Saturday, August 13, 2011

လေးလံတဲ့ကျောင်းလွယ်အိတ်

ကလေးများဟာ နေ့စဉ်နဲ့အမျှ  လေးလံတဲ့လွယ်အိတ်၊ ကျောပိုးအိတ်တွေ လွယ်ပြီး ကျောင်းတက်နေကြပါတယ်။ ဒါကြောင့် အဆိုပါလေးလံတဲ့ဝန်ဟာ သူတို့တွေရဲ့ ကြီးထွားမှုကို နှောင့်နှေးစေပြီး ကျောရိုးကွေးမှာကို လူကြီးတွေ စိုးရိမ်နေကြပါတယ်။
သာမန်အားဖြင့် လူတယောက်ဟာ သူတို့ကိုယ်အလေးချိန်ရဲ့ ၂၀-၂၅ရာခိုင်နှုန်းထက် ပိုမိုပြီး လေးလံတဲ့အိတ်ကို မသယ်ရပါဘူး။ တဘက်တည်းကို မလွယ်ဘဲ ပခုံး၂ဖက်ညီညီမျှမျှ လွယ်ရပါမယ်။


လေးလံတဲ့အိတ်က အမှန်တကယ်တော့ လူကြီးတွေစိုးရိမ်သလို ကလေးတွေရဲ့ ကျောရိုးကို မကွေးစေနိုင်သလို ကြီးထွားမှုကိုလည်း မနှောင့်နှေးစေနိုင်ပါဘူး။ ဒါပေမယ့် ခါးနာရောဂါဝေဒနာကို ဆိုးရွားစွာဖြစ်ပေါ်စေနိုင်ပါတယ်။ ခါးနာမှုဝေဒနာသက်သာစေဖို့ ထရော်လီအိတ်(တွန်းလို့ရတဲ့ လက်ကိုင်ပါတဲ့အိတ်)ကို အသုံးပြုပါ။ ဒါမှမဟုတ်ရင် လေးတဲ့စာအုပ်တချို့ကို ကျောင်းရဲ့ လော့ကာထဲမှာ သော့ခတ်ထားခဲ့ပါ။





2 comments:

မေသိမ့်သိမ့် ကျော် said...

မြန်မာပြည်ကကလေးတွေ စာအုပ်တွေ အများကြီးသယ်နေကြရတာတော့ တွေ့နေရတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အခုချိန်ထိ ထရော်လီအိတ်တွေသိပ်မသုံးကြသေးဘူး။ မြင်ကို မမြင်ဖူးသေးတာ။ တခြားနိုင်ငံတွေမှာတော့ ဘီးလေးတွေပါတဲ့ အိတ်တွေသုံးနေကြတာတွေ့ဖူးတယ်။ အများကြီး လုပ်ဖို့လိုသေးတယ်။ ကျောင်းဆောင်ဆီသွားတဲ့ လမ်းတွေ ၊ သယ်ယူပို့ဆောင်ရေး စသည်ဖြင့်ပေါ့။
ဗဟုသုတရစရာလေးတွေ လာဖတ်သွားပါတယ်ရှင်။


ခင်တဲ့

San Yin Mon said...

Thank you for visiting my blog.Yes,the students in our country are very pity to carry such heavy bags!