကျွန်တော်အမှားလုပ်မိတိုင်း               သင်ဟာ  အဲဒီအမှားကို ဖျက်နေရတယ်။ ဒါပေမဲ့ ကျွန်တော့်အမှားတွေကို ပျောက်အောင်လုပ်ဖို့ သင်ကိုယ်တိုင်လည်း သင့်ရဲ့အစိတ်အပိုင်းအချို့ကို ဆုံးရှုံးခဲ့ရတယ်။   တကြိမ်ဖျက်တိုင်း သင်ဟာ သေးသေးသွားတယ်။
ခဲဖျက်း အဲဒါအမှန်ပဲလေ။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါစိတ်မဆိုးပါဘူး။ မင်းသိတဲ့အတိုင်း အဲလိုလုပ်ဖို့ ငါဖြစ်လာတာလေ။ သင်တခုခုအမှားလုပ်မိတဲ့အခါတိုင်း သင့်ကိုကူညီဖို့ အဆင်သင့်ပါ။ တနေ့မှာ  ငါမရှိတော့ရင် သင်ဟာအခြားအသစ်တခုနဲ့ ငါ့နေရာကို အစားထိုးမယ်ဆိုတာကို သိသိကြီးနဲ့ ငါအမှန်တကယ် ငါ့အလုပ်ကို ကျေနပ်ပျော်ရွှင်နေမိတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး မစိုးရိမ်ပါနဲ့။ သင်ဝမ်းနည်းပြီးနေတာကို မမြင်ချင်ဘူး။

 ခဲတံနဲ့ ခဲဖျက်အကြား အချင်းချင်းအပြန်အလှန်ပြောဆိုမှုများဟာ အရမ်းကို လှုံ့ဆော်အားပေးမှု ဖြစ်စေခဲ့ပါတယ်။ အလားတူ မိဘများဟာ ခဲဖျက်နဲ့တူပြီး သူတို့ရဲ့ကလေးတွေက ခဲတံနဲ့တူပါတယ်။ သူတို့ကလေးတွေရဲ့အမှားတွေကို ဖြေရှင်းဖို့အတွက် အမြဲအသင့်ရှိနေပါတယ်။ ဘဝတလျှောက်လုံးမှာ တခါတရံ စိတ်ထိခိုက်ဝေဒနာခံစားရမယ်။ အိုမင်းလာမယ်။ နောက်ဆုံးမှာ ကွယ်လွန်သွားမယ်။ သူတို့ကလေးတွေ နောက်ဆုံးမှာ ကြင်ဖော်သစ်တွေရှာတွေ့သွားပေမယ့်လည်း မိဘများဟာ သူတို့အတွက် လုပ်ကျွေးပြုစုနေရတာကို ပျော်ရွှင်နေတတ်ကြပြီး သူတို့လေးတွေ ဝမ်းနည်းစိုးရိမ်နေတာကို အမြဲမမြင်လိုကြပေ။

မိဘတိုင်းဟာ  ခဲဖျက်ရဲ့ဖြစ်စဉ်လိုပါပဲ။  ဒါကြောင့် မိမိတို့မိဘတွေ သက်ရှိထင်ရှားရှိတုန်း ကျွေးမွေးပြုစုစောင့်ရှောက်ပါ။ မိဘကျေးဇူးကို သိတတ်တန်ဖိုးထားပါ။  ခလုတ်ထိမှ အမိမတမိပါစေနဲ့။ ကိုယ့်ကိုအနားလည်ဆုံးပုဂ္ဂိုလ်က မိဘမှတပါး အခြားမရှိပါ။ အနေဝေးတော့မှ မိဘကို ပိုပြီးသတိတရ အောက်မေ့တမ်းတမိရင်း ဒီဘလော့ပို့စ်နဲ့ ဂါရဝပြုလိုက်ပါတယ်။



4 comments:

မောင်မောင် said...

ကျေးဇူးဘဲ အစ်မမီရှဲ ရေ တန်ဖိုးရှိတဲ.ပို.စ်လေးတစ်ခုပါ။

Anonymous said...

အမှန်တရားတွေပါပဲ mishell ရေ
မိဘတွေဟာ..ခဲဖျက်တွေပါပဲ
သမီးစံကတော့.အမေ့ကို
တစ်ခါတစ်ခါ(စိတ်မရှည်တတ်လေတော့)
ပြန်ပြောမိတာလေးကလွဲလို့
အတတ်နိုင်ဆုံး..စိတ်ချမ်းသာအောင်ထားပါတယ်
ဒါကြောင့်..သတင်းကျွတ်ပြီဆို
ကုန်းနေအောင်..ကန်တော့ရတာပေါ့ကွယ်း)
ပျော်ရွှင်ပါစေရှင်
မိဘတွေနဲ့လည်း.အမြန်ဆုံး
ပြန်လည်ဆုံဆည်းနိုင်ပါစေနော်
ခင်မင်လျှက်
သမီးစံ

San Yin Mon said...

ကျေးဇူးပဲ မောင်မောင်နဲ့ သမီးစံရေ။ ဒီပို့စ်လေးရေးရင်း အရမ်းပဲခံစားရပါတယ်ကွယ်။ ပေးတဲ့ဆုနဲ့ ပြည့်ပါစေ။

စံပယ်ချို said...

အမှန်တရားလေးကိုအဲလိုထင်ထင်ရှားရှား
ဖော်ပြပေးတာ အရမ်းကောင်းတဲ့
စာတွေပါပဲ
တစ်ကယ်ကိုကျေးဇူးတင်ပါတယ်ဂျက်တောင်မစဉ်းစား
မိဘူးအဲလိုအတွေးမျိုးကို--