Saturday, June 11, 2011

မွေးကင်းစကလေးငယ်ကို စွန့်ပစ်တဲ့အိမ်ဖော်

စင်ကာပူနိုင်ငံ ယူနွတ်မြို့ အပေါ်ဆုံးထပ်ရှိ ဥယျာဉ်အတွင်း၌ အင်ဒိုနီးရှားအိမ်ဖော်က သူမရဲ့မွေးကင်းစကလေးငယ်ကို စွန့်ပစ်မှု၊ စင်ကာပူ၌ ရက်ပေါင်း၂၇၃ရက်ကြာ ရက်လွန်နေထိုင်ခဲ့မှုတိုကြောင့် ထောင်ဒဏ်၁၀ပတ်နဲ့ ဒဏ်ကြေးငွေ စင်ကာပူဒေါ်လာ၂၀၀၀ ပေးဆောင်ရပါတယ်။

အသက်၂၇နှစ်အရွယ် အင်ဒရီရာနီဟာ ဧပြီလ၁၈ရက်နေ့က စင်ကာပူနိုင်ငံ ယူနွတ်ခရီးစန့်ရှိ အထပ်ပေါင်းများစွာရှိသော ကားပါကင်၌ သူမရဲ့ကလေးငယ်ကို စွန့်ပစ်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်မိခဲ့ပါတယ်။ ကလေးငယ်ရဲ့ပါးစပ်မှာ ရွံ့၊သစ်ရွက်ခြောက်များနဲ့ ပြည့်နှက်နေပြီး အချင်းတန်းလန်းတွဲလျက်ရှိပါတယ်။ စွန့်ပစ်တဲ့နေ့မှာ ပင်စင်စားဂန်ထမ်းတယောက်ဟာ ကလေးငယ်ကို အသက်ရှင်လျက်တွေ့ရပါတယ်။

တရားရုံး၌ ကြားနာစစ်ဆေးချက်အရ သူမဟာ မနှစ်ကမတ်လ၌ အိမ်စေအလုပ်သမားအဖြစ် စင်ကာပူသို့ ရောက်ရှိလာကြောင်း သိရပါတယ်။ ဇူလိုင်လမှာ သူမရဲ့အလုပ်ရှင်အိမ်မှ ထွက်ပြေးလာပြီး ပြည့်တန်ဆာလုပ်ငန်းဖြင့် အသက်မွေးဂမ်းကြောင်း ပြုလျက်ရှိပါတယ်။ အောက်တိုဘာလမှာ အဖေမည်သူမည်ဝါမှန်းမသိဘဲ ကိုယ်ဂန်ရှိကြောင်း  သိရှိရပါတယ်။

ဧပြီလ၁၈ရက်နံနက်၂နာရီခန့်မှာ ကလေးငယ်ကို မီးဖွားပြီး ၁၀စင်တီမီတာအကျယ် တွင်းတူးကာ ကလေးငယ်ကို  မြေမြှုပ်နှံခဲ့ပါတယ်။ ဧပြီလ၂၄ရက်နေ့မှာ ယူနွတ်အမ်အာတီဘူတာရုံအနီး၌ သူမကို ဖမ်းဆီးရမိခဲ့ပါတယ်။

စိတ်ကျန်းမာရေးသင်တန်းကျောင်းရဲ့ လေ့လာသုံးသပ်ချက်များအရ ကလေးငယ်ကို စွန့်ပစ်တဲ့အချိန်က သူမမှာ စိတ်ကစဉ်ကလျားဂေဒနာကို ခံစားနေရကြောင်း တွေ့ရှိရပါတယ်။ လတ်တလော၌ ကလေးငယ်ကို မိဘမဲ့ကလေးများ ထိန်းသိမ်းရေးဌာန၌ ပြုစုစောင့်ရှောက်ထားပါတယ်။

No comments: