Monday, August 8, 2011

အသက်၈၀အရွယ်အဘိုးအို အကာအကွယ်မဲ့လိင်ဆက်ဆံရာမှ HIVကူးစက်ခြင်း

ကျွမ်းကျင်သူပညာရှင်၊ ဆရာဝန်များရဲ့ သုံးသပ်ချက်အရ အဆိုပါအသက်၈၀ တရုတ်အဘိုးအိုဟာ မကြာခဏ အကာအကွယ်မဲ့လိင်ဆက်ဆံရာမှတဆင့် ဗိုင်းရပ်စ်ပိုးဝင်ကာ HIVရောဂါပိုး ရရှိခဲ့ပါတယ်။
ယခုအခါ ဝူဟန်ရှိအသက်၈၀နဲ့၉၀အကြားအရွယ်အဘိုးအိုများဟာ အဖျားတာရှည်မှုကြောင့် ဆေးရုံတက်ရပြီး နောက်ဆုံးမှာ HIV positive ရှိမှန်း စစ်ဆေးတွေ့ရှိရပါတယ်။

အဆိုပါအဘိုးအိုဟာ မုဆိုးဖိုတခုလပ်ဖြစ်ပြီး တခါမှသွေးမသွင်းဖူးပေ။ ဒါပေမယ့် အကာအကွယ်မဲ့လိင်ဆက်ဆံမှု ပြုလုပ်သူကြောင်း ဆရာဝန်များက ပြောပါတယ်။



ကျွမ်းကျင်သူပညာရှင်များရဲ့ လတ်တလော လေ့လာသုံးသပ်ချက်အရ တရုတ်အဘိုးအိုများဟာ ပိုမိုကျန်းမာလာပြီး ပင်စင်ယူပြီးနောက် ပျင်းရိငြီးငွေ့ကာ လိင်ကိစ္စနဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြုလုပ်လာကြပါတယ်။

တရုတ်နိုင်ငံသားတို့ ရောဂါထိန်းချုပ်ရေးနဲ့ တားဆီးကာကွယ်ရေးဌာနရဲ့ သုံးသပ်ချက်အရ ယခုနှစ်ရဲ့ အသက်၅၀နဲ့အထက် HIVလူနာရှင်အသစ်များရဲ့ ရာခိုင်နှုန်းမှာ ၇.၈မှ၁၄.၉ရာခိုင်နှုန်းအထိ မြင့်တက်သွားကြောင်း တွေ့ရပါတယ်။

အများစုမှာ အမျိုးသားများဖြစ်ပြီး လိင်ဆက်ဆံရာမှတဆင့် ဗိုင်းရပ်စ်ကူးစက်ခြင်းခံရပါတယ်။

No comments: