Saturday, August 20, 2011

ရုပ်ရင့်စေနိုင်တဲ့ အစားအစာ၇မျိုး

 အမြှုပ်တစီစီထနေတဲ့ အချိုရည်ကို သောက်တော့မယ်ဆိုရင် သေချာပြန်စဉ်းစားပါ။ ဘာလို့လဲဆိုတော့ ကာဗွန်ဓါတ်ဖြည့်ထားတဲ့ အချိုရည်ဟာ ဗိုက်ပူစေတယ်၊ မျက်နှာအရေးအကြောင်းဖြစ်စေပြီး လူကိုရုပ်ရင့်စေနိုင်တယ်လို့ အာဟာရဗေဒပညာရှင်များက ဆိုပါတယ်။ မုန့်ညက်ဖြင့် ပြုလုပ်ထားတဲ့မုန့်၊ အာလူးချောင်း၊ ဝက်အူချောင်း၊ ကော်ဖီ၊ နီရဲတဲ့အသား၊ ဆန်ဖြူနဲ့ ပေါင်မုန့်ဖြူ တို့လည်း အရွယ်ရင့်စေနိုင်ပါတယ်။ အဆီ(သို့)သကြားများစွာပါဝင်သဖြင့် ကျန်းမာရေးထိခိုက်စေပါတယ်။

ကာဗွန်ဓါတ်သွင်းထားတဲ့ အချိုရည်
အာဟာရမဖြစ်စေသလို ကယ်လိုရီလည်း မရှိပါ။ သကြားများစွာပါသဖြင့် လူကိုဝစေနိုင်ပြီး သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါတို့ဖြစ်ဖို့ အလားအလာများစေပါတယ်။ တနေ့ကို အချိုရည်သံဗူး၁ဗူးသောက်လျှင် ၁နှစ်ဆိုရင် ၁ကီလိုမှ ၇ကီလိုအထိ ဝိတ်တက်စေပါတယ်။

ဝက်အူချောင်း
လတ်တလောဥရောပပညာရှင်တယောက်ရဲ့ လေ့လာသုံးသပ်ချက်အရ ဝက်အူချောင်း၊ ကြက်ဥချောင်းစသည်တို့ဟာ အူမကြီးကင်ဆာဖြစ်နိုင်ချေများကြောင်း၊  တာရှည်ခံပစ္စည်းနိုက်ထရိုက်ထည့်သွင်းထားသဖြင့်  ၄င်းတို့မှာ ကင်ဆာဖြစ်စေနိုင်တဲ့ (N-nitroso compounds) အသွင်ပြောင်းလဲသွားကြောင်း သိရပါတယ်။ များသောအားဖြင့် အဆီများတဲ့အသားများဖြင့် ပြုလုပ်ထားပြီး ဓာတုပစ္စည်းများနဲ့ အခြားဖြည့်စွက်ပစ္စည်းပေါင်းစပ်ထားသောကြောင့် အသည်းဟာ ၄င်းတို့ရဲ့ အဆိပ်အတောက်ကို ဖယ်ရှားပစ်ဖို့ အလုပ်များစွာလုပ်ရပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့ အဂါင်္ံအစိတ်အပိုင်းများဟာ ကောင်းမွန်စွာအလုပ်မလုပ်နိုင်တော့ပေ။

ကော်ဖီ
ကာဖင်းဓါတ်ဟာ စိတ်ဖိစီးမှုဟော်မုန်း (Stress hormones)ကို မြင့်တက်စေပြီး ကော်ဖီသောက်ပြီးနောက် နာရီပေါင်းများစွာကြာအောင် ပုံမှန်မဟုတ်ဘဲ မြင့်မားနေပါတယ်။ အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေတဲ့ကြီးမားတဲ့အချက်က ကော်တီဆော (Cortisol)လို့ခေါ်တဲ့ အစွမ်းထက်စိတ်ဖိစီးမှုဟော်မုန်းပဲ ဖြစ်တယ်။ ကော်တီဆောပမာဏများရင် ကြွက်သားများ အားနည်းလာပါတယ်။ ထို့အတူ ကာဖင်းဓါတ်များရင်လည်း ရေဓါတ်ဆုံးရှုံးစေပါတယ်။

အာလူးချောင်းကြော်
အပူချိန်ပြင်းပြင်းနဲ့ ကြော်ထားတဲ့အတွက် အဆီပါတဲ့(Trans-fat) အသွင် ပြောင်းလဲသွားပါတယ်။(Trans-fat)များတဲ့ အစာများများစားရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် (Palm oil)ဆီကို သုံးရင်တော့  (Trans-fat)အဖြစ် မပြောင်းစေနိုင်ပါဘူး။


သကြားဓါတ်များတဲ့ မုန့်ညက်မုန့်  
သကြားများတဲ့အတွက် လူကိုဝစေနိုင်တယ်။ အဆိုးဆုံးကတော့ (Trans-fat)ပါတဲ့ hydrogenated oilsနဲ့ ပြုလုပ်ထားသဖြင့် နှလုံးရောဂါ ဖြစ်ေ စနိုင်ပါတယ်။ 
၎င်းဟာ သွေးထဲရှိ ကောင်းမွန်တဲ့ ကိုလက်စထရောကို လျော့နည်းစေပြီး မကောင်းတဲ့ ကိုလက်စထရောကို များစေပါတယ်။ သကြားနဲ့(Trans-fat)ပေါင်းစပ်ထားသဖြင့် အသည်းနဲ့ ပန်ကရိယက ခန္ဓာကိုယ်ထဲရှိ  ( Free radicals)နဲ့ အလုပ်များစွာလုပ်ရပါတယ်။ ( Free radicals)တွေကို တိုက်ထုတ်ဖို့ Antioxidantsတွေ လိုအပ်ပါတယ်။ အကယ်၍ ( Free radicals)တွေကို တိုက်ထုတ်ဖို့ anti-ageing foodsကို အလုံအလောက်မစားနိုင်ပါက အရွယ်မတင်ဘဲ ရောဂါဖြစ်နိုင်ချေများပါတယ်။


နီရဲတဲ့အသား
၎င်း၌ တစ်ရှူးပြုပြင်ထိန်းချုပ်ဖို့ အရေးပါတဲ့ ပရိုတိန်းပါဝင်ပါတယ်။ သို့သော် တိရစ္ဆာန်များရဲ့ ပရိုတိန်းဓါတ် များလွန်းပါက အရိုးမှ ကယ်လစီယမ်ကို ဆုံးရှုံးစေပြီး အရိုးပွရောဂါဖြစ်လွယ်စေနိုင်ပါတယ်။ သက်လတ်ပိုင်းအရွယ်များ ပရိုတိန်းများများစားပါက အဆစ်အမြစ်များ ရောင်ရမ်းနိုင်ကြောင်း လေ့လာသိရှိရပါတယ်။

ဆန်ဖြူနဲ့ပေါင်မုန့်ဖြူ  

၎င်းတို့၌(Fibre)ခေါ် အမျှင်ဓါတ်မပါသဖြင့် ကာဗိုဟိုက်ဒရိတ်များလျင်မြန်စွာ ပြိုကွဲပြီး ဂလူးကို့စ်အဖြစ် သွေးထဲအလျင်အမြန် ရောက်ရှိကာ သွေးထဲ သကြားပမာဏ တဟုန်ထိုး မြင့်မားစေပါတယ်။ ထိုအခါ အရွယ်ရင့်စေတဲ့ ဆဲလ်ပြောင်းလဲမှုများ အရှိန်မြင့်တက်လာပြီး နာတာရှည်ရောဂါဝေဒနာများဖြစ်တဲ့ ဆီးချို၊ သည်းခြေ၊ နှလုံး၊ အယ်ဇိုင်းမား(ခေါ်)မှတ်ဥာဏ်ချို့ယွင်းတဲ့ဝေဒနာနဲ့ အခြားကင်ဆာအမျိုးအစားများ ဖြစ်နိုင်ဖို့ အလားအလာများစေပါတယ်။


ဒါကြောင့် အစားအစာများကို နှိုင်းချိန်စွာ စားသုံးပြီး အာဟာရဖြစ်စေမယ့်ဟာကို များများရွေးချယ်စားသုံးခြင်းဖြင့် နုပျိုလှပကျန်းမာနိုင်ကြပါစေ။

2 comments:

ဘရဏီ said...

ဟင် အကုန်လုံးကနာကြိုက်နဲ့ ဟာတွေကြည့် ပါလားနော်။လျှော့ စားမှ။
မရည်မွန်ရေကျေးဇူးဘဲ နော် ။

San Yin Mon said...

ဟင်ဟုတ်ပါ့။ ဒါပေမယ့် တခါတလေစားတာ ဘာမှ မဖြစ်ပါဘူး။ နူပြီးသားပဲ။ ဟဲ ဟုတ်ပါဘူး။ နုပြီးသားပါ၊ :)