Saturday, August 6, 2011

အသည်းရောင်အသားဝါစီပိုးကာကွယ်ဆေးဖော်ထုတ်ဖို့ နီးစပ်ပြီ


 ဒီတစ်ပတ်ထုတ်လေ့လာချက်အရ ဥရောပတိုက်သား သိပ္ပံပညာရှင်များဟာ အသည်းရောင် အသားဝါစီပိုး ကာကွယ်ဆေးကို တိရစ္ဆာန်များမှာ အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပါတယ်။ အဆိုပါရောဂါပိုးဟာ ကျန်းမာရေးကိုချို့တဲ့စေတဲ့ ဗိုင်းရပ်စ်ရောဂါမျိုးဖြစ်ပြီး အသည်းပျက်စီးကာ ကင်ဆာဖြစ်စေနိုင်ပါတယ်။
လတ်တလောအခြေအနေမှာ လူသားများအတွက် စီပိုးကာကွယ်ဆေး မထုတ်လုပ်နိုင်သေးပါဘူး။ WHOရဲ့ စစ်တမ်းများအရ စီပိုးဟာ ကူးစက်ထားတဲ့ သွေးမှတဆင့်ပျံ့နှံ့ပြီး နှစ်စဉ် ကမ္ဘာအနှံ့လူပေါင်း ၃၅၀၀၀၀နီးပါးကို အသက်ဆုံးရှုံးစေပါတယ်။

လူသန်းပေါင်း၁၃၀နဲ့ ၁၇၀ကြားမှာ ဆိုးရွားတဲ့ရောဂါပိုး ကူးစက်ခံထားရပါတယ်။ ပဲရစ်မြို့ရှိ Pierre et Marie Curie တက္ကသိုလ်ရဲ့ ပြင်သစ်သုတေသီ David Klatzmann ဦးဆောင်တဲ့အဖွဲ့က ဗိုင်းရပ်နဲ့အလားတူအမှုန်ကလေးများကို ကာကွယ်ဆေးအဖြစ် ဖန်တီးပြီး ကြွက်များနဲ့ မျောက်များကို စမ်းသပ်ခဲ့ပါတယ်။

အဆိုပါဗိုင်းရပ်အမှုန်လေးများဟာ immune reactionဖြစ်ပေါ်လာပြီး ကိုယ်ခံအားကို လှုံ့ဆော်ပေးပါတယ်။ ဒါပေမယ့် ဗိုင်းရပ်ကို ပြောင်းလဲစေဖို့ မျိုးရိုးဗီဇပစ္စည်းမရှိသေးပါဘူး။


အဆိုပါနည်းပညာကို အခြားကင်ဆာဖြစ်စေနိုင်တဲ့ human papillomavirus အတွက် ကာကွယ်ဆေးအဖြစ် အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။ French start-up Epixisတို့အဖွဲ့အစည်းက ထုတ်လုပ်တဲ့ကာကွယ်ဆေးအသစ်ဟာ စီပိုးဗိုင်းရပ်အမျိုးမျိုးကို တွန်းလှံနိုင်ပြီး ဗိုင်းရပ်ကို ပြောင်းလဲစေနိုင်တဲ့ တုံ့ပြန်မှုမျိုး ရှိနိုင်စေတယ်လို့ မျှော်လင့်ရပါတယ်။

နောက်တဆင့်ဆိုရင်တော့ လူသားများကို စမ်းသပ်စစ်ဆေးပါတော့မယ်။ အဆိုပါလေ့လာချက်ကို Science Translational Medicine ဂျာနယ်မှ ထုတ်ဝေထားပါတယ်။

1 comment:

SD said...

Hello! You have an interesting website. It is nice to visit here.